ကံ့ကော်ပန်းနံ့တွေကြား ပိတောက်ပန်းရနံ့တွေ လှိုင်လှိုင်တိုးဝင်လာပြီး လေပြေတချက်ဝှေ့တိုင်း တလှုပ်လှုပ်ကြွေကြနေတဲ့ ပိတောက်ရွက်ကြွေတွေကြားထဲမှ အိမ်ဖြူလေးဟာ တရွေ့ရွေ့ ထွက်ခွာသွားတဲ့ ကားလေး အနောက်မှာ အမှတ်တရများစွာနဲ့ ကျန်ရစ်ခဲ့လေပြီ။
မနက်ဖြန်မှာ ဖြစ်လာမယ့် အကြောင်းတွေကို ဒီနေ့တည်းက မသိချင်သလို ဒီနေ့ဖြစ်လာမယ့် အကြောင်းတွေကို မနေ့က ပူပန်ပြီးလည်း မတွေးခဲ့ပေ။ တတ်နိုင်သမျှ ဂျီမင်းမေ့လို့ထားပေမယ့် လာမည့်ဘေးကတော့ ရှောင်တိမ်း၍မလွတ် ရင်ဆိုင်ရမည်သာ။ ဘာကြောင့်များလဲ...။သူနှင့် ဂျောင်းကုကီကို ဒီလို အပန်းဖြေခရီးထွက်ဖို့ တစ်ညအိပ်ခွင့်ပြုခဲ့သည့် နောက်ကွယ်က အကြောင်းအရင်းများကိုသိချင်မိသည့်စိတ်က ခဏခဏ အတွေးထဲ ရောက်လို့နေပြန်သည်။ ဘယ်လိုဘဲ ဖြစ်ဖြစ် Jeon အိမ်တော်ကို ပြန်ရောက်လျှင်တော့ သူသည် ဝိုင်အရသာ ကောင်းကောင်းများကို ဖန်တီးပြီး စပျစ်ခြံကို စောင့်ရှောက်တဲ့ Jeonအိမ်တော်ရဲ့ အားအထားရဆုံး လူယုံ တစ်ဦးသာသာပါ။ဒီလိုနဲ့..သူတို့ကားလေးဟာ ညနေစောင်းမှာတော့ ဂျီမင်း ခင်တွယ်ရာ စပျစ်တွေခြံရံတဲ့ ခြံကြီးဆီ ချဉ်းကပ်လို့ ရောက်ခဲ့တော့သည်။ အိမ်ကြီးရဲ့ ဆင်ဝင်အောက် အိမ်မကြီးတံခါးဝမှာ အပြုံးချိုချိုနဲ့ ဆီးကြိုတဲ့ ဂျောင်းဂုမေမေရယ် ဖေဖေရယ် ဖွားဖွားရယ်..။ ဒီလိုမျိုးလေးက သူအမြဲတောင့်တခဲ့ရတဲ့ မိသားစုလေးကို ရလိုက်သလိုပါဘဲ...။ ကားတံခါးထဲက ထွက်ချင်း အပြေးဆီးကာ ပွေ့ဖက်တဲ့ ဂျောင်းကုမေမေ အန်တီယူဂျင်းကြောင့် ဂျီမင်းခမျာ မနေတတ်ဖြစ်ရသေးသည်။ ဖွားဖွားကတော့ ထုံးစံအတိုင်း အနွေးထွေးဆုံးအပြုံးများဖြင့် သူ့လက်ကလေးကို တဖွဖွကိုင်လို့...။
ဒီမြင်ကွင်းက ဂျောင်းဂုအတွက် ပီတိအဖြစ်ရဆုံးပါဘဲ။ အိမ်မက်လားတောင်ထင်မှတ်ရသလို ဒီလိုလေးဘဲ ဖြစ်နေပါစေလို့ တောင်းဆုတွေ အကြိမ်ကြိမ်ချွေမိပါတော့သည်။ဧည့်ခန်းကြီးရဲ့ ကျွန်းစားပွဲခုံပုလေးပေါ်မှာ သောက်လတ်စ လိမ္မော်ရည်လေး၂ခွက်ရယ် အဖြူရောင်စာအိတ်ကြီးတခုရယ်.။ စားပွဲထိပ်ရဲ့ ဆိုဖာခုံမှာ ဖွားဖွားက ကျက်သရေရှိစွာ ထိုင်ပြီး ကျွန်းခုံရဲ့ တစ်ဖက်မှာတော့ ဂျောင်းဂုနဲ့ သူ့ဖေဖေက ယှဉ်ထိုင်နေရဲ့။ ရောက်တည်းက ဂျီမင်းနားကမခွာဘဲ ခုလည်း လက်ကလေးကို တယုတယကိုင်ကာ အမြတ်တနိုးနဲ့ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ မေမေက ဂျောင်းဂုကို နားလည်ရခက်စေပါသည်။ထိုစဉ် ဖွားဖွားက
"အပန်းဖြေခရီးလေးဆိုတော့ ပင်ပန်းမယ်လည်းမထင်ဘူး ပြီးတော့ ငါ့မြေး၂ယောက်လည်း အတော်လေး ပိုရင်းနှီးခဲ့ကြမယ်လို့ ဖွားထင်တယ်''
ဖွားရဲ့စကားအောက်မှာ မလုံမလဲ ဖြစ်ရတာကို သူတို့၂ယောက်သာလျှင်အသိဆုံးပင်..။
ဒီထက်ပိုပြီး ဂျောင်းဂု မကွယ်ဝှက်ထားချင်တော့ပေ..ဒါကြောင့်မို့ပင်
"မေမေ..''
YOU ARE READING
စတော်ဘယ်ရီ ချစ်သည်းရှင်(Summer Wine)
Romanceသူ့ ယုယမှုသည် ချယ်ရီလိုပင် နူးညံ့လွန်းသည်။ သူ့နှုတ်ခမ်းဖူးဖူးမှ အကြင်နာတွေသည် စတော်ဘယ်ရီလိုပင် ချိုမြိန်လွန်းသည်။ ထို့အတူ သူ့အချစ်တွေသည် ဝိုင်လိုပင် ယစ်မူးစေသည်။