ယွင်ကျိဟောင့်အပြေးအလွှားသွားကာ စင်္ကြံနားနီးလာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတုန်လှုပ်နေတဲ့မိန်းကလေးသံနဲ့ တည်ငြိမ်စွာပြန်ဖြေနေတဲ့အသံလေးကိုကြားလိုက်ရသည်။ ဒီအသံက...ထျန်းကျိုးမလား။ သူဖြေးဖြေးလျှောက်လိုက်ပြီး စကားသံတွေကြားနိုင်တဲ့နံရံအကွယ်မှာနေရာယူလိုက်သည်။
" န-နင်!! ထျန်းကျိုး... အတန်းဖော်တွေကနင့်ကိုကောင်းကောင်းဆက်ဆံပြီဆိုတာနဲ့ နင့်ကိုယ်နင်ထူးခြားနေပြီလို့ထင်မနေနဲ့။ ငါ့ကိုထပ်ပြီးဆန့်ကျင်တာနဲ့ နင့်ရဲ့ကျောင်းသားဘဝကိုငရဲရောက်နေသလိုလုပ်ပစ်လိုက်မယ်။
Baoziအသိပေးမှုကြောင့် ယွင်ကျိဟောင့်နံရံအကွယ်မှာရောက်နေပြီမှန်း ထျန်းကျိုးသိလိုက်သည်။ လင်းစီးရန်စနေတာတောင် ထျန်းကျိုးမျက်နှာအမူအရာကိုချက်ချင်း သနားစဖွယ်ပြောင်းပစ်လိုက်ပြီး ငိုတော့မလိုပင်။
တစ်ယောက်ယောက်မြင်သွားမည်ကိုစိုးရိမ်မိ၍ သူမအသည်းအသန်ဘေးဘီကိုဝေ့ဝဲကြည့်လေသည်။ အကယ်၍သာ သူတို့မြင်သွားခဲ့လျှင် ထျန်းကျိုးရဲ့မျက်ရည်အပြည့်နှင့်မျက်နှာလေးကိုကြည့်ပြီး သူမအနိုင်ကျင့်နေတယ်လို့ယူဆမှာအသေအချာပင်။ ဘေးဘီကြည့်လိုက်ပြီးဘယ်သူမှမတွေ့တော့မှသာ သူ့ကိုပြန်ကြည့်လိုက်သည်။ ထျန်းကျိုးသနားစဖွယ်အမူအရာမလုပ်ခင် သူ့မျက်လုံးထဲမှာ အထင်သေးရွံရှာနေသောအကြည့်ကိုသာမြင်လိုက်ရသည်မဟုတ်လား။
ဒါဟာ!!
ဒီရွံစရာကောင်းတဲ့အကောင်။ ဒီကောင်က သိသိသာသာကြီးကိုတွန်းအားပေးနေတာပဲ။ သူမဒေါသမထိန်းနိုင်တော့ဘဲ ပေါက်ကွဲလာရပြီလေ။
" ထျန်း.ကျိုး.!! နင်အရင်က ငါ့ကိုသဘောကျနေမှန်း ငါသိတယ်။ ငါ့ကိုလိုက်ဖို့ကြိုးစားနေတာရပ်လိုက်ပါ။ ငါနင့်ကိုလုံးဝမကြိုက်ဘူး။ နင့်ကိုလူတွေအနိုင့်ကျင့်ချင်အောင် နင်ကိုယ်တိုင်လုပ်နေခဲ့တာ။ နင့်ကိုလှေကားပေါ်ကတွန်းချလိုက်တာကို လက်စားပြန်ဖို့ကြိုးစားမနေနဲ့။ ငါက နင့်လိုအမှိုက်ကောင်မျိုးကို ဘယ်တော့မှမကြိုက်ဘူး။ ဘယ်တော့မှ!! " သူမ မုန်းတီးစွာအော်ဟစ်လေသည်။ ယွင်ကျိဟောင့် နောက်ဆုံးတော့ ဒီအသံပိုင်ရှင်ကိုသိလိုက်ပြီ။ ဒါက သူ့နောက်ကိုတက်တက်ကြွကြွအမြဲလိုက်နေတဲ့ ကျောင်းသူပဲ။ ကျောင်းအလှမယ်လို့ခေါ်တယ်ဆိုလား။ အတွင်းစိတ်ကဒီလောက်ပုတ်နေတာများ ဘာကိုလှရမှာလဲ။ ယွင်ကျိဟောင့် ပြောနေတဲ့စကားတွေကနေ လျှို့ဝှက်ချက်လေးတွေသိလိုက်ရပြီး သူ့မျက်နှာမှာအေးစက်လာတော့သည်။
YOU ARE READING
SYSTEM XIAO BAO ZI •|ARC-3+4|• [MM Translation]
Romanceဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်ကတော့ ကျွန်တော် ရှောင်ကျိုးပါ။ ကျွန်တော်က ရှောင်ပေါင်ဇီလို့ခေါ်တဲ့ systemတစ်ခုနဲ့ဆက်သွယ်မိသွားတယ်။ ကျွန်တော့်ရဲ့အတိတ်ဘဝကလည်းအကောင်းကြီးမဟုတ်ခဲ့ပါဘူး။ အတိတ်ဘဝမှာ ကျွန်တော်ကသရုပ်ဆောင်နဲ့ အချိန်ပိုင်းမော်ဒယ်လုပ်ခဲ့တာ။ အခုတော့ မတူည...