❤️🖤 STRANGE LOVE 💙💚

306 38 0
                                    


Part - 2️⃣

@SWU University

ဒီနေ့ ပထမဆုံးတက္ကသိုလ် စတက်ရတော့မှာမို့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့လို့ နှုတ်ဆက်ကြပြီး စာသင်ခန်းကိုရောက်တော့ Perth က

Perth -"Plan ... ငါတို့ ဒီနေ့ကျောင်းစတက်ရက်ဆိုတော့ ... စာသင်ချိန်သိပ်မရှိဘူးနော် ... ခဏနေ ငါတို့ ... ဘောလုံးအသင်းဘက်သွားပြီး နာမည်စာရင်းသွားပေးရအောင် ... မင်းရော ... ငါနဲ့အတူတူ ဘောလုံးအသင်း လိုက်ဝင်မှာလား"

Plan - "အင်း ... Perth ကလည်း မေးနေစရာမလိုပါဘူးကွာ ... ငါတို့က ဘောလုံးကန်ရတာကို ၀ါသနာပါတာချင်း အတူတူပဲကို ..."

Perth -"အေး ... အဲ့ဒါဆို ကန်တင်းမှာ ထမင်းသွားစားပြီးရင် ... ငါတို့ ဘောလုံးဌာနဘက် သွားကြ တာပေါ့ ..."

Plan - "အေး ... အဲဒီအစီအစဉ်ကို အကြိုက်ဆုံးပဲ ... သွားရအောင် ... ဗိုက်ဆာလာပြီ"

Perth နဲ့ Plan လည်း ကန်တင်းဘက်ကို လျှောက်လာပြီး စားစရာတွေဝယ်ပြီး ထိုင်စရာကြည့်တော့ ၀ိုင်းတစ်ဝိုင်းပဲ လွတ်တော့တယ်။ အဲဒီမှာ ထိုင်စားနေတုန်း Saint နဲ့ Mean လည်း ကန်တင်းဘက်ကို လျှောက်လာပြီး ထိုင်စရာမရှိတော့

Saint -"ဒီမှာခင်ဗျ ... ၀ိုင်းတွေပြည့်နေလို့ ဒီမှာထိုင်လို့ရမလားဗျ ..."

Perth - "အော် ... မင်္ဂလာပါဗျ ... ထိုင်လို့ရပါတယ် ... ဒီကျောင်းကပဲလား ... ဟိုတစ်နေ့ကတိုက်မိတဲ့ သူတွေပဲ မှတ်မိလားခင်ဗျ..."

Saint -"အာ ... ဟုတ်ကဲ့ခင်ဗျ ... မင်္ဂလာပါ ... တွေ့ရတာဝမ်းသာပါတယ် ... ဒီကျောင်းကပဲလားဗျ ... ကျွန်တော့်နာမည်က Saint ပါ ... သူကတော့ သူငယ်ချင်း Mean ပါဗျ ... စီးပွားရေးမေဂျာ ပထမနှစ် ပါခင်ဗျ"

Mean - "ဟုတ်ကဲ့ မင်္ဂလာပါ ... Mean ပါခင်ဗျ ... ဒီက ဂျပုရော မင်္ဂလာပါ"

Plan - "ဘာ ဂျပုလဲ ... လောရှည်ကများ ... Perth ... ထ သွားရအောင် ... စားချင်စိတ်တောင် ပျောက်တယ် ... သွားရအောင် ... ထပါဆို ... ဘာတွေငေးနေတာလဲကွ ..."

Saint - "ဟို တောင်းပန်ပါတယ်နော် ... ကျွန်တော့သူငယ်ချင်းအစား ... သူငယ်ချင်းဖြစ်တဲ့ အနေနဲ့ အတူစားရအောင်ပါနော် ..."

🖤Strange Love (Pause)Where stories live. Discover now