Friendship Vs Relationship
Part 16
''ဒါကျွန်တော်တို့ဘက်ကနေရာချထားပေးမဲ့ဝန်ထမ်းတွေပါ´´
မင်းမြတ်ပေးလာတဲ့ဖိုင်တွဲထဲရှိဝန်ထမ်းစာရင်းကို မိုးယံခတစ်ချက်ကြည့်လိုက်ကာ
''ကျွန်တော်တို့ဘက်ကလဲ ၀န်ထမ်းရွေးချယ်ပြီးပါပြီ မကြာခင် စီမံရေးMDဆီပို့ပေးလိုက်ပါ့မယ်´´
''ဒီတစ်ခေါက် ဒီဇိုင်းရေး MDဆီကိုပဲပို့ပေးပါ စီမံရေးMDက မင်္ဂလာကိစ္စနဲ့ခွင့်ယူထားလို့ပါ´´
''အော်...ကျော့ကေခိုင်တောင် ဟိန်းသူရနဲ့လက်ထပ်တော့မှာလား´´
''အကိုလဲသူရနဲ့ခင်တယ်ထင်တယ်´´
''ဟုတ်တယ် Projectတစ်ခုကိုအတူတွဲလုပ်ဖူးတယ်လေ´´
''အော်....´´
''ငါမင်းကိုတစ်ခုလောက်မေးလို့ရမလား´´
မိုးယံခနဲ့ မင်းမြတ်စကားကောင်းနေရာက ဘေးမှာထိုင်နေတဲ့ မီးလျှံစက်က သူတို့နှစ်ယောက်ပြောနေကြသည်မှာ အလုပ်အကြောင်းပြောနေကြသည်မဟုတ်တော့တာသေချာမှ စကားဝင်ပြောလိုက်တော့ မင်းမြတ်က မီးလျှံစက် ကိုစိုက်ကြည့်လာပြီး
''မေးပါ´´
''မင်းက ဂိုးလေးတို့ ကော်ဖီဆိုင်ကတစ်ယောက်မဟုတ်လား´´
''အဲ့ကော်ဖီဆိုင်ကကျွန်တော်တို့သူငယ်ချင်းသုံးယောက်စုပေါင်းဖွင့်ထားတဲ့ဆိုင်ပါ ကျွန်တော်ကအမြဲလိုလိုအားနေတော့ ဆိုင်ထိုင်ဖြစ်တာပိုများတယ်´´
''ဂိုးလေးနဲ့က ငယ်ငယ်ကတည်းကခင်ကြတာလား´´
''အဲ့လိုပြောလို့ရတာပဲ ဒါနဲ့အကိုစက်က ဂိုးလေးအကြောင်းသိပ်မသိသေးဘူးထင်တယ် ကျွန်တော့်အထင်တွဲနေကြတာမဟုတ်ဘူးလား´´
''တွဲနေတယ်လို့ပြောလို့ရပေမဲ့ ဘယ်လိုပြောရမလဲ....အာ...ဟိုလိုလေ....´´
YOU ARE READING
Friendship Vs Relationship
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်အကြားသူစိမ်းလူတွေဝင်ရောက်လာတဲ့အခါ... 1. သူငယ်ချင်းနှစ်ယောက်အကြားအချစ်တစ်ခုဝင်ရောက်လာတဲ့အခါဖြစ်တက်တဲ့သဘာဝ 2. ခွင့်လွှတ်ခြင်းဖြင့်အရာအားလုံးကိုအောင်မြင်နိုင်ကြောင်း 3. မည်မျှပင်ချစ်ြ...