Part - 1️⃣
Plan -"Perth ... Perth ... မင်္ဂလာပါ အန်တီ Perth ရော ..."
Perth mom - "မင်္ဂလာပါသား ... သားသူငယ်ချင်းသူ့အခန်းထဲမှာ ... အိပ်နေတုန်းထင်တယ် ..."
Perth အမေပြောလိုက်လို့ Plan လည်းအပေါ်ထပ်တက်လာပြီး အခန်းထဲဝင်သွားလိုက်တယ် ... ဟောတွေ့ပါပြီ ... အိပ်နေတာများအမောင် Perth တို့ ...
Plan - "Perth ... ဟိတ်ရောင် Perth ... ထတော့ ... မနက်ဖြန် ကျောင်းတက်ရတော့မှာလိုအပ်တာတွေ သွားဝယ်ရအောင်လေ ... ထတော့လို့ ..."
Perth -"ဘာလဲကွာ ... အိပ်ကောင်းတုန်းရှိသေးတယ် ... ညနေမှ သွားဝယ်မယ်လေကွာနော် ... နေအရမ်းပူတယ်ကွ ... အပြင်မထွက်ချင်ဘူး ... ညတုန်းကအဖေ့ကို အလုပ်တွေဝိုင်းလုပ်ပေးနေတော့ အိပ်တာနောက်ကျလို့ပါကွာနော် ... နော် ..."
Plan - "မင်းကလည်းကွာ ... လာပါ ... ငါတို့ Saint Square သွားပြီး Shopping ထွက်ရအောင်နော် ... ရုပ်ရှင်လည်းမကြည့်ရတာကြာပြီလေကွာ ... နော် ... သွားရအောင် ..."
Perth Pov- ဟင့် ဘယ်လိုမှ ပြောမရပါလားမျောက်ရာ ...
Perth - "အေး ... အေး ... ပြီးရောကွာ ... သွားမယ် ခဏစောင့်"
Plan - "သူငယ်ချင်းကလည်းဟိတ်ရောင် ရေချိုးခန်းထဲမှာရေချိုးရင်းအိပ်ပျော်မနေနဲ့ဦး ... အောက်ထပ်မှာမုန့်စားရင်းစောင့်နေမယ် ... မြန်မြန်ဆင်းလာခဲ့ ..."
Plan Pov- အိမ်မှာလည်း မနက်စာစားခဲ့ပြီးသားကို ဗိုက်ကလည်းဆာလိုက်တာကွာ ...
Plan - "အန်တီရေ ... သားဗိုက်ဆာလို့ ... ဟီးးး ... ဘာစားစရာရှိလဲ ..."
Perth Mom - "ရှိပါတယ် သားရယ် ... သားသူငယ်ချင်းရော မဆင်းလာသေးဘူးလား ... သားနဲ့မှ အတူတူစားမှာလား ..."
Plan - "No ... No ... အန်တီသားဗိုက်ဆာနေပြီမရတော့ဘူးစားနှင့်တော့မယ်နော် ... သူ့ကို မစောင့်နိုင်တော့ဘူး ... ဟီးးးး"
ခဏအကြာ Perth ဆင်းလာပြီး ထမင်းစားခန်းထဲဝင်လာပြီး ...
Perth - "မေမေရေ ... ဗိုက်ဆာတယ် ..."
Perth Mom - "Aww... သားလာလေ ... ဒီမှာသားအကြိုက်တွေချည်းပဲ ..."
Perth - "၀ိုး ... အဲ့ဒါကြောင့် မေမေ့ကိုအရမ်းချစ်တာ ... သားတို့မုန့်စားပြီးရင် ဟိုကောင်မျောက်နဲ့ အပြင်သွားလိုက်ဦးမယ်နော် ... ပြန်လာရင် နောက်ကျမယ်နော် ... မေမေ"
KAMU SEDANG MEMBACA
🖤Strange Love (Pause)
RomansaPerth 🖤SWU University မှာ စာကိုကြိုးစားပြီး အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်သင်ယူနေတဲ့ First Year ကျောင်းသား ကိုယ်ဝါသနာပါတဲ့ ကျောင်းရဲ့ Football Team မှာ ပါဝင်ထားပြီး ဒုက္ခရောက်နေ သူတွေကို အမြဲစာနာပြီး အမြဲကူညီတတ်သူ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်း...