မတည့်အတူနေ 2wish 💙💚part-24

616 58 2
                                    

Mean....ကားနဲ့လှည့်ပတ်ရှာနေရင်း planကွာplanမင်းဘယ်မှာလဲ စိတ်ထဲအရမ်းစိုးရိမ်နေမိတယ်
Plan...တဖြေးဖြေးမှောင်လာတော့လမ်းပေါ်လူကလည်းပြတ်နေပြီ အခုချိန်ဆိုအမူးသမားဘဲလမ်းပေါ်ရှိနေမှာ တွေးနေရင်း ကို့ဆီတည့်တည့်လျောက်လာသောလူသုံးသောက် ပုံစံတွေကမူမမှန်လို့ဘေးကပ်ပြီးကျော်မယ်အလုပ်လက်ကိုလှမ်းဆွဲခံလိုက်ရတယ်
နေပါအုံးညီလေးရဲ့ဘယ်ကိုသွားမလို့လဲ ကိုကြီးတို့ကိုအရက်ဖိုးလေးဘာလေးမစခဲ့ပါအုံး
Plan...လွတ်ကျုပ်ကိုလွတ် ဘာအရက်ဖိုးလည်းတစ်ပြားမှမရှိဘူး ပြန်စရာပိုက်ဆံမရှိလို့တောင် လမ်းလျောက်ပြန်နေတာ
မကြမ်းချင်ဘူးနော်ညီလေး မင်းမှာပါတာအကုန်ထုတ်ပေး
Plan...ဟာဗျာမရှိပါဘူးဆိုရှေ့ကဖယ်
ကောင်းကောင်းပြောနေတာမရဘူးဆိုတော့လည်း လူကြီးကသူ့အဖော်နှစ်ယောက်ကိုမျက်စပစ်ပြလိုက်တော့ planလက်နှစ်ဖက်ကိုချုပ်လိုက်တယ်
Plan...ဟေ့လူတွေဘာလုပ်တာလဲကျုပ်ကိုလွတ်
မင်းကနုမရတော့ကြမ်းရတော့မှာပေါ့အနားတိုးလာတဲ့လူကြီးကိုခြေထောက်နဲ့ပိတ်ကန်လိုက်တယ်
အော်မင်းလေးကမလွယ်ကြောလေးပါလား ဆိုပြီးဗိုက်ကိုတစ်ချက်ထိုးလိုက်တယ်
Plan...အား ရုန်းလေဟိုလူကပိုထိုးလေနဲ့ ခွေးမသားသတ္တိရှိရင်ချုပ်မထားနဲ့ လွတ်ပေးလိုက်
မင်းကသတ္တိခဲလေးဘဲ ဟေ့ကောင်တွေလွတ်ပေးလိုက်စမ်း
သုံးယောက်တစ်ယောက်ထိုးကျရင်း planအထိများလာတော့လှဲကျသွားချိန်ဟိုလူတွေကခြေထောက်နဲ့ကန်ဖို့ရွယ်နေတုန်း ကားတစ်စီးရောက်လာတယ်
လူလာပြီးပြေးပြေး ပြေးမယ်
Mean....ရှေ့နားမှာရန်ဖြစ်နေတာတွေ့တော့သုံးယောက်တစ်ယောက်ထိုးနေကြတာ မှောင်နေတော့မျက်နှာမမြင်ရဘူး အနားရောက်မှplanဖြစ်နေတယ် ကားကိုထိုးရပ်လိုက်ပြီးအမြန်ဆင်းလိုက်တော့လူသုံးယောက်ကတော့ထွက်ပြေးသွားတယ်....planနားကိုပြေးသွားလိုက်ပြီးထူပေးလိုက်တော့
Plan...ငါ့အသားကိုလာမထိနဲ့ Meanရဲ့လက်ကိုဖယ်လိုက်လိုက်တယ်
Mean...ဘာဖြစ်သွားသေးလဲ ဘယ်နားထိသွားသေးလဲအစိုးရိမ်တကြီးကိုကမေးလိုက်ပေမယ် ကိုတွဲတဲ့လက်ကိုဖယ်ထုတ်ပြီးနှုတ်ခမ်းမှာကျနေတဲ့သွေးတွေကိုလက်နဲ့သုတ်ပြီး သူ့ကိုမထိနဲ့ပြောပြီးကားပေါ်တက်သွားသောplan
