Part 4

1.9K 167 25
                                    

Unicode

မနက်ခင်းနေရောင်ခြည်လေးက ပြတင်းပေါက်မှတစ်ဆင့်ဖြတ်ဝင်ကာ Saint မျက်နှာပေါ်ကျရောက်နေလေတော့ အအိပ်မက်သော ကောင်လေးမှာ မျက်ခွံပေါ်က နေရောင်စူးစူးကြောင့် မျက်ခုံးတွေတွန့်ချိုးရင်း နိုးလာလေသည်။

အိပ်ချင်မူးတူးနှင့်ထထိုင်ကာ မျက်လုံးအသာပွတ်ရင်း Perth ကုတင်ဘက်သို့လှမ်းကြည့်တော့ သပ်ရပ်စွာခေါက်သိမ်းထားတဲ့ ကုတင်လွတ်ကိုသာတွေ့လိုက်ရသည်။

အစောကြီးများ ထပြေးနေတာလား..

အားကစားလုပ်ရတာသဘောကျသည့် Perth ကမနက်စောစောတိုင်း ဘောလုံးကွင်းတစ်ပတ် ပတ်ပြေးတတ်သည့်အကျင့်ကြောင့် ဘော်ဒီကလဲ မိုက်သည်။အဆီပိုမရှိသည့် ဗိုက်ကြွက်သားတွေကလဲ ကျောင်းအင်္ကျီပါတာတောင် တောင့်တင်းနေပုံပေါ်သည်။ထို့နောက်ရင်အုပ်ကျယ်ကျယ်တစ်ခု..

Saint ခေါင်းအုံးလေးလှမ်းယူကာ ပိုက်ထားရင်း ညကအကြောင်းတွေပြန်တွေးနေမိသည်။

Perth ရင်ခွင်ထဲဝင်သွားသောအချိန်..
Perth မျက်နှာနဲ့အရမ်းနီးကပ်နေသည့်အချိန်များကို
Saint တွေးရင်းပြုံးနေမိသည်။

ပြီးမှ သူ့ဟာသူ သူခိုးလူမိသလို စပ်ဖြဲဖြဲလေးဖြစ်ကာ ခေါင်းကုပ်ရင်း အခန်းထဲဝေ့ဝဲကြည့်မိသည်။

ဘယ်သူမှမရှိလို့ပေါ့ ငါကိုကလဲ ဘာတွေတွေးနေမိတာလဲကို မသိဘူး ကျစ်!

ကုတင်ပေါ်တွင် ထိုင်နေရာမှ ထကာရေချိုးခန်းထဲဝင်၍ကျောင်းသွားရန်သာပြင်ဆင်နေမိသည်။

Saint အကုန်အဆင်သင့်ဖြစ်၍ သွားဖို့ပြင်နေသည့်တိုင် Perth ကပြန်ရောက်မလာသေးပေ။

Saint ဖုန်းထုတ်ကာ Perth ကိုလှမ်းဆက်ကြည့်သည်။

ဖုန်းဝင်သံ အနည်းငယ်ကြာသွားမှတစ်ဖက်ကထူးသံထွက်လာ၏။

"ဟယ်လို Saint"

"အင်း Perth ကျောင်းချိန်နီးနေပြီလေ ဘယ်မှာလဲ"

"ငါကျောင်းကိုရောက်နေပြီ"

Saint မျက်မှောင်လေးကျုံ့ကာ အနည်းငယ် အလိုမကျဖြစ်သွား၏။

"ဘာလို့ ငါ့ကိုမစောင့်တာလဲ တူတူသွားမှာကို"

"မစောင့်တာမဟုတ်ပါဘူး ငါလူတစ်ယောက်နဲ့လာတွေ့တာမို့လို့"

Be My Boyfriend(Completed)Where stories live. Discover now