မတည့်အတူနေ2wish 💙💚part-37

777 73 18
                                    

Plan...ဒီလောက်လှတဲ့တိမ်စိုင်တွေကိုငေးကြည့်နေရတာတောင် ရင်ထဲမငြိမ်းချမ်းလိုက်သာ
ဒီတိမ်စိုင်လေးတွေလိုမျိုး လွတ်လပ်ပေါ့ပါးပြီး ဘာမှမသိတော့ဘဲဟေဟာနယ်ထဲ မှာသာအစိုင်ခဲအငွေ့လေးဖြစ်ပျောက်ကွယ်သွားချင်တယ် သို့ပေမယ့်လည်းမဖြစ်သေး
အခုကကိုယ်တစ်ယောက်ထဲမဟုတ် ကလေး
ဒီကလေးလေးအတွက် အသက်ရှည်ဖို့အားတင်းထားရမယ် ကို့အကြောင့်တွက်နဲ့တော့ဘာမှတောင်မသိသေးတဲ့ဒီကလေးလေးအသက်ကိုတော့ ထည့်တွက်ရအုံးမယ်
အချစ်ဘာလို့လဲ ဘဝမှာပထမဆုံးဖြစ်ပေါ်လာခဲ့ဘူးတာ အဲ့အချစ်လေးတောင်ကိုယ့်မှာမပိုင်ဆိုင်ခဲ့ရဘူး ဆိုးလိုက်တဲ့ဘဝနော် အရူးလိုပဲသူ့ဂရုစိုက်မှုတွေအောက်ပျော်ဝင်ခဲ့ဘူး
တယ် အရူးလိုပဲသူ့ဆီကတခါတလေကြားရတဲ့ဘေဘီလို့
ခေါ်တာလေးနှစ်သက်ဘူးခဲ့တယ် အရူးလိုပဲသူကိုယ့်ကို
ချစ်နေမယ်လို့အထင်မှားခဲ့ဘူးတယ် အရူးလိုပဲပါပဲ
အဲ့ဆိုင်ထဲသူဝင်သွားတော့ကို့အတွက်လက်ဆောင်လို့
တွေးမိလိုက်သေး အဟက် ရယ်ရတယ် အရူးအမူးပဲ
သူ့ကိုချစ်မိခဲ့တော့ အခုရူးမတက်ခံစားနေရတယ်
ကို့ကိုယ်ကိုအထင်ကြီးခဲ့မိတာကို့အမှားပါပဲ တကယ်ပါ
နည်းနည်းလေးဒီထက်စောစောပြောခဲ့ရမှာ အခုတော့
ကိုကိုရယ်..........😢😢😥
ထွက်သွားပေးမှာပါအနားရှိနေရင်အရှက်မရှိစွာတောင်းဆိုနေမိမှာကြောက်လို့
အနားရှိနေရင်အရှက်မရှိစွာဖတ်တွယ်နေမိမှာကြောက်လို့
အနားရှိနေရင် အရှက်မရှိတဲ့လူသူများချစ်ခြင်းကိုခွဲတဲ့သူ
ဖြစ်မှာကြောက်လို့ အနားရှိနေရင် တကယ်အရှက်မရှိစွာ
ကွာရှင်းစာချုပ်ကိုလက်မှတ်မထိုးပေးနိုင်မှာဆိုးလို့
နှုတ်မဆက်ဘဲထွက်လာခဲ့တာပါကိုကို ........
မုန်းချင်တယ် မမုန်းရက်နိုင်တော့လည်းခက်သား
ကို့ကို့ဆီကအကောင်းဆုံးလက်ဆောင်တော့ရခဲ့ပါတယ်
ဘာနဲ့မှအစားထိုးမရတဲ့လက်ဆောင်တစ်ခုပေါ့ ကလေး
ရေ ဒီပါးပါးက ပါးပါးနှစ်ယောက်စာချစ်ပေးပါ့မယ်ကိုကို့
အပေါ်ချစ်တဲ့အချစ်တွေကိုလည်းကလေးဆီပဲပုံအော
ချစ်ပါ့မယ် နာကျင်ခြင်းရူးမတက်ခံစားရခြင်းမျက်ရည်များ
စွာဖြင့်ပျံသန်းခဲ့ရသောခရီးစဉ်တစ်ခု.................

မတည့်အတူနေ2wish 💙💚Hikayelerin yaşadığı yer. Şimdi keşfedin