အရမ်းငိုလွန်းလို့ မောပြီးအိပ်ပျော်သွားသော
ကျတော် မေမေလာနှိုးမှနိုးတော့သည်..."သား ချန်းလေးရောက်နေတယ်"
ခေါင်းငုံနေတဲ့ကျတော် မေမေကိုမော့ကြည့်
လိုက်မိတယ်..."သားကြိုက်သလိုဆုံးဖြတ်ပါ ဒါမဲ့
မေမေပြောထားတာတွေကိုမမေ့ပါနဲ့"ပြောပြီး မေမေကအခန်းထဲကထွက်သွားသည်
ခဏကြာတော့ချန်းယောလ်ကအလောတကြီး
ပြေးတက်လာကာ..."ဟွန်း နေမကောင်းဘူးဆို!!"
အိပ်ယာပေါ်ချက်ချင်းပစ်ထိုင်ကာ
ဆယ်ဟွန်းနဖူးတွေကိုစမ်းရင်းမေးလိုက်သည်ကြည့်ရတာမေမေညာပြောလိုက်ပုံပင်..
ကျတော်ကိုစိုးရိမ်နေတဲ့ချန်းယောလ်ကို
မလွတ်တမ်းငေးကြည့်မိတယ်.."ဟွန်း~ ကြည့်စမ်း မျက်လုံးတွေတောင်
ရဲမှည့်နေတယ် နေမကောင်းလို့ငိုထားတာလား""အွန်းးး"
"ဆေးသောက်ထားပြီးပြီလား?? အိပ်ရေး
ပျက်လို့ပင်ပန်းသွားတာနေမယ်""သောက်ထားတယ် အကြာကြီးစောင့်
လိုက်ရလား ??""သိပ်မကြာပါဘူး "
"တောင်းပန်ပါတယ် ငါအရမ်းနေမကောင်းဖြစ်နေတော့ဖုန်းတောင်မကိုင်နိုင်ဘူးဖြစ်သွားတယ်
"ဘာမှမဖြစ်ပါဘူး ဟွန်းရဲ့ကျန်းမာရေးက
အရေးကြီးဆုံးပဲ""ချန်းယောလ်ရာ"
ဆယ်ဟွန်းသူ့ကိုတင်းကြပ်စွာ ပွေ့ဖက်
ရင်းငိုမိပြန်သည်...."မငိုပါနဲ့ ကလေးလည်းမဟုတ်ပဲ
နေမကောင်းတိုင်းငိုနေတာပဲ"ကျတော်နေမကောင်းရင်ငိုတက်လွန်းလို့
ချန်းယောလ်ကငိုတာထင်နေပုံပင်...သူ့ကိုအချိန်အတော်ကြာဖက်ပြီးမှ
လွှတ်ပေးလိုက်သည်...
YOU ARE READING
စည်း ~ [Completed]
Фанфикအကယ်၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမကျော်ခဲ့ကြရင် ဒီလိုနာကျင်စရာတွေဖြစ်လာမှာမဟုတ်ဘူး.... တကယ်တော့ ငါတို့နှစ်ယောက်လုံး အမှားကြီး မှားခဲ့ကြတယ် ချန်းယောလ် ... ပတ်ချန်းယောလ် × အိုဆယ်ဟွန်း