Part 15

2.1K 219 54
                                    

Unicode

"Saint!! Plan!! ထတော့ ထတော့ ရောက်နေပြီ ဖူးခတ်ကို"

အနောက်ခန်းမှာ တစ်ယောက်ပေါ်တစ်ယောက်မှီအိပ်နေရာမှ မျက်လုံးလေးတွေပွတ်ရင်းနိုးလာကြလေသည်။

"ရောက်ပြီလား မြန်လိုက်တာ"

"မြန်မှာပေါ့ အိပ်နေတာကိုး ငါ့မှာတော့မောင်းလိုက်ရတာ လက်အံတောင်သေတော့မယ် မင်းတို့နှစ်ကောင်က ဘေးကနေ စကားပြောဖော်ရမလား မှတ်တယ် ခလူး ခလော ခလူး ခလောက လွဲလို့ဘာသံမှကို မထွက်ဘူး"

"ဟီး နည်းနည်း အိပ်မောကျသွားလို့"

"ကဲ အိပ်ချင်လဲ အခန်းကိုသွားကြတော့ ဒီမှာသော့ မင်းတို့နှစ်ယောက်အတွက်တစ်ယောက်တစ်ခန်းဆိုပေမယ့် အခုထိ အစီအစဉ်က အထမမြောက်သေးတော့ တူတူနေလိုက်"

Ohm လက်ထဲက သော့ကို Plan လှမ်းယူပြီး အခန်းနံပါတ်ကြည့်နေစဥ် အိတ်တွေသယ်နေသည့် Ohm ကို Saint လှမ်းကြည့်လိုက်သည်။

"ငါတို့တူတူနေတော့ မင်းကတစ်ယောက်တည်းနေနေရမှာပေါ့ Ohm extra ထိုးပြီး သုံးယောက်တူတူနေလဲရတယ်လေ"

"ရတယ် Saint ငါက Nanon နဲ့တစ်ခန်းနေမလို့ ပြင်ထားတယ်"

​အိတ်တွေသယ်ကာ တက်တက်ကြွကြွဖြင့်ထွက်သွားသော Ohm ကိုကြည့်ရင်း Saint နှင့် Plan ပြုံးလိုက်မိသည်။

"Ohm ခုလိုပြောသွားတာ မင်းအရင်လိုသာဆိုငိုနေပြီ ခုကျတော့ ပြုံးလို့ပါလား"

"အင်း ငါ့စိတ်ထဲမှာ Perth ပဲရှိတော့တယ် ငါ Perth ကိုချစ်မိနေတာကိုစောစောထဲကသိခဲ့ရမှာ.. ခုတော့ငါကြောက်နေရတယ် ငါများအသိနောက်ကျသွားပြီလားဆိုပြီး"

"စိတ်မပူပါနဲ့ကွာ သူကမင်းကိုအရမ်းချစ်တာ မင်းလဲသူ့စိတ်ကိုသိတယ်မလား သူကစာအုပ်ကြီးသမား လွယ်လွယ်မပြောင်းလဲတတ်ဘူးလေ သူ့ရင်ထဲမှာမင်းတစ်ယောက်ဘဲရှိနေမှာ"

"စောင့်ကြည့်တာပေါ့ ငါတို့အစီအစဉ်တိုင်းဖြစ်ပါ့မလားဆိုတာ"

"အေးပေါ့ ဒါတော့စောင့်ကြည့်ရမှာပေါ့ကွာ အခုတော့ လာပါ ဝင်ရအောင် ငါနားချင်နေပြီ"

"ဟွန်း မင်းကတစ်လမ်းလုံးအိပ်လိုက်လာပြီး ဘာကိုနားချင်နေသေးတာလဲ"

You've reached the end of published parts.

⏰ Last updated: May 01, 2023 ⏰

Add this story to your Library to get notified about new parts!

Be My Boyfriend(Completed)Where stories live. Discover now