💙💚part-35

132 12 0
                                    

Plan...အိပ်ယာနိုးနိုးချင်းဘေးကနေရာလွတ်နေတော့
ပိတ်ရက်တောင်အစောကြီးဘယ်သွားတာလဲဟ
အောက်ထပ်မှာများလားဆိုပြီးဆင်းရှာတော့လည်းမရှိ
မီးဖိုချောင်ဘက်ရောက်တော့ ထမင်းစားပွဲခုံပေါ်က
အုပ်စောင်းကိုဖယ်လိုက်တော့ မနက်စာတစ်ချို့နဲ့ စာရွက်
တစ်ရွက်.....
Mean.....morning plan ကိုအပြင်သွားစရာရှိလို့
မင်းအတွက်မနက်စာလုပ်ပေးခဲ့တယ်နော်အားရှိအောင်
စားလိုက်အုံးမင်းကြည့်ရတာအားနည်းနေသလိုပဲ
ကိုယ်ညနေ၄နာရီ လောက်ပြန်လာခဲ့မယ်ဆက်ဆက်
စောင့်နေနော် ကိုယ်မင်းကိုဒီနေ့ဝန်ခံစာရာရှိတယ်
Plan...စာလေးဆုံးသွားတာနဲ့ အလှပဆုံးပြုံးလိုက်ပြီးငါလည်းဒီနေ့မင်းကိုဝန်ခံစရာရှိတယ် အပေါ်ကိုပြေးတက်ပြီး
ရေမိုးချိုးပြင်ဆင်လိုက်တယ်.....
ပေါ့ပေါ့ပါးပါးတစ်စုံကိုရွေးချယ်ဝတ်ဆင်ပြီး သူပြင်ပေး
ခဲ့တဲ့မနက်စာကိုအားရပါးရစားပြီး shopping centreဘက်သို့ထွက်လာလိုက်တယ်.....
မနေ့ညထဲကတွေးနေတာဒီနေ့အစီစဉ်တွက်သူ့ကိုဘယ်ကိုပထုတ်ရမလဲစဉ်းစားနေတာ သူအပြင်သွားတဲ့နဲ့အတော်
ဘဲ ခေါင်းသိပ်မစားတော့ဘူး ဒီနေ့shopping
centreမှာလူများသားများဆို Valentine day ကိုးကျွန်တော့်ဘဝမှာ ဒီရက်ကိုချစ်သူနဲ့အတူမဖြတ်သန်း
ဘူးသေးပြီး အခုရင်အရမ်းခုန်နေတယ်ပထမဆုံးဖြတ်သန်းရမယ့်ချစ်သူများနေ့မှာအချစ်ရဆုံးကိုကိုနဲ့
ကျွန်တော့ရဲ့အချစ်တွေကိုဒီနေ့ဝန်ခံတော့မှာ အချိန်တွေ
ကြာလာလေကိုကို့ကိုယ်ချစ်တဲ့အချစ်တွေပိုပိုတိုး
သထက်တိုးလာလို့ ဒီနေ့ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တာ
နှစ်ဦးသဘောတူချုပ်ထားတဲ့
စာချုပ်အရချစ်သူရှိရင်ဝန်ခံရမယ်ဆိုတာလေး တကယ်
တမ်းဝင်ခံရတော့လည်း လက်ထပ်ယူထားတဲ့သူဆီမှာ
ရယ်တော့ရရသား အတွေးတွေနဲ့လျောက်လာရင်း
ကလေးပစ္စည်းဆိုင်ရှေ့ရောက်တော့ သေးသေးကွေးကွေး
ပစ္စည်းလေးတွေကချစ်ဖို့ကောင်းလိုက်တာ ဒီနေ့ပြောရမယ့်အထဲ ဒီတစ်ခုကိုတော့လန့်မိတယ် ကိုကိုကမူးနေတာ
အဲ့ညကကိစ္စကိုမှတ်မိတာမဟုတ်ဘူး သူလက်ခံပေးပါ့မလား နည်းနည်းတော့စိုးရိမ်မိတယ် ဆိုင်အပြင်ဘက်ကငေး
နေရင်း ကိုကို.ကိုယ်လှမ်းတွေ့လိုက်တယ် ဟုတ်ပါတယ်ကိုကိုမှကိုကိုပါ သူဝင်သွားတဲ့ဆိုင်ကိုလှမ်းကြည့်လိုက်
တော့ နါမည်ကြီးနါရီဆိုင်တစ်ဆိုင် ဒီကိုဘာလာလုပ်တာလဲ
မဖြစ်သေးပါဘူးဝယ်စရာရှိတာမြန်မြန်ဝယ်ပြီးပြန်မှညနေ
အစီစဉ်ကိုပေးသိလို့မဖြစ်သေးဘူး ချောကလပ်လုပ်ဖို့ နဲ့ကိတ်မုန့်လုပ်ဖို့တွက်လိုအပ်တာတွေလိုက်ဝယ်လိုက်တယ်
Liquors တန်းဘက်ရောက်တော့ ဝိုင်ပုလင်းတွေဆီ
