အခုကနေ့လည်စာစားချိန်ရောက်ပြီဖြစ်၍ ထျန်းကျိုးလည်း အတန်းဖော်တွေ ဆရာတွေရဲ့သနားဖွယ်အကြည့်တွေကနေ နောက်ဆုံးတော့လွတ်မြောက်နိုင်ပြီလေ။
' အတိတ်မေ့တာဟာတကယ်ပဲ ကိစ္စကြီးတစ်ခုလား၊ ငါဝှီးချဲနဲ့တုန်းကတောင် ဘာလို့ ဒီလိုသနားစရာအကြည့်တွေမရခဲ့ရတာလဲ ' ထျန်းကျိုးလေးဟာ သူ့အတန်းဖော်တွေရဲ့ပြောင်းလဲသွားတဲ့အကြည့်တွေကြောင့် အံ့သြနေမိသည်။ လုံးဝကိုပြောင်းလဲသွားတာများ ၁၈၀ဒီဂရီလောက်ကြီးထိတောင်၊ အရင်နဲ့မတူတော့ပေ။
[ Host ကျွန်တော်ထင်တာကတော့ အကြည့်တွေကြောင့်ပဲထင်တယ် ]
' ငါမသိလို့ တစ်ခုခုလောက်ပြောပြစမ်းပါ '
" ကျေးဇူးပြုပြီး ဒီမှာထျန်းကျိုးရှိလားရှင့် " ငြင်သာတဲ့အသံလေးတစ်ခုထွက်လာသည်။
" ကျောင်းအလှမယ်လေး၊ သူကကျောင်းအလှမယ်လေးပဲကွ "
" သူကထျန်းကျိုးကိုလာရှာတယ်လား။ ကံကောင်းလိုက်တဲ့ကောင်လေး "
ထျန်းကျိုးလှမ်းကြည့်လိုက်တော့ သူ့မှာသေးသွယ်တဲ့မျက်နှာလေး၊ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းလေး၊ မျက်တောင်ရှည်ရှည်ကော့ကော့လေးတွေရှိတာကြောင့် လူတိုင်းရဲ့အာရုံကိုဆွဲဆောင်နိုင်သည်။ ဒါပေမယ့် လုံးဝကိုခင်မင်ရင်းနှီးနိုင်ဖွယ်လက္ခဏာမရှိပေ။
" ကျွန်မ ဂျူနီယာထျန်းကျိုးကိုလာရှာတာပါ၊ တစ်ယောက်ယောက်များ သူ့ဆီညွှန်ပေးလို့ရမလားရှင် " အံ့သြနေပြီးအူကြောင်ကြောင်ဖြစ်နေပုံရတဲ့ ချစ်စရာကောင်လေး ထျန်းကျိုးကိုလက်ညှိုးထိုးပြလိုက်ကြသည်။ တကယ့်ကို သူတော်တော်ချစ်ဖို့ကောင်းနေတာ၊ ကျောင်းအလှမယ်လေးထက်တောင်ပိုလှနေတာ။ ဒါပေမယ့် နူးညံ့သိမ်မွေ့ဟန်ရှိတဲ့ကျောင်းအလှမယ်လေးရဲ့ပုံရိပ်ဟာ အခုချိန်မှာတော့ ကျောင်းသားတွေအပေါ်ပိုအကျိုးသက်ရောက်သည်၊ ပိုနှစ်သက်ကြသည်။
ကျောင်းအလှမယ်က ဝှီးချဲပေါ်ကချစ်စရာကောင်လေးကိုတွေ့လိုက်ရတော့ အရမ်းကိုအံ့သြနေမိသည်။ ဒါ-ဒါက ထျန်းကျိုးလား၊ မဖြစ်နိုင်လိုက်တာ၊ ဒါပေမဲ့...သူကဝှီးချဲပေါ်မှာထိုင်နေတာပဲ။
YOU ARE READING
SYSTEM XIAO BAO ZI •|ARC-3+4|• [MM Translation]
Romanceဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်ကတော့ ကျွန်တော် ရှောင်ကျိုးပါ။ ကျွန်တော်က ရှောင်ပေါင်ဇီလို့ခေါ်တဲ့ systemတစ်ခုနဲ့ဆက်သွယ်မိသွားတယ်။ ကျွန်တော့်ရဲ့အတိတ်ဘဝကလည်းအကောင်းကြီးမဟုတ်ခဲ့ပါဘူး။ အတိတ်ဘဝမှာ ကျွန်တော်ကသရုပ်ဆောင်နဲ့ အချိန်ပိုင်းမော်ဒယ်လုပ်ခဲ့တာ။ အခုတော့ မတူည...