အမှောင်နံရံမှာ ယောင်ရမ်းကာ ရှာဖွေနေမိတယ်
အလင်းပွင့်လေး တစ်ပွင့်ကို မြင်လိုမြင်ငြားပေါ့
အလင်းတန်းသဖွယ်မလိုသလို
အလင်းပွင့်ကြီးသဖွယ်လည်းမလိုအပ်ဘူး
ကြယ်တွေလိုတောက်ပနေပေးဖို့မလိုသလို
လရောင်လိုလင်းထိန်ပေးစရာလည်းမလိုပါဘူး
အဲ..နေခြည်လို နွေးထွေးမှုရှိမှလည်း မဟုတ်ပြန်ပါဘူး
မြူမှုန်သဖွယ် လင်းနေလည်းရတယ်
မီးဖိုက လွင့်စင်ကျလာတဲ့ မီးပွားလေးလောက်ဘဲ နွေးလည်း ဖြစ်တယ်
အဲ့ဒီ မြူတစ်မှုန်စာ အလင်းပွင့်ကလေးက ကိုယ့်အတွက်သာ ဖြစ်တည်ပေး
ဒီအမှောင်တိုက်ကြီးထဲမှာ ကိုယ်ဟာ အပျော်ဆုံးလူသားအဖြစ်နဲ့ အရာအားလုံးကို သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ပါဘဲ.🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဆိုးလ်က ပြန်ရောက်ပြီးတည်းက ဂျောင်းဂုကီရဲ့ အနေအထိုင်တွေက သူနဲ့ ခပ်တန်းတန်းဖြစ်သွားသလို ထင်နေမိသည်။ ဘွားနဲ့ သူကတော့ အရင်တုန်းတည်းက အဘွားရင်းနဲ့မခြား ရင်းနှီးတာမို့ ပြောင်းလဲမှုမရှိပေမယ် အန်တီယူဂျင်း အယ် သူတို့အဆို မေမေပေါ့လေ မေမေက သူနဲ့ ပိုရင်းနှီးဖို့ ကြိုးစားနေတာက သူ့ကိုအနေရခက်စေသည်။ အရင်ဆို ညနေ အလုပ်သမားပြန်လျှင် ဒီအိမ်ကြီးတွင် အိမ်အကူ အန်တီနှင့် သူတို့ မြေးအဖွား ၂ယောက်သာရှိတတ်သည်။ ဂျောင်းဂု လာလည်လျှင်တော့ အားလုံး၎ယောက်ပေါ့။ ဘွားနဲ့ အန်တီကြီးက အောက်ထပ်မှာသာနေပြီး သူနဲ့ ဂျောင်းဂု က အပေါ်ထပ်မှာနေကြတာမို့ သူတို့နှစ်ယောက် အတူရှိချိန်က များလှသည်။ အဲ့ဒါက ဂျောင်းဂုရဲ့ နွေရာသီ ကျောင်းပိတ်ရက်များမှသာ။ ဒါတောင် အန်တီယူဂျင်း အယ်..မေမေက မလွှတ်လျှင် ထိုနွေရာသီပိတ်ရက်များမှ အတူရှိသည့် ရက်အချို့က လျော့သွား တတ်လေသည်။ ဂျောင်းဂုကီ ကျောင်းပြန်တက်လျှင် အလွမ်းများနှင့်သာ ကုန်ဆုံးရင်း နောင်လာမယ့် နွေရာသီ ပိတ်ရက်ကို မျှော်ရပြန်သည်။ ဒီလိုနဲ့ဘဲ သူုဘဝကလေးကို ဖြတ်သန်းလာတာ အသက် ၂၃နှစ်ပင် ပြည့်တော့မည်။ အသက်၇နှစ်အရွယ်တွင် ဦးလေးနှင့်အတူ ဒီခြံကြီးထဲ စပြီး ခြေချဖြစ်ခဲ့သည်။ ၂နှစ်အကြာ အားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်သွားချိန်မှာ ဦးလေးက