လက်ကရောက်သွားတယ် အကောင်းဆုံးထင်ရတဲ့စပျစ်ဝယ်တစ်ပုလင်းကိုကောက်ထည့်လိုက်တယ် သူသောက်မရပေမယ့်ကိုကိုတော့သောက်လို့ရတာပဲဆိုတဲ့အတွေးနဲ့
နောက်ဆုံးကျန်တာကလက်ဆောင် ဆရာဝန်လုပ်မယ့်
ကို့ကိုအတွက်Stethoscopeလေးဝယ်ပေးဖို့
စိတ်ကူးလိုက်တယ် ပြီးရင်ကို့နှလုံးခုန်သံကို
ကို့ကို့ကိုယ်အရင်နားထောင်ခိုင်းရမယ်
At home...
သင်ထားသမျှအကုန် လက်တွေ့အကောင်ထည်ဖော်လိုက်
ပြီး ချောကလပ်အရမ်းကြိုက်တဲ့ကို့ကို့အတွက် ဝက်ဝံပုံ
ချောကလပ်နဲ့ခြေင်္သေ့ပုံချောကလပ်လေး လုပ်လိုက်တယ်
ကိတ်မုန့်လည်းကို့ကိုအကြိုက်cheese cake လေး
စားပွဲပေါ်အပြာစိမ်းအကွက်စားပွဲခင်းလေးခင်းလိုက်တယ်
အလယ်မှာပန်းအိုးလေးတစ်လုံးအလှဆင်ထားလိုက်တယ်
ကိတ်မုန့်ကိုသေချာနေရာချပြီး ဖယောင်းတိုင်စိုက်ထား
လိုက်တယ် ကိတ်မုန့်ဘေးနားစပျစ်ဝိုင်ပုလင်းလေးကနေရာယူ စောနကအခြောက်ခံထားတဲ့ချောကလပ်လေးတွေကိုရေခဲသေတ္တာထဲမှထုတ်ပြီးအသင့်ဝယ်လာတဲ့
အလှဘူးလေးထဲသေချာထည့်ပြီးစားပွဲပေါ်တင်လိုက်တယ်
Stethoscopeဘူးလေးပေါ်မှာ love letter လေး
ကပ်လိုက်တယ် အကုန်လုံးသေချာပြင်ဆင်ပြီးတော့ ၃နာရီ
အတိ တစ်ကိုယ်လုံးလည်းဂျုံမှုန့်တွေ ကော်ဖီမုန့်တွေ
ဟင်းဆော်တွေနဲ့ ပေပွနေတာပဲ ဒီပုံနဲ့သာဆို ဘာမှမပြောခင်ကိုကိုထားသွားမှဒုက္ခ မဖြစ်သေးဘူး အပေါ်အမြန်ပြေး
တက် ပြီးတော့မှsorry ကလေးမင်းရှိနေတာမေ့သွား
တယ်မင်းdaddy ကြောင့်အဲဒါ တစ်ယောက်ထဲစကား
တွေပြောပြီး လှေကားပေါ်ဖြေးဖြေးချင်းတက်လိုက်တယ်
ရေချိုးပြီးတော့ဗီဒိုထဲမှ အကျီၤရှပ်အဖြူလေးကိုရွေးချယ်
ဝတ်ဆင်လိုက်တယ် လေးနာရီလည်းထိုးတော့မယ်ကိုကိုလာတော့မယ်အောက်မှာအဆင့်သင့်စောင့်နေလိုက်တယ်
ဆီစစ်ထားတဲ့အဖြေလွှာစာရွင်လေးကိုထုတ်ကြည့်ရင်း
အပြုံးများစွာဖြင့်ကိုကိုအလာကိုစောင့်နေလိုက်တယ်
လေးနာရီတောင်ခွဲသွားပြီကိုကိုကဘာလို့မလာသေးတာ
လဲလမ်းမှာတခုခုဖြစ်နေလို့လား ဖက်ဖက်ဟာငါဘာတွေ
လျှောက်တွေးနေတာလဲ ဖုန်းဆက်ကြည့်ရမယ်
ဖုန်းဆက်ဖို့ရှိသေး lineမှဝင်လာသော message
ပို့တဲ့သူကp'rainဆီ က ကိုကိုရှေ့မှာထိုင်နေတဲ
့ကောင်မလေးအဲ့ကောင်မလေးကကျောင်းကAllstar
ပြီးတော့ ပြီးတော့ခုံပေါ်မှာအရုပ်တွေပန်းစည်းတွေနဲ့
ဒါဒါဆို ကိုကိုနဲ့အဲ့ကောင်မလေးကဒီနေ့မှာတွေ့ကြတယ်
ဆိုတော့  ကြည့်နေတဲ့ဖုန်းတောင်လက်ထဲကလွတ်ကျ
သွားတယ်လက်ထဲကစာရွက်ဖြူဖြူလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ငါနောက်ကျသွားပြီပေါ့
ကိုကိုရက်စက်တယ်
ပါးပြင်ထက်မျက်ရည်တွေစီးကျလာရင်း........

🍎🍎🍎Dramaစပြီနော်

မတည့္အတူေန2wish 💙💚Où les histoires vivent. Découvrez maintenant