Friendship Vs Relationship
Part 23
ဟန်ရှင်း ဂိုးလေးနှင့် သွယ်ဝင်း မီးလျှံစက်တို့က ကားတစ်စီး......
Kelvin Kae မင်းမြတ်နဲ့ ကျော့ တို့ကကားတစ်စီး......
ဆိုပြီး ကားနှစ်စီးခွဲကာ အိမ်ကနေပြီး အရင်ဆုံး မန်းလေးတောင်စီကိုထွက်ခွာလာခဲ့ကြတယ်
မိုးအကုန်ဆောင်းအကူးရာသီဖြစ်တဲ့အတွက် မနက်စောစော ကျုံးဘေးလမ်းလေးတွေမှာ ကျုံးရေပြင်ကိုဖြတ်ကာ အေးမြတဲ့လေပြေညှင်းလေးတွေတိုက်ခတ်နေပြီး မြူခိုးအနည်းငယ် ရစ်မှိုင်းနေတဲ့ မန်းလေးတောင်ကြီးကိုတွေ့လိုက်ရတယ်
နန်းတော်မြို့ကြီးကိုပတ်ကာဝန်းရံထားတဲ့မြို့ရိုးတွေကိုကြည့်ရင်း ရှေးက မြို့တော်ကြီးကိုပြန်ပြီးပုံဖော်ကြည့်ရတာ အရမ်းကိုလွမ်းမောဖွယ်ကောင်းလှတယ်
ကျုံးကိုကျော်လွန်ပြီးနောက် ကျောက်တော်ကြီးဘုရား ကုသိုလ်တော်ဘုရား စန္ဒာမုနိဘုရား အစရှိတဲ့ဘုရားတွေကိုကျော်လွန်ပြီး မန်းလေးတောင်၏အထင်ကရ ခြင်္သေ့ကြီးနှစ်ကောင်ကိုဖြတ်ကာ တောင်တက်လမ်းအတိုင်း ကားဖြင့်တက်ခဲ့ကြသည်
''လှတယ်နော်´´
တောင်တက်လမ်းကနေ လှမ်းမြင်လိုက်ရတဲ့ တောင်ခြေနားက မန်းလေးမြင်ကိုကြည့်ရင်းဂိုးလေးကပြောလိုက်တော့ ဘေးမှာထိုင်နေတဲ့သွယ်ဝင်းက
''အင်း.... မိုက်တယ်´´
''ငါအိမ်ထောင်ကျရင် ဒီမြို့မှာလာနေမှာသွယ်ဝင်း နင်ရော´´
''ငါလား.... ငါကတော့... အင်း.... ငါရဲ့အိမ်ထောင်ဘက်နဲ့တိုင်ပင်ပြီး ဘယ်မှာနေမလဲဆိုတာစဉ်းစားမှာပေါ့´´
''နင်ကအကောင်းဆုံးပဲ သွယ်ဝင်း တစ်ဖက်သားကိုဦးစားပေးတက်တယ် တိုင်ပင်တက်တယ် နင့်ကိုရတဲ့သူတော့အရမ်းကံကောင်းမှာပဲ ငါ့ကိုရတဲ့သူတော့.....အင်း....မစဉ်းစားရဲစရာဘဲ´´
YOU ARE READING
Friendship Vs Relationship
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်အကြားသူစိမ်းလူတွေဝင်ရောက်လာတဲ့အခါ... 1. သူငယ်ချင်းနှစ်ယောက်အကြားအချစ်တစ်ခုဝင်ရောက်လာတဲ့အခါဖြစ်တက်တဲ့သဘာဝ 2. ခွင့်လွှတ်ခြင်းဖြင့်အရာအားလုံးကိုအောင်မြင်နိုင်ကြောင်း 3. မည်မျှပင်ချစ်ြ...