မတည့်အတူနေ2wish 💙💚part-6

637 48 2
                                    

အိမ်အပြန်လမ်း.... planကအရင်စက်ဘီးနင်းပြီးရှေ့ကထွက်လိုက်တယ် Mean ကplanနောက်ကလိုက်ထွက်တယ် တနေကုန်မျက်နှာချင်းမဆိုင်သလိုစကားလည်းမပြောဖြစ်(ရှက်နေကြတာ အပြင်မှာတော့သူတို့ကမရှက်တက်ကြပါဘူးသိတယ်မှတ်လား😁)မတည့်တာမတည့်တာplanစကားမပြောတော့လည်းမနေတက် အဲ့တော့
သူပဲစကားစပြောဖို့ဆုံးဖြတ်လိုက်တယ်...

Mean...plan... planခေါ်နေတယ်လေကွာplan
Planကလှည့်မကြည့်ဘဲ စက်ဘီးကိုဆက်နင်း အရှိုန်တော့်မတင်ဘူး မူနေတာချော့တာစောင့်နေတာလေ Meanစက်ဘီးကိုအရှိန်တင်ပြီးplanရှေ့ပိတ်ရပ်လိုက်တယ်
Plan...ဟေ့ကောင်ဘယ်လိုဖြစ်နေတာလဲတိုက်မိတော့မယ်...
Mean...မင်းကခေါ်နေတာမှလှည့်မကြည့်တာ.. ပြီးတော့
Plan...ပြီးတော့ဘာဖြစ်လဲ
Mean...ငါ့ကိုလည်းစကားမပြောလို့လေ အဲဒါ မနေ့ကညကကိစ္စ
Plan...ဟာ အဲ့ဒါကြောင့်မဟုတ်ပါဘူး ငါ ငါဘာသာမပြောချင်လို့မပြောတာ ရှက်ကိုးရှက်ကန်းအသံလေးနဲ့ပြန်ဖြေ
Mean...မဟုတ်တာသေချာလား planမျက်နှာနားကပ်ပြီးမေးလိုက်တယ်
Plan...မဟုတ်ပါဘူးဆိုကွာ မင်းမျက်နှာကြီးငါ့ရှေ့ကဖယ်စမ်းပါ
Mean...ဘာလဲရင်ခုန်သွားလို့လား
Plan...သွားသေပါ့လား
Mean...ဟားဟားစတာပါကွာ စတာပါ ငါကgirlပဲစိတ်ဝင်စားတာလို့ပြောမလို့ပါ ညကကိစ္စကမတော်တဆပါအဲဒါကြောင့်စိတ်လည်းမဆိုးနဲ့ ခေါင်းထဲလည်းမထည့်နဲ့လို့
Plan...ငါကလည်းboyစိတ်မဝင်စားပါဘူး စိတ်ဝင်စားရင်တောင်မင်းမဟုတ်တာတော့သေချာတယ် ဖယ်ရှေ့က
စူပုတ်ပြီးထွက်သွားလေရဲ့
Mean...ဟာငါချော့ကမှပိုဆိုးပြီထင်တယ် သေရောဘယ်လိုလုပ်ရပမလဲ စဉ်းစားစမ်း အာသိပြီ ...
Planတို့ခြံထဲMayနဲ့panကကလေးတွေပြန်လာတာစောင့်ရင်းစကားပြောနေတုန်း
Pan...အော်ဟိုမှာသားလာပြီ သားလေး...ထမင်း...ဒုန်း...
Plan...ခြံထဲဝင်ဝင်ခြင်းပဲစက်ဘီးကိုပစ်ချပြီး အိမ်ထဲဝင်သွားလိုက်တယ် အမေတွေထိုင်နေတာကိုလည်းမမြင်
May...သားငယ်ဘာဖြစ်လာတာလဲသိဘူး
Pan..တခုခုဘဲ ထိုစဉ်အသည်းသန်ဝင်လာသောMean..
Pan.သေချာတယ် ရန်ဖြစ်လာကြတာပဲနေမှာပူမနေနဲ့တော့ သားMeanလက်ထဲရေခဲမုန်နဲ့...
