❤️🖤 STRANGE LOVE 💙💚

210 28 0
                                    

Part – 5

Perth တစ်ယောက် Saint ပြောတာ နားထောင်ပြီး ...

Perth Pov – ဒီကောင်လေး ဘယ်လိုအတိတ်ဆိုးရှိခဲ့လို့ ဒီလိုဖြစ်နေရတာလဲ ငါသူ့ကို ဘယ်လို နှစ်သိမ့် ရမလဲ ...

Perth – "Saint ... မင်းရဲ့နောက်ကြောင်းတွေ ... အတိတ်တွေ ... ငါဘာမှ စိတ်မ၀င်စားဘူး ... ငါ ... သိလည်းမသိချင်ဘူး ... ငါမသိချင်တာက ... ငါ့ကို မင်းအတိတ်တွေ ပြန်ပြောရင်း ... မင်းနာဂျင်ရမှာ ... ငါမကြည့်ရက်ဘူး ... ငါ ... မခံစားနိုင်ဘူး ... မင်းကို ငါအခုကထက်ပိုပြီး ဂရုစိုက်ကာကွယ်ပေးမယ် ... ငါ့အချစ်တွေနဲ့ ... မင်းရဲ့ အတိတ်ဆိုတာကို ပယ်ဖျက်ပေးပါ့မယ် ... ငါ့ကို ယုံကြည်ပြီး လက်ခံပေးပါ ... ငါ့လက်ကို ဆုပ်ကိုင်ပေးပါ ... Saint"

Saint Pov – ဟင့်အင်း ... ငါက မင်းအချစ်နဲ့မတန်ဘူးထင်တယ် ... ငါလည်း တကယ် မင်းလက်တွဲပြီး ပျော်ရွှင်ချင်တာပေါ့ ... ဒါပေမဲ့ ... ငါ့ကြောင့် ... မင်း တစ်နေ့ငါ့ကို ထားသွားမှာ စိုးရိမ်တယ် ... ငါလည်း မင်းကို အရမ်းချစ်တာပေါ့ ...

Perth – "Saint ... ဘာတွေ ကြောက်လန့်နေတာလဲ ... င့ါကို ယုံကြည်ပြီး ... ငါ့ကို လက်ခံပေးပါ ... ငါ့ကို ... ပြန်ငဲ့ကြည့်ဦး ... Saint ..."

ဒီအချိန် သူတို့နှစ်ယောက်ကြား ပြောစရာစကားမရှိတော့အောင် တိတ်ဆိတ်သွားပြီး ခဏအ ကြာ Saint ရဲ့ ရှိုက်သံထွက်လာတော့ ...

Perth – "Saint ... မငိုပါနဲ့ကွာ ... မင်းမျက်ရည်တစ်စက်က ... ငါ့ရင်ထဲမှာ အရမ်းနာကျင်ရတယ် ... မငိုပါနဲ့ ... ငါ့ကြောင့် မင်းစိတ်ညစ်ရတယ်ဆို ... ငါ ... ငါတောင်းပန်ပါတယ်ကွာ ..."

Saint – "မဟုတ်ပါဘူး ... Perth ကြောင့် မဟုတ်ပါဘူး ... ငါ့ကြောင့် Perth စိတ်ညစ်သွားမှာစိုးလို့ ... ၀မ်းနည်းမိတာပါ ... Perth ကို ကျွန်တော့ ကောင်လေးအဖြစ် လက်ခံပါတယ်နော် ... Perth ကို စတွေ့ကတည်းက ငါလည်း ... စိတ်ဝင်စားခဲ့တာပါ ... Perth ကို ငါ့ရဲ့အတိတ်ဆိုးကို ပြောပြမယ် လေနော် ... အဲဒီအခါ Perth နောက်ပြန်ဆုတ်ချင်လည်း ရပါတယ် ... ကျွန်တော့ကို အားမနာပါနဲ့ ... နားလည်ပါတယ် ..."

Perth – "ဟင့်အင်း ... မင်းအဆင်ပြေတဲ့အချိန်ပေါ့ ... မင်း အဲ့ဒါကြောင့် မခံစားရတော့ဘူး ... ၀မ်းမ နည်းရတော့ဘူး ... အဲဒီအချိန်မှ ပြောလို့ရတယ် ... Saint နားထောင်စေချင်တဲ့အချိန် ကိုယ်နားထောင် ပါ့မယ် ... ကိုယ့်ကို Saint က ချစ်သူဖြစ်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါ bae ... ကိုယ့်ကြောင့် bae ဘယ်တော့မှ မခံစားစေရဘူး ... bae ကို အမြဲတမ်းပျော်ရွှင်စွာပဲ ထားမယ်လို့ ... ကတိပေးတယ် ... ကိုယ့်ကြောင့် bae ရဲ့ နှင်းဆီရောင်နှုတ်ခမ်းလေးထက်မှာ အပြုံးကို အမြဲဖန်ဆင်းပေးပြီး ... မျက်လုံး လေးတွေ မှေးမှိတ်တဲ့အထိ ရယ်မောပျော်ရွှင်အောင်ထားမယ်ဆိုတာ ... ယုံပေးနော် ..."

🖤Strange Love (Pause)Where stories live. Discover now