Unicode
ဆေးခန်းအဝတွင် ငြိမ်ငြိမ်လေးရပ်စောင့်နေကြသူနှစ်ယောက်မှာ တိတ်ဆိတ်နေလျက် Saint ကအသံတိတ်ငိုနေလေသည်။တစ်ခါမှတောင် မစဥ်းစားဖူးတဲ့လုပ်ရပ်မျိုးကို သူလုပ်လိုက်မိသည်။ရင့်ရင့်သီးသီးစကားတွေက Perth ဆီကထွက်လာနေသည်ကို မခံနိုင်၍ အလိုလျောက်တုန့်ပြန်လိုက်မိခြင်းပင်။သို့သော် ထိုမျှလောက်ပြင်းထန်သွားလိမ့်မည်လို့တော့ မထင်ထားခဲ့ပါ။
သိပ်မကြာလိုက် ဆရာဝန်ကြီးထွက်လာတာကြောင့် Saint တို့ကိုယ်လေးတွေမတ်သွားတော့သည်။
"လူနာရှင်တွေမလား"
"ဟုတ်ကဲ့"
"လူနာက ဖူးတာရောင်တာလောက်ပါဘဲ ဆေးသေချာလိမ်းရင်ပျောက်သွားမှာပါ ဒဏ်ရာတော့များတယ် အကိုက်အခဲပျောက်ဆေးတွေသောက်ရလိမ့်မယ် ဆရာနဲ့လိုက်ခဲ့ ကောင်တာမှာဆေးထုတ်ပေးမယ်နော်"
"ဟုတ်ကဲ့ပါ ဆရာ.. Saint မင်းသူ့ကိုသွားကြည့်လိုက် ငါဆေးသွားယူလိုက်မယ်"
Mean ဆရာဝန်ကြီးနောက်လိုက်သွားမှ Saint အခန်းထဲဝင်သွားလိုက်သည်။ကုတင်ပေါ်မှာ လှဲလျောင်းနေသည့် Ohm မှာသွေးတွေတိတ်သွားမှ မျက်နှာတစ်ခုလုံးဟာ အညိုအမည်းဒဏ်ရာတွေကပိုလို့ပေါ်လာခဲ့သည်။
"Ohm အရမ်းနာနေလား"
ကုတင်ဘေးနားသွားကာ ဒဏ်ရာတွေကို မသက်မသာကြည့်ရင်းမေးတော့ Ohm ကပြုံးပြလေသည်။
"ဒဏ်ရာတွေနဲ့က ကိုယ်ပါ မင်းကငိုတော့မယ့်ပုံနဲ့"
"ငါတောင်းပန်ပါတယ် Ohm"
"မင်းက ဘာအမှားလုပ်လို့လဲ Saint ရာ ကိုယ့်ကိုထိုးတာ Perth လေ သူကပဲတောင်းပန်သင့်တာ သူမတောင်းပန်ရင် ကျောင်းကိုတိုင်လိုက်ရုံပဲ ဒီဒဏ်ရာတွေလောက်သာဆို အဲ့ကောင် ကျောင်းနားခံရမှာ"
Saint မျက်လုံးလေးတွေမှာ အဝိုင်းသားဖြင့် Ohm ကိုကြည့်လာတော့သည်။
"Ohm ငါ.. ငါကပဲတောင်းပန်ပါတယ် အဲ့လိုမလုပ်ပါနဲ့နော် Perth ကမင်းငါ့ကို အနိုင်ကျင့်နေတယ်ထင်လို့ အဲ့လို.. အဲ့လိုလုပ်လိုက်တာပါ မတိုင်ပါနဲ့နော် Ohm"
Ohm ရဲ့မျက်ခုံးတွေဟာပင့်သွားရင့် Saint ကိုစူးစိုက်ကြည့်လာပြန်တော့ အနေမတတ်ဖြစ်ရသူမှာ Saint ပင်။
YOU ARE READING
Be My Boyfriend(Completed)
Romanceတစ်ဖက်သတ်အချစ်ကို ခံစားဖူးကြလား.. ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းကို တစ်ဖက်သတ်ချစ်ဖူးကြလား.. လူတစ်ယောက်ကို တစ်ဖက်သက်မြတ်မြတ်နိုးနိုးချစ်ရခြင်းက ရင်ခုန်ဖို့လဲကောင်းသလို နာကျင်စရာအခိုက်အတန့်တွေလဲရှိတယ် သို့သော် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူမှာ သူချစ်ရတဲ့...