ချစ်ရသူကို အကောင်းဆုံးတွေဘဲ ပေးချင်တဲ့ ချစ်တတ်လွန်းသူရဲ့ အတ္တ..
ကိုယ့်သဘောထားကို တစ်ချက်လောက်လေး မေးကြည့်လှည့်ပါလားကွာ
လင်းရောင်ခြည် ကမ္ဘာမှာ စည်းအထပ်ထပ်ခြားလို့ မင်းကတော့ အမှောင်ကမ္ဘာဆီ ပြေးဝင်ပုန်းမယ်ပေါ့လေ
မသိလေခဲ့ရော့သလား
ကိုယ့်အတွက် အကောင်းဆုံးက မင်းနဲ့အတူရှိခြင်းဆိုတာကို...🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဂုကီ ကျောင်းပြန်တက်နေသည့် အတောအတွင်း ၆ လ အကြာမှာ ဂျီမင်း တဖြည်းဖြည်း သဘောပေါက်လာတာက အဆက်အသွယ်တွေ ကျဲပါးလာပြီး အခေါ်အဝေါ်ပါ ပြောင်းလဲလာတဲ့ ဂုဂီရဲ့ သူတို့နှစ်ကိုယ်ကြား တားဖို့ပြင်နေတဲ့ စည်းကလေးကိုပေါ့..။
တစ်ခါတစ်လေမှာ ကံကြမ္မာက စိတ်ကူးယဉ်ပြီး တွေးထားသည်ဖြစ်စေ အိမ်မက်ထဲတွင်တောင်မှ ထည့်မက်မထားခဲ့သည်ဖြစ်စေ ဆန်းကြယ်စွာနဲ့ ဖြစ်တည်တတ်တာမျိုးလည်း ရှိနေတတ်သေးသည်လေ။
အခုဆို သူအရင်က စိတ်ကူးယဉ်ပြီးသာ ကျေနပ်ခဲ့ရတဲ့ ဂုဂီရှိရာ တက္ကသိုလ် ကျောင်းတော်ကြီးကို ဘာအနှောင့်အတားမှ မရှိဘဲ ရောက်လာခြင်းပင်။
ကျောင်းချိန် တစ်ချိန်ပြီးတာမို့ထင် အဆောက်အဦး အသီးသီးမှ ထွက်လာကြတဲ့ ဆရာတွေရယ် ကျောင်းသူကျောင်းသားတွေရယ်ဟာ အရောင်စုံလင်စွာနဲ့ တစ်မျိုးစီ လှချင်တိုင်းလှနေကြကာ ကျောင်းတော် ကြီးကို သက်ဝင်လှုပ်ရှားစေတော့သည်။ သူရော ကျောင်းတက်ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲ။ စီးပွားရေးမေဂျာရှိတဲ့ အဆောက်အဦးဆီ လမ်းလျှောက်လာရင်းမှ ဟိုဟိုသည်သည် ငေးနေလိုက်သည်။ မျက်နှာချင်းဆိုင် အဆောက်အဦးထဲကနေ လက်ပြရင်း သူငယ်ချင်းတွေကြားထဲမှ ခပ်သွက်သွက်လေး တိုးထွက်လာတဲ့ကောင်မလေးက သူ့ကောင်လေးဆီ အရောက် လက်မောင်းကို တွယ်ချိတ်ရင်း စကားတွေ တတွတ်တွတ်ပြောနေတော့သည်။ ကောင်လေးကလည်း ရယ်ကာမောကာဖြင့် အလိုက်တသိနဲ့ ကောင်မလေး လက်ထဲက စာအုပ်တွေကို သယ်ပေးလို့နေသည်။ အဆောက်အဦးအဝမှ သူငယ်ချင်းအချို့က လှမ်းအော်ကာ စလို့နောက်လို့......သူနဲ့ ဂုကီရော အဲ့လိုလေး ဖြစ်နေမှာလား...
ရုတ်တရက်ဝင်လာတဲ့ အကြောင်းကြောင့် ဂျီမင်း သူ့ခေါင်းလေးကို ခါယမ်းလိုက်မိသည်။
YOU ARE READING
စတော်ဘယ်ရီ ချစ်သည်းရှင်(Summer Wine)
Romanceသူ့ ယုယမှုသည် ချယ်ရီလိုပင် နူးညံ့လွန်းသည်။ သူ့နှုတ်ခမ်းဖူးဖူးမှ အကြင်နာတွေသည် စတော်ဘယ်ရီလိုပင် ချိုမြိန်လွန်းသည်။ ထို့အတူ သူ့အချစ်တွေသည် ဝိုင်လိုပင် ယစ်မူးစေသည်။