စိတ်ဆိုးနေမှန်းသိလို့ကားပေါ်လိုက်တက်လိုက်ပြီး တောင်းပန်ပါတယ် မင်းကိုထားခဲ့မိလို့
Plan...တစ်ခွန်းမှပြန်မပြောဘဲမျက်နှာကိုလည်းလမ်းဘက်သာငေးကြည့်နေလိုက်တယ်
အိမ်ရောက်တဲ့ထိဘာစကားတစ်ခွန်းမှမပြောဘဲ ရေမိုးချိုးပြီး အိပ်ယာပေါ်တစ်ခါထဲတန်းလှဲပီးအိပ်ဖို့ပြင်လိုက်တယ်
Mean...planငါတောင်းပန်ပါတယ်လို့ ငါပြောတာကြားလား အိပ်နေပြီလား
Plan....တောင်းပန်စရာမလိုဘူးနားညီးတယ်ငါအိပ်ချင်ပြီ(ကောက်စိန်လေကောက်နေပြီ ချော့စမ်းအသေ)
Mean....ကို့အမှားနဲ့ကိုယ်ဆိုတော့ဘာမှဆက်မပြောဘဲထားလိုက်တယ်ချစ်စရာနှုတ်ခမ်းထောင့်လေးပေါက်ပြဲနေတာတွေ့တော့ ရင်ဘက်ထဲတဆစ်ဆစ်နဲ့နာကျင်လိုက်တာ
တခြားဘယ်နေရာတွေထိခိုက်မိသေးလဲမသိဘူး ကိုကတော့အိပ်မပျော်ဘူး သူလေးကတော့တနေကုန်ပင်ပန်းထားလို့အိပ်ပျော်သွားပြီထင်တယ် အခုချိန်ငိုယိုပြီးကို့ကိုထုပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအပြစ်တင်ရင်ပိုကောင်းအုံးမယ် အခုလိုကြီးစကားတစ်ခွန်းမှမပြောတာ တော်တော်စိတ်ကောက်နေတာဖြစ်မယ် ကိုမနေတက်ဘူးplan
ကို့ကိုကျောပေးပြီးအိပ်နေတဲ့သူ့အနား လွတ်နေတဲ့စောင်လေးကိုဆွဲခြုံပေးဖို့ ဖြေးဖြေးချင်းတိုးသွားလိုက်တယ်
သူ့လက်ချောင်းဖြူဖြူနုနုလေးတွေယောင်နေတယ်
အကျီင်္အနည်းငယ်လွတ်နေတဲ့သူ့ခါးဗိုက်နားအညိုမဲကွက်တွေတွေ့တော့ ထားခဲ့မိတဲ့ကိုယ့်ကိုကိုသာအပစ်တင်တော့မယ်သူ့ကိုထားခဲ့မိတာနှစ်ခါရှိပြီမထားခဲ့တော့ဘူးပြောထားပြီးထားခဲ့မိပြန်တယ် တောင်းပန်ပါတယ်plan ဆေးပုလင်းကိုပြေးယူပြီးသူ့ဒဏ်ရာတွေကိုဆေးထည့်ပေးလိုက်တယ် သူနိုးလာမှာလည်းစိုးရိမ်မိသေး နိုးလာရင်ငြိမ်ခံနေမှာမဟုတ်ဘူးလေ ဆေးလိမ်းပြီးစောင်လေးအသာဆွဲခုံပေးလိုက်တယ်ပေါက်နေတဲ့နှုတ်ခမ်းနေရာကို ဆေးလေးတို့ပေးပြီး သူ့နဖူးပေါ်အနမ်းတစ်ခုခြွေလိုက်မိတယ် ကိုတောင်းပန်ပါတယ်planနောက်ဆိုဒီလိုအထိခိုက်မရှိအောင်စောင့်ရှောက်ပါ့မယ် မျက်ဝန်းထက်ကမျက်ရည်တွေကစီးကျလာတယ် မျက်ရည်တွေရဲ့အဓိပ္ပယ်ကိုတော့သေချာမသိပေမယ့်လို့.......