သူ့ကို အပြီးအပိုင်နှုတ်ဆက်ကာ လောကကြီးထဲကနေ ထွက်သွားခဲ့သည်။ အဘွားက မြေးအရင်းသဖွယ် ဂရုစိုက်ပြီး နွေးထွေးမှုပေး သော်လည်း ဒီအရပ်ကနေ ထွက်သွားဖို့ ဂျီမင်းအမြဲ ကြံရွယ်သည်။ ဒါပေမယ့် ဂျီမင်း တွယ်တာစရာလေး တစ်ခု ရရှိလာခဲ့သည်။ သူ့ဘဝတွင် မတိုင်တည်စဖူး ဘုရားသခင်ကို တိုင်တည်ရင်း ကျေးဇူးတင်ခဲ့ဖူးသည်။ အဲ့ဒါက ရင်ခုန်တတ်စအရွယ်မှာ ဂျောင်းဂုကီကို ချစ်မိခဲ့ခြင်းပေါ့။ ဂျီမင်း ကံကောင်းခဲ့ပါသည်။ သူချစ်ရသော ဂျောင်းဂုကလည်း သူ့ကို ချစ်နေသည်။ ဂရုစိုက်သည်။ ကြင်နာသည်။ သူ့အပေါ်တွင် သစ္စာလည်း ရှိသည်။ အလိုလိုက်ပေးသည်။ သူ့အသက်၉နှစ်မှ စလို့ ဂျောင်းဂုကီသည် နှစ်တိုင်း သူရှိရာ ဒီခြံကြီးဆီ ပြန်လာသည်။ ရက်အကြာကြီးနေတာနှင့် ရက်အနည်းငယ်နေတာကလွဲလို့ သူ့ဆီ နှစ်တိုင်း ပြန်လာခဲ့ပေးသည်။
ငယ်ငယ်က ကစားဖော် ကစားဖက်။
တစ်ခါတစ်ရံတော့ သူ့ကို အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ ကလေး။
ဘွားဘွား သူ့ကို ဆူတဲ့အခါတိုင်း ပစ္စည်းတွေ ကို မတော်တဆ တိုက်ချတတ်တဲ့ ကယ်တင်ရှင်။
ညဘက် အိမ်မက်ဆိုးတွေမက်လို့ ငိုရတဲ့အခါ သူ့မျက်ရည်တွေကို သုတ်ပေးပြီး ထွေးဖက်ကာ အိပ်ပျော်တဲ့အထိ ချော့သိပ်ပေးတဲ့ သူငယ်ချင်းဖက်လုံးလေး။
ချစ်တယ်ဆိုတဲ့စကားကို ပြောခဲ့ပေးတဲ့ သူ့ချစ်သူ။
အနမ်းတွေရယ် နွေးထွေးမှု ပျော်ရွှင်မှုတွေပေးတဲ့ သူ့နှလုံးသားလေးရဲ့ အရှင်သခင်။
နောင်တချိန်မှာတော့...သူ့ရဲ့ အိမ်ဦးနတ်ဘုရားပေါ့
.
.
.ခုတော့ သူ့ညီလေးပါတဲ့... အဟက်
.
.
အားလုံးကို အော်ဟစ်ကာ သတ္တိရှိရှိ ပြောပြလိုက်ချင်ပါသည်။
သူနဲ့ ချစ်သူသက်တမ်း ၁၅နှစ်တာ ချစ်နေတဲ့ ချစ်သူဟာ ဂျွန်းဂျောင်းကုဆိုတဲ့ ဒီကောင်လေးပါလို့။ အခုတော့ သူ့ရဲ့ သတ္တိလေးဟာ ကျေးဇူးတရားနဲ့ သွေးသားတော်စပ်မှု ကြားမှာ ဖိနှိပ်ခံလိုက်ရတာ ပြားပြားကိုဝပ်လို့..။
VOCÊ ESTÁ LENDO
စတော်ဘယ်ရီ ချစ်သည်းရှင်(Summer Wine)
Romanceသူ့ ယုယမှုသည် ချယ်ရီလိုပင် နူးညံ့လွန်းသည်။ သူ့နှုတ်ခမ်းဖူးဖူးမှ အကြင်နာတွေသည် စတော်ဘယ်ရီလိုပင် ချိုမြိန်လွန်းသည်။ ထို့အတူ သူ့အချစ်တွေသည် ဝိုင်လိုပင် ယစ်မူးစေသည်။