ကျောင်းပိတ်ရက်မှာ မိုးအေးနေတာကြောင့်
ဆယ်ဟွန်း အခန်းထဲမှာပဲ သရဲဝတ္တု ဖတ်နေတုန်း ဘေးနားကဖုန်းထံက မက်ဆေ့သံကြားလိုက်ရသည်.........ကြည့်လိုက်တော့ ချန်းယောလ်ထံက
သူဆီဇာတ်လမ်းအသစ်ရနေပြီမို့ အတူတူ
လာကြည့်မဲ့အကြောင်း မုန့်တွေဝယ်လာမယ်ဆိုတဲ့အကြောင်းပြီးတော့ ဒီည သူဆယ်ဟွန်းအိမ်မှာ
အိပ်မယ်ဆိုတဲ့အကြောင်းတွေ တသီတတန်းကြီးပို့ထားခြင်းပင်.....ဇာတ်ကားဆိုတာက ကျတော်တို့ ယောက်ျား
လေးတွေကြည့်တက်တဲ့ ဟိုကားဒီကားကိုပြောခြင်းဖြစ်သည်...ချန်းယောလ်က လူပေါင်းစုံနဲ့ခင်တော့
အဲ့လိုဇာတ်ကားတွေဆို ကူးလာကာအတူ
တူကြည့်ဖြစ်ကြသည်.....အိမ်မှာအိပ်တာကလည်း အမြဲလိုလို
အိပ်တက်ခြင်းပင် ....ဆယ်ဟွန်းကကသာ အိပ်ယာပြောင်းရင်
မအိပ်တက်လို့ သူ့အိမ်လိုက်မအိပ်...ဆယ်ဟွန်း တွေးတာရပ်ပြီး စာအုပ်
ဖတ်ရင်းသူ့ကိုစောင့်နေလိုက်တော့တယ်...ခဏကြာတော့ ချန်းယောလ်မုန့်ထုပ်တွေနဲ့
ရောက်လာတော့သည်..."အဟဲ! ငါဒီမှာအိပ်မှာနော်"
သွားအဖြီးသားနဲ့ မုန့်ထုပ်တွေဘေးချကာ
အိပ်ယာပေါ်တက်လာတယ်.."အောက်ထပ်မှာ မေမေနဲ့တွေ့ခဲ့သေးလား?"
"တွေ့တယ် ငါ့ဖို့ညစာပိုချက်ဖို့ ပြောခဲ့တယ်"
"သောက်စားကျိပဲ မင်းက.."
"မသထာဘူးလားကွာ~"
"အေး ဟုတ်တယ်"
"လဒကောင်! ထားတော့ ဒီမယ် ငါ
ကားသစ်ကူးလာတယ် ဟိုကောင်တွေပြောတာတော့ အရင်ကားတွေနဲ့မတူဘူး လုံးဝအဆန်းတဲ့ ဟီးး ဟီးး..""ဟုတ်လား အခုကြည့်ကြမယ်လေ"
"အေး ~"
YOU ARE READING
စည်း ~ [Completed]
Fanfictionအကယ်၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမကျော်ခဲ့ကြရင် ဒီလိုနာကျင်စရာတွေဖြစ်လာမှာမဟုတ်ဘူး.... တကယ်တော့ ငါတို့နှစ်ယောက်လုံး အမှားကြီး မှားခဲ့ကြတယ် ချန်းယောလ် ... ပတ်ချန်းယောလ် × အိုဆယ်ဟွန်း