May...အမလေးသူတော်တော်လွန်ထားလို့ထင်တယ်ရေခဲမုန့်နဲ့တောင်လာချော့တယ်ဆိုတော့ ဟီ
အမေနှစ်ယောက်ကသားတွေရန်ဖြစ်လိုက်တည့်လိုက်ကိုပဲပျော်နေကြတာ
Plan...အခန်းတံခါးကို ဝုန်းခနဲစောင့်ပိတ်ပြီး ကုတင်ပေါ်လှဲချလိုက်တယ် အတွေးထဲ စိတ်တိုတယ်စိတ်တိုတယ်ဘာကိုတိုတာလဲသေချာမသိ သူ့ဟာသူgirlပဲစိတ်ဝင်စားစားဘာပဲစိတ်ဝင်စားစားငါနဲ့ဘာဆိုင်လဲ ဘာကိုဒေါသထွက်နေရတာလဲ
Mean...တံခါးကိုအသာလေးဖွင့်ပြီးဝင်လာလိုက်တယ်တော်သေးလော့မချထားလို့ မှောက်ခုန်အိပ်နေတဲ့planနားကိုအသာလေးကပ်သွားပြီး ရေခဲမုန့်နဲ့ပါးဖောင်းဖောင်းလေးကိုကပ်လိုက်တယ်
Plan...ပါးလေးအေးခနဲဖြစ်သွားတော့ မျက်လုံးဖွင့်ကြည့်တော့ရေခဲမုန့် ပျော်ပြီးချက်ချင်းထလိုက်ပြီး meanမျကိနှာမြင်ပြီးပြန်စူပုတ်..
Mean...ရေခဲမုန့်လေမင်းအတွက်မင်းအကြိုက်ဆုံးလေ ငါဝယ်လာတာ စိတ်မဆိုးနဲ့ကွာ ငါမချော့တက်တော့ဘူး
(ကို့ဟာကိုလည်းအံသြအမြဲသတ်နေတာအခုမှဘာလို့ချော့ချင်နေမှန်းကိုမသိခုဏကပြောခဲ့တာတွေကလွန်သွားတာလားအာမသိတော့ဘူး ) အကျောတင်းကသူရှိနေရင်စားမှာမဟုတ်ဘူးအဲ့တော့ မြန်မြန်ပြန်မှချော့သာချော့ရတယ်စိတ်ထဲရှင်မိသား ရေခဲမုန့်စားပြီးစိတ်ဆိုးပြေနော် ငါပြန်ပြီ
Plan...Meanအခန်းထဲကထွက်သွားမှရေခဲမုန့်ကိုအားရပါးရစားပါတော့တယ် ပါးစပ်တွေပေပွပြီးတော့
Mean...ပြန်ချင်ယောင်ဆောင်ပြီးplanကိုပြန်ချောင်းလိုက်တယ် ရေခဲမုန့်ကိုအငမ်းမရစားနေတာ့ပြုံးပြီးကြည့်နေရင်း အကြည့်တွေ့ကနှုတ်ခမ်းဖူးဖူးပန်းရောင်လေးမှာရေခဲမုန်တွေ့ပေနေသာplanရဲ့နှုတ်ခမ်းလေး ချက်ချင်းဆိုသလို မနေ့ညက အဖြစ်ပျက်ကခေါင်းထဲဝင်လာအားငါဘာတွေတွေးနေတာလား ချက်ခြင်းအကြည့်လွဲပြီး ပြေးအဆင်းလှေခါးမှာpanနဲ့ဝင်တိုက်မိသလိုတောင်ဖြစ်
Pan..ဟဲ့ကလေးအော်သားရယ်ဖြေးဖြေးဆင်းလေပြုတ်ကျမယ်
Mean...မေမေpan တောင်းပန်ပါတယ်သားမမြင်လိုက်လို့...
Pan...ကိုတော်လေးစိတ်ကောက်ပြေပြီလား
Mean...ပြေပြီထင်တာပဲ သားပြန်ပြီမေမေဆိုပြီးပြေးတော့တာပဲ
Pan...အော်ဒီကလေးနဲ့ဘာတွေလောနေလဲသိဘူး

