မတည့်အတူနေ 2wish 💙💚part-14

616 45 0
                                    

Plan...ခြံထဲရှိ သစ်ပင်အောက်ထိဆွဲခေါ်သွားလိုက်တယ်...
Mean...အား ဖြေးဖြေးလုပ်ပါကွာ ဆေးသွင်းထားတဲ့နေရာကိုထိတော့နည်းနည်းနာသွားပြီး အသံထွက်သွားတယ်
အကျီင်္လက်ရှည်ဝတ်ထားလို့ planမမြင်လို့တော်သေး
Plan...ဒါကျနာတယ်ပေါ့ငါဆွဲခေါ်တာကျနာတယ်ပေါ့ဟုတ်လား zunပါးရိုက်တာကျမနာဘူးလား

Mean...မင်းဘယ်လိုသိတာလဲ
Plan...ငါဘယ်လိုသိလဲအရေးကြီးလား မင်းကွာ ဘာလို့ခံလာရတာလဲ
Mean.. သူကမိန်းကလေးလေ ငါကပြန်ထိုးရမှာလား
Plan...အရိုက်မခံရအောင်နေလေဘာလို့သွားပတ်သတ်လဲ အခုတော့ မေမေတို့ဖေဖေတို့တောင်မရိုက်ဘူးတာသူကမင်းပါးကိုရိုက်သွားတယ်လေ ပြီးတော့ငါ့ခုဏကဒေါသသံလေးတွေလျော့ကျသွားပြီး ငါ့ ငါ့ကြောင့်လေ
တောင်းပန်တယ် ကျေးဇူးလည်းတင်ပါတယ်
Mean...အဲ့တော့ အခုမင်းကဆိုပြီးရုတ်တရပ်ကြီးမျက်နှာကိုရှေ့တိုးလာတော့ planလန့်ပြီး နောက်ဆုပ်လိုက်တော့သစ်ပင်နဲ့ကပ်လျက်ဖြစ်သွားတယ် လက်တစ်ဖက်ကိုသစ်ပင်ပေါ်ထောက်လိုက်ပြီး planမျက်လုံးဝိုင်းဝိုင်းလေးတွေကိုသေချာကြည့်ပြီးမေးလိုက်တယ်...
မင်းကအခု ဘာကိုဒေါသထွက်နေတာလဲ zunပါးချတာခံလာရလို့လား သူနဲ့သွားပတ်သတ်မိလို့လား မင်းငါ့ကိုစိတ်ပူပေးနေတာလားplan တစ်ခွန်းချင်းဆီ သေချာစိုက်ကြည့်မေးလိုက်တော့
Plan...အဲ..ဟို..အဲဒါ ဖယ်ကွာ မင်းမျက်နှာကြီးကို Meanကိုတွန်းထုတ်လိုက်ပြီး ငါကဘာလို့မင်းကိုစိတ်ပူရမှာလဲ သိက္ခာကျလို့ကွ သိက္ခာကျလို့ မင်းအစားရှက်လို့ ယောကျာင်္းသိက္ခာကျတယ် မိန်းမတစ်ယောက်ရိုက်တာခံလာရလို့ဟွန့် ပြောပြီးပြေးထွက်မယ်အလုပ်
Mean...planလက်ကိုလှမ်းဆွဲထားလိုက်ပြီး နေအုံးလေ ဘယ်ပြေးမလို့လဲ ရှက်သွားတာလား
Plan...ဘာ ဘာကိုရှက်ရမှာလဲ...
Mean...မရှက်လည်းပြီးတာပဲရော့ဆိုပြီး ဝယ်လာတဲ့ပီဇာဘူးလေးရယ်စာအုပ်ရယ်လက်ထဲထည့်ပေးလိုက်တယ်
မုန့်စားပြီးစာလုပ်နော် မင်းအတွက် noteတွေအကုန်ထုပ်ပေးထားတယ်
Plan...မင်းကရော မစားဘူးလား ငါနဲ့စာမလုပ်ဘူးလားဒီည(သူ့အိမ်ပြန်ပါစေအုံးဘေဘီအိမ်မှာကြီးပဲကျွန်မတို့ocပါရစေအုံး)
Mean...ဒီညစာမလုပ်သေးဘူး မနေ့ကအိပ်ရေးပျက်ထားလို့အိပ်ချင်လို့ ဘာလဲငါနဲ့အတူ အိပ်ချင်လို့လား
Plan...အကောင်းပြောလို့ကိုမရဘူး အရူး စာလုပ်မယ်ပြောတာ အိပ်မယ်ပြောလို့လား ပြောဆိုပြီးအိမ်ထဲဝင်သွားတော့တယ်
အခန်းထဲရောက်တော့ မုန့်ဘူးရယ် စာအုပ်ရယ်ကြည့်ပြီးကျေနပ်တဲ့အပြုံးတွေနဲ့ zunနဲ့လည်းကိစ္စပြတ်ပြီဆိုတော့ စိတ်ထဲကျေနပ်နေမိတာတော့အမှန်...
May...သား စောစောနားနော်ဒီနေ့ စာနောက်နေ့မှလုပ်တော့ ဆေးတွေသေချာယူခဲ့ရဲ့လား
Mean...စိတ်မပူပါနဲ့သားဘာမှမဖြစ်ပါဘူး ဒါကရိုးနေပြီလေားဆေးတွေလည်းသေချာယူခဲ့တယ် စိတ်မပူနဲ့မေမေအိပ်တော့
ဒီလိုနဲ့စာမေးပွဲနီးတော့စာတွေစုလုပ်နေကြတဲ့တစ်ရက်
Gun...ဘာလိုင်းရွေးကြမှာလဲ
Mark...ငါကတော့အင်ဂျင်နီယာ
Perth...ငါရောပဲ...မင်းကရော
Mean...ငါကဆရာဝန်ဖြစ်ချင်တာ
Plan...နှဘူးဆရာဝန်ဖြစ်မှာတော့သေချာတယ် လူတွေရမ်းကုနေအုံးမယ်ဒေါက်တာနှာဘူးရမ်းကု ငါတော့မပြဘူးဒီ့ကောင်ဆီ
Perth...မင်းကရောplan
Plan...ငါ့ဝါသနာကအချက်ပြုတ်လေ အတော်ဆုံးchefတစ်ယောက်ဖြစ်အောင်ငါကြိုးစားမှာ
Gun...ငါလည်းchefဖြစ်ချင်တာ
Mean...ကောင်းတာပေါ့ မင်းချက်တာငါတော့မစားရဲပါဘူး ပောက်ကရတွေရောချက်လို့အစာအဆိမ့်သင့်မှဖြင့်
Plan...အေးမင်းကိုအရင်အဆိပ်ခပ်သတ်ပစ်မှာ အရူးဒေါက်တာ
Perth...မင်းတို့ကလိုက်သားပဲ planမင်းကပေါက်ကရတွေချက်လို့လူတွေတခုခုဖြစ်ရင် Meanကကုပေးလိုက်စီးပွားဖြစ်တယ်ဟ
Plan,Mean.... Ai Perth..ပြိုင်တူအော်ကြ
Gun,Mark....ဟားဟား လိုက်တယ် လိုက်တယ်
Mark...ဒါနဲ့စာမေးပွဲပီးရင် ကျောင်းကသွားမယ့်ခရီးအိမ်ကိုပြောပြီးပြီလား...
Plan...လွတ်မယ်မထင်ဘူးမေမေတို့မပါဘဲခရီးမှမသွားဘူးတာ
Perth...ရအောင်ပြောလေကွာလုပ်ပါငါတို့အတူသွားရအောင်နော်...
Mark...Ai Mean အငယ်တွေလဲပါမှာကွ zunတို့ရော မင်းပြန်လိုက်ကြည့်ပါလားခရီးမှာအဆင်ပြေလောက်မှာပါ
Gun...ဟုတ်တယ်မင်းတို့နှစ်ယောက်ရအောင်ပြောကွာ
Plan...အငယ်တွေပါမှာလား
Mark...အေးဟုတ်တယ်
Plan...မျက်နှာအနည်းငယ်ပျက်သွား
Mean...အေးကွာမေမေကိုပြောကြည့်မယ် မေမေpanကိုငါပိုင်တယ်planမင်းကငါ့မေမေကိုပြော
Plan...အေး (ဒါမျိုးကြညီကြတယ်လေ)

