Unicode
Perth ထိုနေရာ၌ သိပ်တော့မစောင့်လိုက်ရပေ။Saint ထွက်သွားပြီး ခဏကြာတော့ ချစ်ဖို့ကောင်းလှသည့်ကောင်မလေးလက်ကိုတွဲကာ Ohm တစ်ယောက် Perth ရှေ့ရောက်လာသည်။
စိတ်ရှိတိုင်းသာဆို အဲ့ကောင်မျက်ခွက်စုတ်ပြတ်နေအောင်ဆွဲထိုးလိုက်ပြီဆိုပေမယ့် အခုတော့ဘေးနားတွင်ကောင်မလေးလည်းပါနေသဖြင့် ဒေါသတို့ကို လက်သီးတွင်သာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"Saint ရော"
"မင်းစာအုပ်လာယူတာမလား ရော့ ငါသွားပြီ"
Ohm ရင်ဘတ်ထဲ စာအုပ်ကိုဆောင့်ထည့်ပေးကာထွက်လာဖို့ပြင်ပေမယ့် Ohm ဆိုတဲ့ကောင်ကတော့ ကိစ္စကိုရှည်ချင်နေသေးသည့်ပုံ။
"Perth Tanapon နေဦး"
Perth ခြေလှမ်းတို့ရပ်တန့်သွားသည်။
ငါ့နာမည်ကိုသိနေတယ်..
Ohm ကို Saint နဲ့ပက်သက်ပြီးသိတာဆိုတော့ Saint ပြောပြထား၍သာဖြစ်မည်ဟူသောအတွေးဖြင့် အပိုတွေမတွေးတော့ပဲ ပြန်လှည့်ကြည့်မိသည်။
"ဘာလဲ မင်းနဲ့ငါ့ကြားပြောစရာဘာမှမရှိဘူး"
"Saint အကြောင်းဆိုရင်ရော"
Ohm သူ့ဘေးနားကကောင်မလေးကိုသွားတော့ဆိုကာ အချက်ပြလိုက်တော့ ကောင်မလေးကချက်ချင်းပင်လှည့်ထွက်သွားသည်။
"Saint ကငါ့ကိုတောင်မစောင့်တော့ဘူးပေါ့"
ပြုံးစစမျက်နှာဘေးနဲ့ ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ကာ ပြောလာသူကို Perth စိုက်ကြည့်နေလိုက်သည်။
"မင်းဘာလို့သူ့ကို ကစားနေတာလဲ သူမင်းကိုတကယ်ချစ်နေတာ သူ့ခံစားချက်တွေကို အရူးမလုပ်စမ်းနဲ့"
Ohm ကပုခုံးတွန့်ပြကာ ရယ်သည်။
"ငါလည်း မတတ်နိုင်ဘူး ငါဘာမှမလုပ်ပဲနဲ့တောင် သူ့ဘာသာလာကပ်တွယ်နေတော့ ငါလဲအပျင်းပြေတာပေါ့ ခိုင်းရင်လဲ အကုန်လုပ်ပေးသေး ငါလျစ်လျူရှုထားရင်လဲ တစ်ယောက်တည်းကြိတ်ငိုနေတတ်သေးတာမလား ရူးပါ့ကွာ ဟားဟား"
ခွပ် !!
စကားနှင့်တုန့်ပြန်ဖို့ထက် လက်ကအရင်ရောက်သွား၏။တစ်ချက်ဆို ဆိုသလောက်ပြင်းသည့် Perth လက်သီးက Ohm ကိုနောက်သို့ယိုင်သွားစေသည်။
![](https://img.wattpad.com/cover/187906857-288-k45648.jpg)
YOU ARE READING
Be My Boyfriend(Completed)
Romanceတစ်ဖက်သတ်အချစ်ကို ခံစားဖူးကြလား.. ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းကို တစ်ဖက်သတ်ချစ်ဖူးကြလား.. လူတစ်ယောက်ကို တစ်ဖက်သက်မြတ်မြတ်နိုးနိုးချစ်ရခြင်းက ရင်ခုန်ဖို့လဲကောင်းသလို နာကျင်စရာအခိုက်အတန့်တွေလဲရှိတယ် သို့သော် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူမှာ သူချစ်ရတဲ့...