"ဂုဏ်ယူပါတယ် လီဂျင်ဟီးရှီ.."
"ကောင်စုတ်! စမနေနဲ့ ဘယ်တုန်းက
ပြန်ရောက်နေတာလဲ ငါ့ဆီတောင်ဖုန်းမဆက်ဘူး...""အော် ငါ့မှာဒီညီမလေးတစ်ယောက်ပဲရှိတာလေ ဒီလိုပွဲမျိုးအလွတ်ခံလို့ဘယ်ဖြစ်မလဲ?
အဲ့တော့အမြန်ပြန်လာရတာပေါ့""အဟီး ကျေးဇူးပဲ "
လီဂီချန်းက လီဂျင်ဟီးရဲ့ အကိုဝမ်းကွဲပါ
အသက်ကသိပ်မကွာတာမို့ သူငယ်ချင်းပေါင်းသလိုပေါင်းကြသည်...ဆိုးလွန်းလို့ ဦးလေးတို့က သူ့ကို
အမျူ.ိးတွေရှိတဲ့ တရုတ်ကိုပို့လိုက်တာလေ....."အော် မီယောင်းရောရှိတာပဲ
ငါအခုမှမြင်တယ်""နင်ကသာကန်းနေတာ.ငါကမြင်သားပဲ"
"ဟဲ ဟဲ ဆောရီး"
ကင်မီယောင်းနဲ့လည်းဂျပန်လာလည်တုန်းက
ခင်မင်သွားကြကာ ပြောမနာဆိုမနာထိပဲ"ဒါနဲ့ ဘယ်မလဲ နင့်သတို့သားလောင်း
ဖုန်းထဲမှာတော့ ချီးမွမ်းလိုက်တာနားနဲ့မဆံ့"ဂျင်ဟီးရှက်ပြုံးလေးပြုံးကာ ဆယ်ဟွန်းတို့ရပ်နေတဲ့ဘက်လက်ညှိုးထိုးပြလိုက်သည်...
ချန်းယောလ်နဲ့ဆယ်ဟွန်းက သူတို့ကို
လုံးဝမမြင်ကြ...."ဟိုးးးမှာ အနက်ရောင်နဲ့တစ်ယောက်"
ဂီချန်းမြင်တော့ မျက်လုံးလေးပြူးသွားရ၏..
"အို အို ဆယ် ဟွန်း!"
"အမ်! နင်ကဟွန်းကိုသိတယ်"
"သူ့ဘေးက ပတ်ချန်းယောလ်မလား?"
"အမယ်! မောင့်ကိုတောင်သိနေတယ်"
မီယောင်းစကားကြောင့် ဂီချန်းသူ့ဘက်
အမြန်လှည့်ကြည့်ကာ..."ဘယ် ဘယ်သူက နင့်မောင်လဲ?"
"ပတ်ချန်းယောလ်လေ ငါနဲ့စေ့စပ်ထားတဲ့သူ
ဆယ်ဟွန်းကဂျင်ဟီးသတို့သားလောင်း"

YOU ARE READING
စည်း ~ [Completed]
Fanficအကယ်၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမကျော်ခဲ့ကြရင် ဒီလိုနာကျင်စရာတွေဖြစ်လာမှာမဟုတ်ဘူး.... တကယ်တော့ ငါတို့နှစ်ယောက်လုံး အမှားကြီး မှားခဲ့ကြတယ် ချန်းယောလ် ... ပတ်ချန်းယောလ် × အိုဆယ်ဟွန်း