"ချန်း~ အဟင့် ချန်း!!!"
"သား သား သတိထားအုံးလေ"
မေမေလှုပ်နှိုးလိုက်မှ ဆယ်ဟွန်းလန့်နိုး
သွားသည်...."မေမေ~ သား သား ဘာဖြစ်သွားတာလဲ?"
"ချန်းလေးနဲ့တွေ့ပြီးပြန်လာကတည်းက
သားလေးဖျားနေတာလေ"အဲ့ကျမှဆယ်ဟွန်း ခပ်မြန်မြန်ထထိုင်ကာ
"မေမေ သူ သူရော ဒေါသတကြီး
ကားမောင်းထွက်သွားတယ် သားစိတ်ပူတယ်"မေမေကဆယ်ဟွန်းဆံပင်တွေက
ိုပွတ်သတ်ပေးရင်း..."သားချန်းလေးဘာမှမဖြစ်ပါဘူး
အခုမီယောင်းတို့အိမ်မှာ""တော် တော်သေးတာပေါ့"
"သူများကိုစိတ်ပူမနေနဲ့ မနက်ဖြန်ကမင်္ဂလာဆောင် သားအခုထိအဖျားမပျောက်သေးဘူး"
"သား သက်သာပါပြီ"
"မနက်ဖြန်မှာသားကအချောဆုံးဖြစ်နေရမှာ
အခုပြည့်ပြည့်ဝဝနားလိုက် ဘာမှမတွေးနဲ့
အားလုံးအဆုံးသတ်ပြီးပြီလေ..."ခေါင်းငြိမ့်ပြလိုက်သည် မေမေက ဆယ်ဟွန်းပါးလေးကိုနမ်းကာအခန်းအပြင်ထွက်သွားလေသည်.....
ဆယ်ဟွန်း ကုတင်ပေါ်ပြန်လှဲရင်း
မနေ့ကချန်းယောလ်ပြောခဲ့တဲ့စကားတွေကို.ပြန်ကြားကာ ငိုနေမိ၏...တီ....တီ....တီ...
ဖုန်းလာလို့ယူကြည့်မိတော့ ကင်မီယောင်း
ချက်ချင်းကိုင်လိုက်သည်...📱"ဟဲလို မီယောင်းရှီ ချန်းရော~"
"သူအိပ်နေတယ် မနေ့ကဘားမှာအရမ်းသောင်းကျန်းနေလို့ ကျွန်မသေချာပြန်ခေါ်လာရတယ်"
တကယ်ဆို မနေ့က မီယောင်း
ဘောလုံးနားနေဆောင်အပြင်ကကားပေါ်ရှိသည်....သူတို့အဖြစ်ပျက်အားလုံးကိုမြင်တယ်
ကားမောင်းထွက်သွားတဲ့မောင်နောက်ကိုလည်းစိတ်ပူလို့်တိတ်တဆိတ်လိုက်ခဲ့မိတယ်...
![](https://img.wattpad.com/cover/172145602-288-k208210.jpg)
YOU ARE READING
စည်း ~ [Completed]
Fanficအကယ်၍ ~ မင်းနဲ့ငါသာ ဒီ 'စည်း'ကိုမကျော်ခဲ့ကြရင် ဒီလိုနာကျင်စရာတွေဖြစ်လာမှာမဟုတ်ဘူး.... တကယ်တော့ ငါတို့နှစ်ယောက်လုံး အမှားကြီး မှားခဲ့ကြတယ် ချန်းယောလ် ... ပတ်ချန်းယောလ် × အိုဆယ်ဟွန်း