မတည့်အတူနေ 2wish 💙💚part-26

688 64 4
                                    

Mean....ဘယ်သူလဲ... plan.
Plan....P'rain...ဆက်တာ
Meanဘက်ကအသံထွက်မလာတော့ ငါတို့ကရိုးရိုးသားသားခင်တာပါ အထင်လွဲမနေနဲ့အုံး
Mean....သေချာလားရိုးသားတာ
Plan....sure
Mean...မင်းဘက်ကသေချာတယ်ဘဲထား သူ့ဘက်ကရော
Plan...Meanမေးလိုက်တဲ့စကားကိုကြားလိုက်ရချိနိကားပေါ်မှာတုန်းက p'rainနဲ့အဖြစ်ပျက်ကိုသတိရသွားပြီး ချက်ချင်းပြန်မဖြေမိတော့
Mean...တွေ့လားမင်းမဖြေနိုင်တော့ဘူးမှတ်လား
Plan....ငါ...
Mean....ထားပါလေ ငါနဲ့လည်းမဆိုင်ပါဘူးလေမင်းတို့ချင်းအဆင်ပြေရင်ပြီးတာပဲ နေမကောင်းဘူးမှတ်လားစောစောအိပ်တော့လေ
Plan...သူဘက်ကလည်းရိုးသားပါတယ်လိုပြန်ဖြေဖို့ပါးစပ်ကထွက်မလာမိဘူး p'rain သူကဘာလဲ သူကသူများနဲ့မတူ ကို့ကိုခေါ်တာကောင်လေးတဲ့ သူကအမြဲကို့အနားမှာရှိနေတက်သူ သူကအမြဲဂရုတစိုက်ရှိသူ သူအကြည့်တွေကအမြဲတမ်းတောက်ပနေခဲ့တယ် သူကကိုယ့်မျက်နှာညိုးအောင်တစ်ခါမှမလုပ်ခဲ့ဘူး သူကအစစအရာရာကို့အပေါ်ကောင်းလွန့်ခဲ့တယ် သူ့အပြုမူအပြောဆိုတွေကိုစဉ်းစားမိပြီးသူ့ဘက်ကရိုးသားပါတယ်လို့ meanကိုပြန်မပြောမိခဲ့ဘူး
Mean...ရေပန်းရှေ့ခေါင်းကိုစိုက်ချလိုက်ပြီး ငါလိုက်ဂရုစိုက်စရာမှမလိုတာသူအကြောင်းနဲ့သူလေသူဘဝကိုလည်းဝင်ရောက်စွတ်ဖတ်လို့မှမရတာ သူ့ကိုမင်းမပိုင်ဘူး
meanစာချုပ်ပေါ်မှာပဲမင်းသူ့ကိုပိုင်တာပါ ရေချိုးခန်းထဲကထွက်လာတော့ သူကအိပ်ပျော်နေပြီ ရဲနေတဲ့ပါးမို့မို့လေးနဲ့သူ့နဖူးလေးကိုအသာစမ်းလိုက်တော့ ကိုယ်ပူတော့မရှိတော့ဘူး မြင်နေချင်တယ်အနားမှာအမြဲ မြင်ခွင့်ရောရှိပမလားကိုမပိုင်ဆိုင်ရရင်တောင်မြင်နေခွင့်လေးတော့ရှိချင်မိတယ် ဒီလောက်တော့လောဘကြီးလို့ရတယ်မှတ်လား

Plan...ရေချိုးခန်းတံခါးဖွင့်သံကြားတာနဲ့ မျက်စိကိုမှိတ်ပြီးအိပ်ချင်ယောင်ဆောင်လိုက်မိတယ် ရင်မဆိုင်ရဲဘူးသူမေးမယ့်မေးခွန်းတွေအတွက်ကိုမှမဖြေကောင်းကောင်းမရှိဘူးလေ ရုတ်တရပ်ထိလာတဲ့ အေးစက်စက်လက်တစ်စုံ
ကကို့ပါးတွေနဖူးတွေကိုလာရောက်ထိတွေ့နေတယ် နားထဲကြားလိုက်ရတယ့်သက်ပြင်းချသံသဲ့သဲ့လေး...........

တစ်ညလုံးအတွေးများစွာဖြင့်အိပ်စက်ခဲ့ပြီးလူကအိပ်ပျော်သလိုမပျော်သလိုလို မဖွင့်ချင်ဖွင့်ချင်ဖြင့်မျက်လုံးကိုပွတ်သတ်ပြီးနိုးထလိုက်တယ် ဘေးမှာသူမရှိနေခဲ့ဘူး
သူနိုးနေပြီလား လှေကားအတိုင်းဆင်းလာတော့နားထဲ မီးဖိုချောင်ဘက်မှအသံများကြားနေရတယ် သူဘာတွေလုပ်နေတာလဲ လက်ထဲမှာလည်းဓားကြီးနဲ့ သူမေမေmayဟင်းချက်တာဝင်ကူနေတာလားနှောင့်ယှက်နေတာလား အေပရွန်ဝတ်ထားတဲ့ပုံကအနည်းငယ်တော့ရယ်စရာကောင်းသား ရယ်ချင်စိတ်ကိုအသာလေးထိန်းချုပြီးအပေါ်ပြန်တက်ပြီးရေမိုးချိုးလိုက်တယ်.....

မတည့်အတူနေ2wish 💙💚Donde viven las historias. Descúbrelo ahora