Part 12

775 47 0
                                    

Friendship Vs Relationship

Part 12




Overdose ဆိုတဲ့5stars စာရင်းဝင်​ စား​သောက်​ဆိုင်​ကို ဟန်​ရှင်းနဲ့သွယ်​၀င်းအတူ​ရောက်​ရှိလာခဲ့ကြတယ်

'မင်္ဂလာပါ Overdoseမှကြိုဆိုပါတယ်​ရှင့်​ ကြိုတင်​မှာထားတာရှိပါသလားရှင့်​´

ဆိုင်​၀န်​ထမ်း​ကောင်​မ​လေးတစ်​​ယောက်​က​တံခါး​ပေါက်​၀မှ​နေ၍ကြိုဆိုကာ​မေးလာ​တော့

'ဟုတ်​ကဲ့ သွယ်​၀င်းဆိုတဲ့နာမည်​နဲ့ကြိုတင်​မှာထားတယ်​​နော်​´

'အ​နောက်​က​နေလိုက်​လာခဲ့​ပေးပါဧည့်​သည်​တို့´

ဟန်​ရှင်းနဲ့သွယ်​၀င်း လဲထို​ကောင်​မ​လေး​နောက်​က​နေလိုက်​သွားလိုက်​ပြီး သီးသန့်​အခန်းတစ်​ခန်း​ရှေ့​ရောက်​​တော့

'ဒီအခန်းပါပဲဧည့်​သည်​´

'​ကျေးဇူးပါ´

သူတို့နှစ်​​ယောက်​အခန်းထဲဝင်​သွား​တော့ စက်​​လေးနဲ့ဂိုး​လေးနှစ်​​ယောက်​က​ရောက်​နှင့်​ပြီးသားဖြစ်​​နေတယ်​​လေ

'​နောက်​ကျလို​က်​တာ အဲ့​လောက်​လဲမ​ဝေးပဲနဲ့´

ထိုင်​ယုံတင်​ရှိ​သေး ဂိုး​လေးရဲ့အပြစ်​တင်​သံက​ရောက်​ရှိလာ​ပေမဲ့ သွယ်​၀င်းကပြုံးလျှက်​နှင့်​ပင်

'​ယံနဲ့အတူကားထိုးဖို့​နေရာရှာ​နေလို့ကြာသွားတာပါဟ´

'အမ​လေးယံတဲ့ဖြစ်​ရမယ်​´

ဂိုး​လေးကမဲ့ရွဲ့ကာတိုးတိုး​လေး​ပြောတယ်​ဆို​ပေမဲ့ တိတ်​ဆိတိ​နေတဲ့အခန်းအတွင်း ဂိုး​လေး​ပြောသံဟာ အားလုံးကြားရဖို့အတွက်​လုံ​လောက်​​နေခဲ့တယ်

'ကဲပါ ဟင်း​တွေလဲ​ကြိုတင်​မှာထားပြီးသားဆို​တော့စားကြစို့​လေ ဂိုး​လေး စား​တော့´

စက်​က ဂိုး​လေးပန်းကန်​ထဲကို အခွံချွတ်​ပြီးသားပုဇွန်​ကိုထည့်​​ပေးရင်း​ပြောလိုက်​​တော့

'​ကျေးဇူးစက်​´

ဂိုး​လေး စက်​ထည့်​​ပေးတဲ့ပုစွန်​ကိုခရင်းနဲ့ထိုးလိုက်​ပြီး ပါးစပ်​ထဲထည့်​ခါနီး

Friendship Vs RelationshipWhere stories live. Discover now