နီယွန်မီးဝါများနဲ့ အလှဆင်ထားတဲ့ စားသောက်ဆိုင်လေးက စိတ်ကူးယဉ်ဆန်လှတယ်လို့ တွေးမိတယ်။
ဟိုတစ်ဝိုင်း သည်တစ်ဝိုင်းနဲ့ လူအတော်အသင့်ရှိသော်လည်း ဆူညံမှုရှိမနေခြင်းက အထက်တန်းဆန်ဆန် ရသ တစ်မျိုးလို့ မြင်မိပြီး ထိုအရာနဲ့အတူ classicဂီတသံ သဲ့သဲ့ကလည်း ပျံလွှင့်လို့နေသည်။ ဂျီမင်းတို့စားပွဲဝိုင်းတွင်တော့ သူမှလွဲ၍ တစ်ယောက်ခြင်းစီက အမဲသားပြား(steak)ကို လှီးဖြတ်ရင်း အလုပ်ရှုပ်နေကြတာမို့ ဂျီမင်းတစ်ယောက် သူ့အရှေ့ရှိ ပါစတာကိုဘဲ စားရမလား စကားဘဲစပြောရမလားဖြင့် သူ့အတွက် ဒီအခြေအနေက နည်းနည်းတော့ အူကြောင်ကြောင်နိုင်လှသည်။
အမ်ဝူးကတော့ အသားပြားကို လှီးလိုက် ပါးစပ်ထဲကောက်ဝါးလိုက်ဖြင့် အမေးစကားဆိုရန် ဂျောင်းဂု၏ မျက်ရိပ် မျက်ခြည်ကို အကဲခတ်နေပြီး
ရီဆွန်းကတော့ ဂျောင်းဂုရဲ့ steakတစ်ခုလုံးကို လှီးပစ်မယ့်ပုံစံကို သိလိုက်သဖြင့် ပြုံးစစဖြင့် ဖြည်းလေးစွာ ခေါင်းကို ခါယမ်းမိလိုက်သည်။အမဲသားပြားတစ်ခုလုံးကို သေသေသပ်သပ်လှီးပြီးတဲ့ နောက်မှာတော့ ပါစတာပန်းကန်နှင့် နေရာလဲကာ ချထားလိုက်တော့သည်။
"အဟွတ်..အဟွတ်...''
အသားပြားဝါးရင်းမှ မင်ဝူးရဲ့ အစားသီးတဲ့ ချောင်းဆိုးသံကြီးက ရုတ်ချည်းထွက်လာတော့သည်။
တစ်မိုးအောက်တစ်ယောက် ဂျွန်းဂျောင်းကုက ဒါမျိုးတွေလုပ်ပေးတယ်တဲ့လား ဆိုသည့် မင်ဝူးရဲ့ မျက်လုံးပြူးကြီးတွေကို မသိချင်ယောင်ဆောင်ကာ ပါစတာကိုသာ တစ်လုတ်ခပ်စားနေလိုက်သည်။ မင်နှင့် ပတ်သက်လာလျှင် သူ့ခြေလက်တွေက အလိုလျောက်စနစ်လိုပင် ထိန်းချုပ်လို့မရနိုင်။ ဒါတွေကြောင့်မို့ပင် မင်နဲ့ ဝေးရာ အရပ်မှာနေသင့်သည်ဟု သူဆုံးဖြတ်ခဲ့ခြင်းပင်။ အခုမှ ထိုပန်းကန်ကို သူ့ဘက် ပြန်ယူလို့လည်း မကောင်းတော့။"ဒါနဲ့ မင်းက ဘယ်တုန်းက ဒီလိုမျိုး ကိုကိုချောချောလေးကို ရသွားတာလဲ တစ်ဝမ်းကွဲအကိုလား''
"မဟုတ်ဘူး..
အကိုအရင်းလေ..
ငယ်ငယ်တည်းက ဘွားJeonတို့ စပျစ်ခြံမှာ အလုပ်လုပ်ခဲ့တာ ခုထိဘဲ.. ဦးလေးဂျောင်မင်းနဲ့ အန်တီယူဂျင်းတို့ လက်ထက်ခါနီးမှ ပျောက်သွားတဲ့ အန်တီယူဂျင်းရဲ့ ကလေးလေ
အင်း..အဖေတော့မတူဘူးပေါ့ ''
ESTÁS LEYENDO
စတော်ဘယ်ရီ ချစ်သည်းရှင်(Summer Wine)
Romanceသူ့ ယုယမှုသည် ချယ်ရီလိုပင် နူးညံ့လွန်းသည်။ သူ့နှုတ်ခမ်းဖူးဖူးမှ အကြင်နာတွေသည် စတော်ဘယ်ရီလိုပင် ချိုမြိန်လွန်းသည်။ ထို့အတူ သူ့အချစ်တွေသည် ဝိုင်လိုပင် ယစ်မူးစေသည်။