part 2

2K 77 0
                                    

Friendship Vs Relationship

Part 2

ဂိုး​လေးသတိ​မေ့​နေရာကနိုးလာ​တော့ ​ဘေးမှာ ​ဖေ​ဖေကလွဲ၍ဘယ်​သူမှမရှိ​ပေ 

ဖေ​ဖေအားလှုပ်​နှိုးကြည့်​​သော်​လဲ နိုးမလာ အိပ်​​ပျော်​​နေ​သေးလို့ဟုသာမှတ်​ယူလိုက်​မိသည်​ ထိုအချိန်

'ဂိုးပါဝါ'

ဂိုးဂိုး သူ့​နာမည်​​ခေါ်တဲ့သူကိုကြည့်​လိုက်​​တော့ သူမအရွယ်​​ကောင်​မ​လေးတစ်​​ယောက်​ပင်

ထို​ကောင်​မ​လေးကဘယ်​သူဘယ်​၀ါလဲဆိုတာသိချင်​စိတ်​​ကြောင့်​ ​မေးမယ်​ဟန်​ပြင်​တုန်း

'ဂိုးပါဝါအပြင်​ကိုထွက်​ခဲ့ အပြင်​မှာ​မေ​မေတို့​စောင့်​​နေတယ်​'

ထို​ကောင်​မ​လေးက​ပြောကာအပြင်​​ပြေးထွက်​သွားသည်​မို့ ဂိုးဂိုးလဲအ​ပြင်​ကို​ပြေးလိုက်​သွား​တော့သည်

'ဟယ်​ သမီး​လေးဂိုးဂိုး နိုးပြီလား လာလာ တီ​မေ့ဆီလာ'

သူ့ကိုယ်​သူတီ​မေဟု​ပြောကာခေါ်​နေ​သော အ​ဒေါ်ကြီးဆီသို့ ဂိုး​လေးတစ်​​ရွေ့​ရွေ့သွားလိုက်​​တော့ ထို​အ​​ဒေါ်ကြီး​ဘေးနားရှိ​နေတဲ့ဦး​လေးကြီးကပါသူ့ကိုချီကာ ကွပ်​ပစ်​​ပေါ်သို့တင်​​ပေးပြီး အသင့်​ပြင်​​ပေးထားတဲ့ ထမင်းဆီစမ်းနဲ့ ကြက်​သား​ကြော်​​လေးကို ​သေချာစနစ်​တကျဧည့်​ခံ​ကျွေး​မွေး​တော့ ဂိုး​လေးရဲ့ဗိုက်​ကမ​နေသာ​တော့ တဂွီဂွီနဲ့မြည်​ကာစားချင်​​နေ​လေပြီ

ထို့​ကြောင့်​ ဟန်​မ​ဆောင်​တမ်းဖြင့်​ အားရပါးရစား​​လေ​တော့သည်​........

'စား​ကောင်းလားသမီး​လေး'

'ဟုတ်​'

ဒေါ်​ကေသွယ်​ ဟန်​​ဆောင်​မှု့မရှိ ပွင့်​ပွင့်​လင်းလင်းဖြင့်​ အားရပါးရပြုံးကာ ပြန်​​ဖြေ​သော ဂိုး​လေးကိုကြည့်​ပြီး ချစ်​ခင်​စိတ်​​တွေကတစ်​ဖွားဖွား​ပေါ်လာ​တော့သည်

'သွယ်​၀င်းနဲ့သွားကစားရင်​က​စား​လေ'

ထမင်းစားပြီးငြိမ်​ငြိမ်​​လေးထိုင်​​နေ​သော ဂိုး​လေးကို ဦး​ဋ္ဌေးဝင်း ​ပြော​တော့ ဂိုး​လေးက​ခေါင်းငြိမ့်​ကာချက်​ချင်းသွယ်​၀င်း​ဆော့​နေရာသို့​ပြေးသွား​တော့သည်

Friendship Vs RelationshipWhere stories live. Discover now