Friendship Vs Relationship
Part 15
ဂိုးလေး ရှားစောင်းပင်လေးများအားသေချာကြည့်နေတဲ့ ဟန်ရှင်းကို အသံမပေးဘဲ တိတ်ဆိတ်စွာနဲ့စောင့်ကြည့်နေလိုက်တယ်
'ဒီလောက်ဆို ဂိုးလေးရဲ့စိတ်ရင်းကိုသိပြီလားကိုကို....သွယ်ဝင်းကိုမချစ်ပါနဲ့လား........´
ဂိုးလေး စိတ်ထဲကနေပြောမိရင်း ဟန်ရှင်းရဲ့မျက်နှာပေါ်က စကားများကိုဖတ်နေမိတယ်
မှန်ကိုဖြတ်သန်းကာဖြာကျလာတဲ့နေရောင်ခြည်တွေကိုခစားနေတဲ့သစ်ပင်လေးများနှင့်အတူ ရပ်နေတဲ့ ဟန်ရှင်း
နေရောင်ကြောင့် သိသာထင်ရှားနေတဲ့ပယင်းရောင်မျက်ဝန်းတွေ ကွေးညွှန့်နေတဲ့မျက်တောင်ရှည်တွေဟာ တစ်ပင်ချင်းထင်းနေသလို အညိုဘက်သန်းနေတဲ့နှုတ်ခမ်းထူထူတွေကလဲကြည့်လို့ကောင်းတယ်နေတယ်။
ဖြစ်နိုင်ရင် ဒီလိုအခြေနေမျိုးမှာ နေရောင်ခြည်လေး ဖြစ်ချင်မိပါဘိ။
'ကိုကို ကအရမ်းခန့်ညားပြီးအရမ်းချောတာပဲ´
ဂိုးလေးစိတ်ထဲမှာတွေးမိပြီးတော့မှ ခေါင်းကိုခါရင်းပြုံးလိုက်ကာ
''မညောင်းသေးဘူးလား ကို~ကို~....´´
တိုးညှင်းသွားတဲ့စကားဖျားများနှင့်အတူဂိုးလေးပြောမိတော့ ဂိုးလေးအားလှည့်ကြည့်လာတဲ့ဟန်ရှင်း
ပယင်းရောင်မျက်လုံးအစုံတို့ တွေ့ဆုံမိကြတဲ့ခန.....
''Dupp💓 Dupp💗´´
ဘယ်ဘက်နှလုံးသားစီမှထွက်ပေါ်လာသော သာယာလှသည့်နှလုံးခုံသံ။
''အဟမ်း ဟမ်း´´
နွေးထွေးမှု့များခြုံလွှမ်းနေသော တိတ်ဆိတ်မှု့ကို အနေခက်စွာ စတင်ဖြိုခွဲလိုက်သူက ဟန်ရှင်း....။
''ဒီမှာလာထိုင်ပါ´´
ဂိုးလေး မျက်နှာလွဲလိုက်ပြီး သူ့ရှေ့က ဆိုဖာပေါ်သို့လာထိုင်ရန်ဖိတ်ခေါ်လိုက်သည်။
YOU ARE READING
Friendship Vs Relationship
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်အကြားသူစိမ်းလူတွေဝင်ရောက်လာတဲ့အခါ... 1. သူငယ်ချင်းနှစ်ယောက်အကြားအချစ်တစ်ခုဝင်ရောက်လာတဲ့အခါဖြစ်တက်တဲ့သဘာဝ 2. ခွင့်လွှတ်ခြင်းဖြင့်အရာအားလုံးကိုအောင်မြင်နိုင်ကြောင်း 3. မည်မျှပင်ချစ်ြ...