"နင်" မုန့်မုန့်ဟာ အန်းရှန့်ရှယ်ဘေးမှာရပ်နေတဲ့မုန့်ကျိုးဆီကိုအပြေးအလွှားသွားလေသည်။ အင်မတန်ချောမောလှသောအန်းရှန့်ရှယ်အားကြည့်မိစဉ် မှင်တက်ငေးမောမိပြန်တာကြောင့် သူမစိတ်ကိုသူမ အတော်ပြန်ထိန်းလိုက်ရသည်။ မုန့်ကျိုးကတော့ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းမိတာကြောင့် မနှစ်မြို့သလိုမျက်ဝန်းအစုံအားမှေးကြည့်နေလိုက်သည်။
မုန့်မုန့် အန်းရှန့်ရှယ်နဲ့အရမ်းနီးကပ်နေတဲ့သူ့အားတမင်အဝေးကိုဆွဲလိုက်တာကြောင့် ဒီအရှက်မရှိမျက်နှာပြောင်တိုက်လွန်းတဲ့မိန်းမကို အန်းရှန့်ရှယ် အလွန်ဒေါသထွက်လေပြီ။ အန်းရှန့်ရှယ်ရှေ့တိုးလိုက်ပြီး မုန့်မုန့်အားကြည့်၍ " မင်း...ငါ့ကြင်ယာတော်ကိုဘာလုပ်တာလဲ " ဟုအေးစက်စက်စူးစိုက်ကြည့်ရင်း သူ့အစ်မကြောင့်ဘာလုပ်ရမလဲမသိ ပျာယာခတ်နေတဲ့မုန့်ကျိုးကိုပြန်ဆွဲခေါ်လိုက်သည်။
ဒီအရူးကောင်မုန့်ကျိုးသာ သူ့လက်ထပ်ပွဲကိုမလုယူခဲ့လျှင် အခုအန်းရှန့်ရှယ်ဖက်ထားမည့်သူဟာသူမပင်။ မုန့်မုန့်ဟာ သူ့အတွေးထဲမှာ သူဘာလုပ်လုပ်အမှားမရှိ၊ သူဘာပြောပြောအမှန်၊ အားလုံးကသူပြောတာကိုလက်ခံလိုက်နာရမယ် ဟူ၍သာသူ့အတွေးထဲမှာရှိသည်။ သူမဟာ မုန့်ကျိုးနဲ့မတူပင်။ သူမလုံးဝသည်းမခံနိုင်ပေ။
(TN: အလကား အရူးမကြီး၊ ဆိုက်ကိုမ 😠)
" ကျွန်မက? သူက? ရှင့်ကြင်ယာတော်? " မုန့်ကျိုးအားမုန်းတီးစွာစိုက်ကြည့်ရင်းမေးလိုက်သည်။ " ကျွန်မကရှင့်ကြင်ယာဖြစ်ရမှာ၊ သူမဟုတ်ဘူး၊ နင်အရူးကောင်၊ နင်ဘာလို့ငါ့ဟာတွေကိုဘဲ လုယူချင်နေရတာလဲ၊ နင်ကြိုက်တဲ့မင်းသားကိုမရတာကြောင့် ငါ့အပေါ်လက်စားချေတာပေါ့လေ " မုန့်မုန့်ဟာပြောရင်း လူပုံအလယ်မျက်ရည်ခံထိုးတော့သည်။
လူတိုင်းက မုန့်မုန့်ရဲ့အဖြူကိုအမဲ၊ အမဲကိုအဖြူလုပ်ကာ လိမ်လည်ပြောနေမှန်းသိပေမယ့်လည်း သူမကိုသာထောက်ခံပေးကြပုံဖြင့်
" ဘယ်လိုတောင်ယုတ်မာလိုက်တဲ့ကလေးလဲ၊ ကိုယ့်အမရဲ့လက်ထပ်ပွဲတောင်လုယူရတယ်လို့ကွာ "
YOU ARE READING
SYSTEM XIAO BAO ZI •|ARC-3+4|• [MM Translation]
Roman d'amourဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်ကတော့ ကျွန်တော် ရှောင်ကျိုးပါ။ ကျွန်တော်က ရှောင်ပေါင်ဇီလို့ခေါ်တဲ့ systemတစ်ခုနဲ့ဆက်သွယ်မိသွားတယ်။ ကျွန်တော့်ရဲ့အတိတ်ဘဝကလည်းအကောင်းကြီးမဟုတ်ခဲ့ပါဘူး။ အတိတ်ဘဝမှာ ကျွန်တော်ကသရုပ်ဆောင်နဲ့ အချိန်ပိုင်းမော်ဒယ်လုပ်ခဲ့တာ။ အခုတော့ မတူည...