At home...
Plan..ဒီနေ့ကျောင်းပိတ်ရက်မို့ပျင်းပျင်းနဲ့ခြံထံဆင်းပြီးအပင်ရေလောင်းနေလိုက်တယ်ခြံထဲသစ်ပင်ရေလောင်းနေရင်း...အား ခေါင်းပေါ် ကျောက်စလစ်ခဲသေးသေးလေးကျလာတော့ ဘေးကိုရှာကြည့် ဘယ်ကောင်လက်ယားနေတာလဲ ဒီဖက်ပြန်အလှည့်ရှိသေးနောက်တစ်လုံးထပ်ရောက်လာ အား တောက်တင်းလာပြီနော်

Mean...သစ်ပင်ရေလောင်းနေတဲ့ planကိုတွေ့ပြီးစချင်တာနဲ့ ခြံထောင့်ကပ်ပြီး ပန်းအိုးထဲက ကျောက်စလစ်ခဲတွေနှိုက်ပြီးplanကိုလှမ်းပေါက် ပြီးတော့ပုန်းနေလိုက်တယ်
Plan...သုံးလေးခါလောက်ဆိုတော့သဘောပေါက်ပြီလေ ရေပိုက်ကို တစ်ဖက်ခြံထဲပတ်ဖြန်းလိုက်တယ် ပါးစပ်မှလည်း ရေလိုနေတာအပင်လေးတွေသေနေမှာစိုးလို့ရေသောက်ရေသောက်နော်

Mean...ဟာ ကွာ ဟာဆိုကုန်ပြီ လူရှိတယ်လူရှိတယ်ကွ
Plan...အောင်း မင်းရှိနေတာငါမှမသိတာ အပင်တွေရေငတ်သေမှာဆိုးလို့ ဟဲဟဲ
Mean...အလိုလား ခဏလေး ခြံထဲကရေပိုက်ဘားကိုပြေးဖွင့်လိုက်တယ် ပိုက်ကိုဆွဲယူပြီးplanကိုပတ်လိုက်တယ်
Plan...ဟေ့ကောင်မင်း
Mean...အပင်လေးတွေရေဓာတ်လိုနေလို့လေ ဟားဟား
တစ်ယောက်နဲ့တစ်ယောက်အပြန်လှန်ရေနဲ့ပတ်ဖြန်းနှစ်ယောက်လုံးလဲစိုရွဲလို့ (ရေစိုနေတဲ့bodyလေးတွေပြေးမြင်မိ 😁)
Pan..ဟဲ့တော်တော့ရပ်တော့ကလေးလည်းမဟုတ်တော့ဘူးဆော့နေကြတာလားဖျားကြမယ်နော်
Pan...ဟာမေမေကလည်းသူရင်လာစတာ မရပ်နိုင်ပါဘူး
May...တော်ကြတော့လေဖျားမယ်လို့ရပ်ကြတော့
Mean...မေမေကလည်း သူတောင်မရပ်တာသားအရင်ရပ်ရင်သားရှုံးမှာပေါ့
နှစ်ယောက်လုံးကိုပြောမရတဲ့အဆုံး ရေပိုက်ဘားကိုပဲပိတ်ပစ်လိုက်တယ် ရေမလာတော့မှ မေမေဆိုပြီးအပြိုင်ထအော်ပါလေရော
May...မလိုက်ဘူးလား အဝတ်စားဝယ်ပေးဖို့မွေးနေ့နီးနေပြီလေ
Mean...လိုက်လည်းမေမေတို့ကြိုက်ရာပဲဝယ်ပေးတာပဲကိုး
Plan...ဒီနှစ်လည်းသူနဲ့အတူဆင်တူဝတ်ရအုံးမှာလား
Pan...မရှည်နဲ့သွားရေချိုးအဝတ်စားလဲမြန်မြန်လုပ်
Plan...ပြောလည်းမရတာသိနေတော့ဟုတ်ဟုတ်
May...မင်းလည်းသွားလေဘာရပ်လုပ်နေလဲ မြန်မြန်
Mea...ဟုတ် ဟုတ်

🍎🍎🍎တနေ့ကkorea Fmအရှိန်ကမသေချင်သေးဘူးလေ ချိုလွန်းလို့ဆီးချိုတက်နေလို့အခုမှupဖြစ်တယ်

မတည့်အတူနေ2wish 💙💚Wo Geschichten leben. Entdecke jetzt