အလုပ်ပိတ်ရက်မိသားစုနှစ်စုထမင်းလက်ဆုံစားသောက်နေကြချိန်......
Plan...ရှေ့မှာထိုင်နေတဲ့Meanခြေထောက်ကိုလှမ်းကန် မျက်စပစ်ပြ
Mean...planခြေထောက်ကိုပြန်ကန်ပြီးမင်းစပြောဆိုတဲ့မျက်နှာပေးပြန်လုပ်ပြ
ထမင်းစားခုံအောက်မှာခြေထောက်တွေစစ်ဖြစ်နေရဲ့
Plan,Mean...မေမေmay...မေမေpan ပြောတော့လည်းပြိုင်တူ
MayရောpanရောဖေဖေMadနဲ့proပါစားနေရင်း သူ့တို့ကိုကြည့်လာတာ
Plan...ဟို...ဟို...စားမေးပွဲပီးရင် tripသွားဖို့အဲဒါ လိုက်ချင်လို့
Mean...ဟုတ်တယ်သားတို့ကိုခွင့်ပြုပါနော်
May...ုဖြစ်ပမလားမေမေတို့ရှေ့မှာတောင်သားတို့တွေမတည့်တာ ကွယ်ရာပိုဆိုးနေမှာ မဖြစ်ပါဘူးစိတ်မချဘူး
Pan...ဟုတ်တယ် နောက်မှမေမေတို့နဲ့သွားမယ်လေ
Plan...ဟာမေမေတို့ကလည်းသွား
ချင်လို့ပါဆို လုပ်ပါနော်နော်မေမေmay
Mean...ရန်မဖြစ်ဘူးလို့အာမခံတယ် ဟုတ်တယ်မလားplan..
Plan...ဟုတ်ဟုတ်...အာမခံတယ်
Mad...ကောင်းပြီလေ ခရီးကဘယ်ကိုလည်း
Mean...တောင်တက်ရမှာ စခန်းချပုံစံမျိုးလေး
Pro...သားMeanတောင်တက်နိုင်လို့လား
Mean...ဟုတ်တက်နိုင်ပါတယ်ဖေဖေpro
Plan...ဖေဖေတို့များကို့သားကိုပူပါအုံး
Pro...မင်းကမျောက်လေ တက်နိုင်မှာသိတယ် သားMeanက အပင်ပန်း..
Mean...ဖေဖေproစိတ်ချပါ proစကားကိုဖြတ်ပြောလိုက်သည်
Mad...ကောင်းပြီခွင့်ပြုလိုက်မယ် ဖေဖေတို့တောင်းဆိုရင်လည်းမငြင်းဘဲ လက်ခံရမယ်နော်ဘာပဲဖစ်ဖြစ်ကြားလား
Plan,Mean...ဟုတ်ကဲ့ဖေဖေ

🍎🍎🍎 ဖတ်ရတာပျင်းဖို့ကောင်းနေပြီလားလို့ 😔

မတည့်အတူနေ2wish 💙💚Tempat cerita menjadi hidup. Temukan sekarang