Unicode
Perth တံခါးကိုဆောင့်ပိတ်ကာ အဆောင်အောက်ကိုပြေးဆင်းလာခဲ့သည်။အဆောင်အောက်တွင် ချုပ်တည်းထားရသည့် စိတ်တွေကိုလွှတ်ပေးကာ စိတ်ရှိတိုင်းပင် မြက်ခင်းပြင်တွေကို ကန်နေတော့သည်။
"Saint ရာ.. မင်းလည်းငါ့လိုခံစားနေရတာပဲမလား ဘာလို့.. ဘာလို့ဒီခေါင်းစဥ်အောက်မပြောင်းမလဲရှိနေသေးရတာလဲ ငါ့ဘက်ကစပြောချင်ခဲ့ပါတယ် ဒါပေမယ့် မင်းငြင်းလိုက်ရင်ဆိုတဲ့စိတ်ကြီးက ငါ့ကိုဖွင့်မပြောနိုင်အောင်တားနေတာ ငါ..ငါဘာဆက်လုပ်ရမှာလဲကွာ"
Perth အဆောင်နဲ့ဝေးရာကိုပြေးထွက်လာခဲ့တယ်။ လမ်းသာလျှောက်နေတာ ခြေလှမ်းတွေကမမှန်ချင်တော့ပေ။အကြိမ်ပေါင်းများစွာ ဒီစကားလုံးကို သူကြားခဲ့တယ်။ကြားရသည့်အချိန်တိုင်းမှာလဲ နာကျင်ရသည့် ခံစားချက်ကလျော့မသွား။တစ်ဖက်သတ်အချစ်ပေါင်းများစွာထဲကမှ ကိုယ့်အချစ်ဆုံးသူငယ်ချင်းကိုမှ ချစ်မိတဲ့ဒုက္ခက သေးတော့မသေးပေ။
အခန်းထဲခွေယိုင်လဲကျခဲ့သူမှာတော့ ထိုအတိုင်းသာ မလှုပ်မယှက်လေးဖြင့် ကျန်နေခဲ့ရသည်။သူပင်ဘာမှဆက်မပြောရသေးခင် ဒေါသတကြီးထွက်သွားသော Perth ကြောင့် လူက ဟင်ခနဲ။
Perth.. Perth.. မင်းက ငါပြောတာကိုဖြင့်ဆုံးအောင်နားထောင်မသွားဘူး ဒီက Boy friend လို့ပြောမလို့ဟာကို အစုတ်ပလုတ်ကောင် တွေ့မယ် တွေ့မယ် သူများစကားကိုဆုံးအောင်နားမထောင်တဲ့မင်းကို ကောင်းကောင်း သင်ခန်းစာပေးပြမယ်။
Saint ထကာ Mean တို့အခန်းဘက်ထွက်ခဲ့လေသည်။ဒီဇာတ်ကို သူတစ်ယောက်တည်းက၍မနိုင်တော့ပေ။
"Mean ငါဝင်လာပြီနော် ပြောစရာ.. အားးး!!!!"
"ဟာ ဟိတ်ကောင် ပြန်ထွက်ပြန်ထွက်!!"
Saint တံခါးဆွဲဖွင့်ကာဝင်သွားတော့ Mean ကအင်္ကျီကျွတ်ကြီးနဲ့ Plan ကိုအပေါ်မှတက်ခွကာချုပ်ထားလေသည်။မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သွေးတောင်ဆောင့်တက်သွားသလိုပင်။
ဒီကောင်တွေကတော့ တကယ့်ကောင်တွေ။
"Saint ရပြီ ဝင်လာခဲ့"
Saint လည်းတုန်တုန်ယင်ယင်နဲ့ တံခါးကိုအသာဟကာ ခေါင်းအရင်ပြူကြည့်ပြီးမှ နှစ်ယောက်သား ကုတင်တွင်ကောင်းကောင်းမွန်မွန်ထိုင်နေတာ သေချာကာမှ ဝင်သွားလေသည်။
YOU ARE READING
Be My Boyfriend(Completed)
Romanceတစ်ဖက်သတ်အချစ်ကို ခံစားဖူးကြလား.. ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းကို တစ်ဖက်သတ်ချစ်ဖူးကြလား.. လူတစ်ယောက်ကို တစ်ဖက်သက်မြတ်မြတ်နိုးနိုးချစ်ရခြင်းက ရင်ခုန်ဖို့လဲကောင်းသလို နာကျင်စရာအခိုက်အတန့်တွေလဲရှိတယ် သို့သော် ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူမှာ သူချစ်ရတဲ့...