Part 14

2.1K 195 52
                                    

Unicode

နောက်တစ်နေ့မနက်တွင် Saint တားနေသည့်ကြားကပင် Perth တစ်ယောက် ကျောင်းကိုမရမကလိုက်လာလေသည်။

"Perth နေမကောင်းဘူးမလား ဘာလို့ကျောင်းလာတာလဲ Saint မင်းကလည်းပေးလာရလား နည်းနည်းပါးပါးပြောလေ"

Pond စကားကြောင့် Saint မှာ Perth ကိုမျက်စာင်းတစ်ချက်လှမ်းပစ်ထိုးလိုက်ကာ ပုခုံးကိုလဲဖြန်းခနဲတစ်ချက်ချထည့်လိုက်တော့သည်။

"တွေ့လား အပြောခံရပြီ ငါပြောသားပဲ နားပြီးနေခဲ့ပါဆို"

"ငါနေကောင်းနေပါပြီကွာ အဖျားလည်းအဲ့လောက် ရှိတာမဟုတ်ဘူး ထားလိုက် စာတွေနောက်ကျကုန်မှာစိုးလို့ "

"စာတွေနောက်ကျမှာစိုးလို့လား တစ်ယောက်သောသူကို စိတ်မချလို့လား ဟိတ်​ကောင်"

ပါလေရာ ငါးပိချက်ဆိုတဲ့အကောင်ဟာ နာမည်နဲ့လိုက်အောင် သူများကိစ္စလဲဝင်ဝင်ပါရမှသဘောကျပုံရသည်။သူဝင်ပါတာ အကြောင်းမဟုတ်ပေမယ့် သူပြောလိုက်တဲ့ စကားက Saint ရော ကျွန်တော်ပါ နေရထိုင်ရခက်သွားသည်။အခုအခြေအနေမှာ နှစ်ယောက်လုံးက ခံစားချက်ကိုယ်စီရှိမှန်းသိသော်လည်း ဖွင့်ဟမပြောရသေးတဲ့အခြေအနေမလား.. ဆိုတော့ကာ ရှက်တာပေါ့။

"အမယ် အမယ် နှစ်ကောင်လုံး မျက်နှာကြီးတွေရဲလို့ ခွီး"

"ခွေးကောင် Pond မင်းပါးစပ်ကိုပိတ်လိုက်တော့"

"မပိတ်ပါဘူး နှစ်ယောက်သားရှက်နေကြတာ ကြည့်အုန်း မင်းတို့ကွာ ချစ်ရင်ချစ်တယ်ပြောလိုက်ရှင်းနေတာကို"

"ပြောလေကဲလေ ဒီကောင်ကတော့ ကဲဟာ"

​Perth လှမ်းဆောင့်ကန်ချလိုက်တော့ ကန်တင်းထိုင်ခုံပေါ်မှ ပြုတ်ကျသွားသော Pond မှာတော်တော်အီစိမ့်သွားသည့်ပုံစံပင်။

"သေပါပြီကွာ အဆင်ပြေစေချင်လို့လဲပြောရသေးတယ် ကန်ချရလား"

"ပါးစပ်ပိတ်ထား"

Perth Saint ကိုလှမ်းကြည့်တော့ ရှက်လွန်း၍လားမသိ မျက်နှာလေးကနီရဲနေသည်။ဒီစကားဝိုင်း ပိုနေရမခက်စေရန် Perth ကပဲ စကားလမ်းကြောင်းလွှဲလိုက်ရသည်။

Be My Boyfriend(Completed)Where stories live. Discover now