Part - 3
မနက်ရောက်သော် Perth တစ်ယောက် ညကတော်တော်နဲ့မအိပ်လို့ မနက်ကျတော့လည်း အ စောကြီးနိုးနေပြီ ... (၀ိရိယကောင်းတဲ့ သားပုလေး ... သားစိမ့်ဆီ သွားရမယ်ဆိုလို့ ... စောစော အိပ် ယာထတယ်ပေါ့)
Perth -"အင်း ... အစောကြီးနိုးနေပါလား ... မြန်မြန်လုပ်ပြီး ... မျောက်ကိုခေါ်ပြီး ... Saint တို့ဆီ သွား ရမယ် ..."
မြန်မြန်ရေချိုးခန်းထဲဝင် ရေချိုးပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်နေစဉ်
Perth Mom - "သားရေ ... သား Perth ... ကျောင်းသွားဖို့ မထသေးဘူးလား ..."
Perth- "နိုးနေပါပြီ မေမေ ... သားခဏနေ ဆင်းလာခဲ့မယ်နော် ..."
Perth Mom - "အမယ်လေး ... အစောကြီးနိုးလို့ပါလား သားရဲ့ ... မေမေ မနက်စာပြင်ဆင်ထား လိုက်မယ်နော်"
(သူ့ချစ်ချစ်ဆီ သွားရမှာမို့ပါ မေမေရေ ... မေမေ မသိပေမယ့် ... ဒီက မားကတော့ သိတယ်)
Perth -"သား ... မစားတော့ဘူး ... မေမေ ... ကျောင်းသွားတော့မှာ ... ကျောင်းရောက်မှပဲ Plan နဲ့ အတူတူ စားလိုက်တော့မယ်နော် ... သားသွားတော့မယ်နော် ... မေမေ ... ဘိုင့်ဘိုင်"
Perth Mon Pov- ဒီကလေး ရည်းစားရနေပြီလား မသိဘူး ... အစောကြီး အိပ်ယာထပြီး ... ဒီကလေး ... ထူးထူးဆန်းဆန်းပါလား ... (မရသေးပါဘူး ... သားပုက အခုမှ ရင်မုန်တုန်းရှိပါသေးတယ် မေမေ)
Plan - "၀ါး ...လောရှည်နဲ့တွေ့ရင် မုန့်တွေအများကြီးဝယ်ကျွေးခိုင်းမယ် ... ဟွန့် မြန်မြန်ပြင်ဆင်မှပဲ ..."
Plan လည်း အဆင်သင့်ပြင်ဆင်ပြီး Perth ကို ထိုင်စောင့်နေလျက်
Perth ကားမောင်းကာ အိမ်ကထွက်လာပြီး Plan ကိုဝင်ခေါ်၍ Saint တို့အိမ်ကို နှစ်ယောက်အတူတူ ထွက်လာခဲ့သည်။
Saint - "၀ါး ... ဟာ 6နာရီတောင် ထိုးနေပြီ နောက်ကျနေတော့မှာပဲ ... Perth လာခေါ်ပါ့မယ်ဆို ... မြန်မြန်လုပ်ပြီး စောင့်နေမှပဲ ..." (ဟင့် ... အရင်ကဆို ကျောင်းသွားဖို့ 7နာရီကျော်မှ ထတဲ့ကလေးက)
Saint ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ Mean က ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီး ထိုင်စောင့်နေတာ တွေ့၍
YOU ARE READING
🖤Strange Love (Pause)
RomancePerth 🖤SWU University မှာ စာကိုကြိုးစားပြီး အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်သင်ယူနေတဲ့ First Year ကျောင်းသား ကိုယ်ဝါသနာပါတဲ့ ကျောင်းရဲ့ Football Team မှာ ပါဝင်ထားပြီး ဒုက္ခရောက်နေ သူတွေကို အမြဲစာနာပြီး အမြဲကူညီတတ်သူ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်း...