4.7

4.6K 558 22
                                    

များကြီး upပေးထားတယ်နော် မဖတ်ကြရင်ငိုမှာ😔😔
ကိုယ်လည်း ဒါလေးအရင်ပြီးတော့မှပဲစိတ်ဖြောင့်မှာ Arc-4ကအရင်ဆိုတော့လေ...သူ့မပြီးသေးဘဲ Arc-5ကိုရေးဖို့စိတ်ကသိပ်မပါလို့......
အဲ...လေပေါနေတာများသွားပြီ..... 😁😁

••••••••

ယွင်ကျိဟောင့် ပိုပြီးကြည့်မိလေ ပိုပြီးဝမ်းနည်းမိလေသည်။ ဘာကြောင့်ဆို ထျန်းကျိုး တစ်ယောက်ထဲလုပ်ဖို့ရာခက်ခဲနေရင်တောင်မှ သူ့ကိုအားမကိုးတော့၊ အကူအညီမတောင်းတော့ပေ။ ကားထဲဝင်ဖို့ခက်ခက်ခဲခဲကြိုးစားနေရာမှ ထျန်းကျိုးပြုတ်ကျလေသည်။ (TN: သနားစရာငါ့ကလေးလေး ☹️)

သူပြုတ်ကျသွားတော့ ကားပေါ်တက်ဖို့ရာ ခြေထောက်တွေရွှေ့လို့မရ၍ ပိုအခက်တွေ့နေရသည်။ ထျန်းကျိုး သူ့ခြေထောက်တွေရွေ့လိုရွေ့ငြားကြိုးစားနေမိပြီး သူ့ကိုယ်သူကားပေါ်ရောက်အောင်အားထုတ်နေသည်ကိုမြင်သော် ထျန်းကျိုးရုန်းကန်နေပေမယ့်လည်း ယွင်ကျိဟောင့်အတင်းပွေ့ချီလိုက်ကာ ခုံမှာနေရာချပေးလိုက်သည်။

" ကျွန်တော် တကယ်ပဲ အဲ့လောက်တောင်အသုံးမဝင်တော့ဘူးလား။ ကားပေါ်တောင်ကိုယ့်ကိုယ်ကိုမတက်နိုင်တော့ဘူး..." ထျန်းကျိုး ကိုယ့်ကိုယ့်ကိုအထင်သေးမှုအပြည့်ဖြင့် ဟန်လုပ်ရယ်နေကာ မျက်ရည်များကကျဆင်းတော့မလိုလို။ ဒီကလေးရဲ့အားပျက်နေတဲ့စကားတွေကြားလိုက်ရ၍ ယွင်ကျိဟောင့် သူ့ခံစားချက်တွေထိန်းမထားနိုင်တော့ပေ။

ယွင်ကျိဟောင့် ညစ်ပေနေတဲ့လမ်းမပေါ်မှာချက်ချင်းဒူးထောက်ထိုင်လိုက်ပြီး ထျန်းကျိုးလက်ကလေးတွေကိုအုပ်ကိုင်လိုက်ကာ " မင်း...ထျန်းကျိုးလေးကအသုံးမဝင်တဲ့သူမဟုတ်ပါဘူး။ မင်းအဆင့်တွေကောင်းတာပဲမဟုတ်လား "

" အဆင့်တွေ? အဆင့်တွေကလမ်းပြန်လျှောက်နိုင်ဖို့ရာကူညီနိုင်ကြလို့လား " မှုန်မှိုင်းနေပြီးအသက်မပါသလိုဖြစ်နေတဲ့ထျန်းကျိုးမျက်ဝန်းလေးကို ယွင်ကျိဟောင့်အသည်းနာစွာမြင်လိုက်ရသည်။

" မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ် မင်းနဲ့အတူတူနေပေးမှာလေ၊ ကိုယ် မင်းဘေးကနေဘယ်တော့မှထွက်မသွားပါဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ဘာမှမလုပ်နိုင်ဘူး၊ ဘယ်သူမှမရှိဘူးလို့တွေးမနေနဲ့။ မင်းအတွက် ကိုယ်အားလုံးလုပ်ပေးမှာပေါ့။ မင်းမလုပ်နိုင်တဲ့အရာအားလုံးကိုလည်း အဆင်ပြေအောင် ကိုယ်ကူညီပေးမှာ။ ဟုတ်ပြီလား။ ဒါကြောင့်မို့ ငိုချင်ရင်ငိုချပစ်လိုက်၊ ချုပ်တည်းထားမနေနဲ့တော့ " မျက်ရည်တွေတစ်စက်ပြီးတစ်စက်ကျလာသည်မို့ ထျန်းကျိုးအမြင်တွေဝေဝါးသွားရပြီလေ။ ယွင်ကျိဟောင့် ဒီချစ်စရာကောင်လေးရဲ့မျက်ရည်တွေကို သူ့အင်္ကျီလက်နဲ့အသာသုတ်ပေးနေပြီး စိုရွှဲလာပေမယ့်လည်း ဂရုပင်မစိုက်ပေ။

SYSTEM XIAO BAO ZI  •|ARC-3+4|•  [MM Translation]Where stories live. Discover now