3.4

5.5K 600 18
                                    

မုန့်ကျိုးဟာ အရောင်ဆိုးဆေးအားလုံးကိုနှမြောမနေဘဲ သေချာရောမွှေလိုက်၍ ခြင်းထဲကအဝတ်တွေအားလုံးက အစိမ်းရင့်ရောင်ပြောင်းသွားသည်။ ဒါတွေမြင်လျှင် ဖြစ်သွားမယ့်အစေခံတွေရဲ့မျက်နှာကိုအေးအေးဆေးဆေးထိုင်ကြည့်ဖို့စောင့်နေလိုက်တော့သည်။

အော့က ထိုအခြင်းအရာအားလုံးကို သခင်အားတင်ပြလျက် " သခင် အစေခံတွေကသူ့ကို ဒုက္ခပေးနေကြပုံပေါ်တယ် " အော့ ပြောပြပြီးနောက် ခေါင်းကိုငုံ့ထားကာ သူ့သခင်ကိုကြည့်ပင်မကြည့်ရဲ။

" ဟမ့် သူတို့တွေကိုတောင်ပေါ်မှာ စွန့်ပစ်လိုက် "

" သခင် အဝတ်တွေကတော့ အစိမ်းရောင်ပြောင်းကုန်ပြီ "

" အို ? "

" သခင့်ကြင်ယာတော်က အစေခံတွေကို ပညာပြလိုက်ပုံရတယ် " အန်းရှန့်ရှယ်လည်း အစိမ်းရောင်ပြောင်းနေမယ့်အဝတ်တွေကိုတွေးကြည့်ရင်း လှောင်ပြုံးပြုံးကာ အော့ကိုထွက်သွားဖို့အချက်ပြလိုက်၍ နှုတ်ဆက်ပြီး လေထဲမှာပျောက်ကွယ်သွားပြန်သည်။

နောက်တစ်ရက်မှာတော့ မုန့်ကျိုးဟာ သူ့ကိုဒုက္ခပေးချင်နေကြတဲ့အစေခံအုပ်စုပျောက်နေမှန်း သတိထားမိလိုက်သည်။ ဒါဟာသူ့ချစ်သူလက်ချက်မှန်းလည်း ခန့်မှန်းမိလိုက်သည်။

မုန့်ကျိုးအခန်းပြန်ကာအဝတ်အစားလဲပြီးချိန် သူ့ချစ်သူအငွေ့အသက်ကိုခံစားလိုက်ရ၍ အန်းရှန့်ရှယ်လမ်းလျှောက်ပြီးဝင်လာချိန်မှာ သူ့အင်္ကျီကိုပြန်ချွတ်ပြီး ဝတ်ချင်ယောင်ဆောင်လိုက်သည်။

အန်းရှန့်ရှယ် ပထမဆုံးမြင်လိုက်ရတာက ဖြူဝင်းစိုပြေသောအသားအရေလေး၊ ကောင်လေးခန္ဓာကိုယ်ကိုကြည့်ရင်း သွေးတွေပြောင်းပြန်စီးနေသလိုခံစားလိုက်ရသည်။ ရှက်နေတဲ့ကောင်လေးရဲ့ အမ် အာ ဆိုတဲ့ငြင်သာတဲ့အသံလေးကြားမှသာ လက်ရှိကိုပြန်ရောက်လာပြီး ချောင်းဟန့်လိုက်သည်။

" ဒါ ဝတ်လိုက် " အဝတ်တစ်စုံပစ်ပေးပြီးနောက် ထွက်သွားလေသည်။

မုန့်ကျိုးကတော့ ပျော်ပျော်မြူးမြူးနဲ့ရယ်လိုက်ကာ ဝတ်လက်စဝတ်စုံကိုချွတ်ပစ်ပြီး ပေးလာတဲ့ဝတ်စုံသာဝတ်လိုက်သည်။ တကယ်မဆိုးပေ၊ အပြာနဲ့ အဖြူစပ်ထားသောယောက်ျားလေးဝတ်စုံပင်၊ ကောတစ်ယောက်ဖြစ်ပေမယ့်လည်း အဝတ်အစားနှင့်ပတ်သက်ပြီးတင်းကျပ်ပုံမရ၊ သူ့ပုံစံကမိန်းမဆန်ဆန် သေးသေးသွယ်သွယ်ခန္ဓာကိုယ်၊ အထူးသဖြင့် ရှည်လျားနက်မှောင်တဲ့ဆံနွယ်တွေကိုမစီးနှောင်ဘဲဖြန့်ထားတာကြောင့် အရမ်းကိုချောမောလှပလွန်းနေသည်လေ။

SYSTEM XIAO BAO ZI  •|ARC-3+4|•  [MM Translation]Where stories live. Discover now