ခြံကြီးထဲမှ ဆူညံသံများကြောင့် ဂျီမင်း အိမ်ပေါ်ထပ် အခန်းပြတင်းဝကနေ လိုက်ကာစကို အသာမရင်း ကြည့်လိုက်သည်။ ပစ္စည်းများရွှေ့ခြင်း လူအများ ဟိုတစ်စု ဒီတစ်စုနှင့် လှုပ်ရှားနေသည်က သဘက်ခါ ကျရောက်မယ့် မဂ်လာပွဲအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ သတို့သားလောင်းကို ခုထိ အရိပ်ပင်မတွေ့ရသော်လည်း မေမေနှင့်အတူ သတို့သမီးလောင်းလေးက စီမံခန့်ခွဲနေကြသည်။
ဘယ်လိုဘဲ သူတောင်းဆိုပါစေ မဖြစ်ဖြစ်အောင် လုပ်မည့် မဂ်လာပွဲက ဆိုးလ်ကို သွားခဲ့စဉ် ရီဆွန်းနဲ့ တွေ့ဆုံပြီးတည်းက သိခဲ့ပြီး ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
(~~~အဲ့လို ကြားထဲက စာတွေက flash backကို ရည်ညွှန်းတာပါနော်~~~)
စားပွဲခုံပေါ်ရှိ လိမ္မော်ဖျော်ရည် တစ်ငုံကို သောက်လိုက်ပေမယ့် ဂျီမင်းရင်ထဲက အပူတွေက ကျမသွားခဲ့။ သူအရှေ့ရှိ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့ ရီဆွန်းကို လောကဝတ်အရ ပြုံးပြဖို့ပင် ဂျီမင်း မေ့လျော့နေသည်။
Cuppuchino ကော်ဖီခွက်ကို ဂနာမငြိမ်စွာ ဖွဖွလေး ကုတ်နေတဲ့ လက်ချောင်းတွေအပြင် ခေါင်းငုံ့ပြီး အကြောင်းအရင်းမရှိ ကော်ဖီခွက်ကို စိုက်ကြည့်နေတဲ့ ရီဆွန်းရဲ့ အပြုအမူတွေဟာ သူ့ကို မျက်နှာမပြဝံ့လောက်အောင် အားနာနေတာဖြစ်မည်။"ရီဆွန်းကို ကိုယ် ပွင့်ပွင့်လင်းလင်း မေးချင်တယ်။
ကိုယ်နဲ့ ဂုကီက ညီအစ်ကို ဆက်ဆံရေးထက် ကျော်လွန်နေတာကို ရီဆွန်း သိထားပြီးသားမလား''"ဟုတ်။ သိထားပြီးသားပါ''
"ရီဆွန်းကို သူမချစ်ဘူး...''
"တောင်းပန်ပါတယ် အစ်ကိုဂျီမင်း..ဘယ်လိုဘဲဖြစ်ဖြစ် ညီမ သူ့ကို ငြင်းပယ်ခွင့်မရှိဘူး''
ဟင့်အင်း တောင်းပန်တာကို ဂျီမင်း မလိုချင်ပါဘူး။ သူသာလျှင် တောင်းပန်ပါရစေ။"ဒါဖြင့်ရင် မှားယွင်းပြီး ကျူးလွန်မိကြလို့လား''
တလောကလုံးမှာ မကြားချင်တဲ့ အဖြေရဲ့ မေးခွန်းကို ဂျီမင်း အရဲစွန့်ပြီး မေးလိုက်သည်။"အဲ့ဒီလို မဟုတ်ပါဘူး အစ်ကိုဂျီမင်း'' သူ့ကို ကြည့်ရင်း ရီဆွန်း ပြာပြာသလဲ ခေါင်းယမ်းကာ ငြင်းသည်။
YOU ARE READING
စတော်ဘယ်ရီ ချစ်သည်းရှင်(Summer Wine)
Romanceသူ့ ယုယမှုသည် ချယ်ရီလိုပင် နူးညံ့လွန်းသည်။ သူ့နှုတ်ခမ်းဖူးဖူးမှ အကြင်နာတွေသည် စတော်ဘယ်ရီလိုပင် ချိုမြိန်လွန်းသည်။ ထို့အတူ သူ့အချစ်တွေသည် ဝိုင်လိုပင် ယစ်မူးစေသည်။