4.3

4.6K 486 3
                                    

ဒီတစ်ခေါက်မှာတော့ ထျန်းကျိုးဟာ ယွင်ကျိဟောင့်ဆီပျော်ပျော်ရွှင်ရွှင်လက်မဆန့်ပေးလေတော့ ထိုအပြုအမူဟာ ယွင်ကျိဟောင့်ကို နည်းနည်းစိတ်ရှုပ်သွားစေသည်။ သူကိုယ်တိုင်ပွေ့ချီပေးဖို့ကိုစောင့်နေတာများလား။

" ကျွန်တော်....ဆရာ.. ဆရာ့အတွက် ကျွန်တော်ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီ၊ ကျွန်တော်တောင်းပန်ပါတယ် " ထျန်းကျိုးရှက်ရှက်နဲ့ခေါင်းငုံ့ပြောလိုက်သည်။

' ငါသာမသန်မစွမ်းတစ်ယောက်မဖြစ်ခဲ့လျှင် ... '

[ ဒီအတွက်ရွေးချယ်စရာမရှိပါဘူး Host, ပြီးခဲ့တဲ့ကမ္ဘာတုန်းက missionတစ်ခုလေးတောင်မှမပြီးမြောက်ဘဲကျရှုံးခဲ့တာလေ ]

ယွင်ကျိဟောင့်က စိတ်ဓာတ်ကျနေတဲ့ထျန်းကျိုးကိုကြည့်ပြီး ဘာစကားတစ်ခွန်းမှမပြောနိုင်ခဲ့။ သူဘယ်လိုပြောရမလဲ၊ ဒုက္ခိတဖြစ်နေတာကမင်းအပြစ်မဟုတ်ပါဘူးလို့လား၊ ကိုယ်လည်းမင်းကိုစာနာမိပါတယ်လား၊ ဒီစကားတွေကမှ သူ့ခံစားချက်ကိုပိုထိခိုက်စေမယ်မဟုတ်လား။

" ခင်ဗျား ကျွန်တော့်ကိုပွေ့ချီပေးမနေပါနဲ့တော့၊ ကျွန်တော် ဝှီးချဲငှားလို့ရမလား " ထျန်းကျိုးသူ့ကိုထပ်မချီစေချင်မှန်း ယွင်ကျိဟောင့်သိလိုက်ရပြီ။ ထျန်းကျိုးပြောသမျှမကြားသလိုလျစ်လျူရှုကာ ကောင်လေးကိုပွေ့ချီလိုက်ပြန်သည်။ သူ့လက်မောင်းထဲမှာ အနှီကောင်လေးဟာရုန်းကန်နေပေမယ့်လည်းလေ။

" မင်း...ဒီလှေကားထစ်တွေကိုအတက်အဆင်းဘယ်လိုလုပ်မှာလဲ၊ ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ၊ ဝှီးချဲနဲ့ဘယ်နေရာကိုဖြစ်ဖြစ်သွားနိုင်မလား၊  ကိုယ့်တာဝန်သာထားလိုက်ပါ၊ ကိုယ်မင်းကိုပွေ့ချီမနိုင်လောက်တဲ့ထိအားမနည်းသေးဘူး " ယွင်ကျိဟောင့် မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်ပြီးနောက်ပြန်လည်ချော့မော့ကာ ခေါင်းလေးကိုအသာပုတ်ပေးလိုက်သည်။

မူလထျန်းကျိုးရဲ့စွဲကျန်နေဆဲဝိဉာဉ်ရှိနေသေးတာကြောင့် မူလထျန်းကျိုးရော ယခုလက်ရှိထျန်းကျိုးပါ ရင်ထဲထိသွားသည်။ အထူးသဖြင့် အရင်ထျန်းကျိုးပေါ့လေ။ သူ့မျက်လုံးထောင့်မှ မျက်ရည်အချို့ကျဆင်းလာတော့သည်။ " ကျ-ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်တော့်ကို ဘယ်သူကမှဒီလိုကောင်းကောင်းမဆက်ဆံပေးဖူးဘူး " ဒီစကားတွေဟာ သူ့နှလုံးသားအနက်ရှိုင်းဆုံးနေရာကလာတာပါ။ မူလထျန်းကျိုးဟာ ပျော်ရွှင်တဲ့ဘဝကိုမရရှိခဲ့လေဘူး။ အမြဲတမ်း အနှိပ်စက် အနိုင်ကျင့်ခံရရှာတယ်။ သာမန်လူတစ်ယောက်လိုတောင်မဆက်ဆံခဲ့ကြဘူး။ သူကလူမှုအသိုင်းအဝိုင်းမှာ အပယ်ခံသာသာပင်။

SYSTEM XIAO BAO ZI  •|ARC-3+4|•  [MM Translation]Where stories live. Discover now