Part 13

757 42 0
                                    

Friendship Vs Relationship

Part 13


သူတကယ်​လာ​လောက်​လား......

လာမယ်​ဆိုလဲအိမ်​မှမသိတာ..... ဟန်​ရှင်း မင်းအရမ်းအဲ့​ကောင်​မ​လေးကိုအထင်​ကြီးလွန်း​နေပြီ ဒါမင်းရဲ့ပုံစံမှမဟုတ်​တာ ဘာလို့အရမ်းစိတ်​ထဲထား​နေတာလဲ အန်​ကယ်​တို့ကသူ့ကိုအန္တရာယ်​မဖြစ်​​အောင်​ပဲ​စောင့်​ကြည့်​ခိုင်းထားတာ​လေ အိမ်​ထိ​ခေါ်ထားခိုင်းတာမှမဟုတ်​တာ ဘာလို့အဲ့​လောက်​ထိစိတ်​ထဲထား​နေတာလဲကွာ......

ဟန်​ရှင်းတစ်​​ရောက်​ ဧည့်​ခန်းမှာTVကိုဖွင့်​ထား​ပေမဲ့ သူ့ရဲ့စိတ်​အာရုံသည်​ TVစီသို့မ​ရောက်​ အိမ်​မှာလာ​နေမယ်​လို့​ပြောတဲ့ဂိုး​လေးစီကိုသာ​ရောက်​​နေတယ်

ထို့အတူ သူ၏မျက်​လုံးအစုံနှင့်​နားတို့သည်​လဲ အိမ်​တံခါးစီသို့အထပ်​ထပ်​အခါခါ​ရောက်​လျှက်​ပင်

ထို​ကောင်​မ​လေးဘယ်​အချိန်​​ရောက်​လာမလဲဆိုတာကိုဖင်​တကြွကြွနဲ့​စောင့်​​နေရပုံမှာ မသိလျှင်​ အိမ်​ရှင်​ပြန်​လာမည်​ကို​ကြောက်​လန့်​​နေ​သော သူခိုးတစ်​​ယောက်​ပမာ

ဖုန်းမှနာရီကိုကြည့်​လိုက်​​တော့ ည၁၀နာရီခွဲပြီ

'ဂျိမ်း💥💦💦💦💦💦💧💧💧´

မိုးချိန်းသံအကျယ်​ကြီးနဲ့အတူ တ၀ုန်းဝုန်းရွာချလာတဲ့မိုး

အကြီးအကျယ်​ စိတ်​​ပျော်​ရွှင်​သွားသူက​တော့အ​မောင်​ဟန်​ရှင်း

'ဟဟ ဒီ​လောက်​ဆို ဟို​မြောက်​မမလာ​လောက်​​တော့ဘူး မိုးလဲချုပ်​​နေပြီ မိုး​တွေကလဲရွာ အိုးဟိုး ထီ​ပေါက်​တာထက်​​တောင်​​ပျော်​ဖို့​ကောင်း​နေ​သေးတယ်​´

ဟန်​ရှင်း TV ကိုပိတ်​လိုက်​ပြီး သီချင်းတ​အေး​အေးဖြင့်​ ဧည့်​ခန်းမီးများကိုပိတ်​ကာ အိပ်​ခန်းထဲသို့ဝင်​ခါနီး တံခါးဖွင့်​ချိန်​တွင်

'တီး​တောင်​´

ထိုအသံသည်​​သေချာစွာ သူ့အိမ်​သို့လာသည့်​ လူ​ခေါ်ဘဲလ်​ပင်​ဖြစ်​သည်

'shit ဒီအချိန်​ကြီးဘယ်​သူလာတာလဲ´

ဟန်​ရှင်း ထူထဲ​သော မျက်​ခုံးနှစ်​ဘက်​ကို တစ်​ဆက်​ထဲဖြစ်​သည်​ထိ တွန့်​ချိုးလိုက်​ပြီး​တော့ ​ဒေါသထွက်​စွာနှင့်​ပင်​ တံခါးသွားဖွင့်​​ပေးလိုက်​​တော့........

Friendship Vs RelationshipWo Geschichten leben. Entdecke jetzt