Plan...နာကျင်ခြင်းတွေနဲ့အိပ်စက်ပြီးနာကျင်ခြင်းတွေနဲ့ဘဲနိးထလာခဲ့တယ် meanကိုကြည့်တော့မနိုးသေးဘူး
အသာယာထပြီးရေမိုးချိုးပြီးကျောင်းကိုtaxiနဲ့ဘဲထွက်ခဲ့လိုက်တယ်

Mean...ညကအိပ်ယာထနောက်ကျလို့ မနက်အိပ်ယာထနောက်ကျသွားတယ်ဘေးနားကြည့်လိုက်တော့planကိုမတွေ့ ရေချိုးခန်းထဲရှာလည်းမတွေ့ အောက်ထပ်မှာလည်းမရှိ ဖုန်းဆက်တော့လည်းစက်ပိတ်ထားတယ် ဟူး ကျောင်းကိုသူ့ဘာသာသွားတာလား ကားတော့ယူမသွားဘူးဘဲ ကျောင်းရောက်မှသွားရှာတော့မယ် ရေမိုးချိုးအဝတ်စားအမြန်လဲပီးကျောင်းသို့ထွက်ခဲ့လိုက်တယ်

At uni....
Gun....ဟာplanစောတယ်နော်ဒီနေ့
Pond....ဘာဖြစ်လာတာလန်းမျက်နာကလည်းမလန်းဘူး
Plan...အေးကွာညကသွေးပူလေ့ကျင့်ခန်းလုပ်ထားလို့
ကိုယ်တွေလက်တွေနာနေတယ်
Pond.. ဟာMeanကအဲ့လောက်တောင်ကြမ်းတာလား
Plan...ခွေးမသားpond ပေါက်ကရတွေမပြောနဲ့ ညကလမ်းမှာရန်ဖြစ်ထားလို့ကွ
Gun...အော်ရှင်းရှင်းပြောလေလန့်သွားတာပဲ
Plan...မင်းတို့ကောင်တွေကစကားအထနကောက်သလားမမေးနဲ့

ကျောင်းနားရောက်ခါနီး 📱saintဆီကဖုန်းဝင်လာ
Saint....Mean မလာသေးဘူးလား ပါမောက္ခ ခေါ်ထားတယ်နော်ဒီနေ့
Mean...အာအေးဟုတ်သားပဲ မေ့နေတာလာပြီလာပြီsaintရဲ့ဖုန်းကိုချပြီးGunဆီဖုန်းခေါ်လိုက်တယ်
📱Gun မင်းဘယ်မှာလဲ planရှိလား
Gun...ရှိတယ်လေ ဘာလို့လဲ
Mean...ရှိရင်ပြီးရော
Gun...အေးအေးဒါပဲခဏနေငါတို့လက်တွေရှိလို့
Mean...အေးအေး နေ့လယ်ငါလာခဲ့မယ်ဒါပဲနော်
Gun...Meanနဲ့ရန်ဖြစ်လာပြန်ပြီလားplan
Plan...ဟုတ်တယ်
Pond....ကြင်စဦးတွေကရန်ဖြစ်နေတာလားမင်းတို့ကလည်း
Plan...မင်းတို့မသိတာတွေရှိပါသေးတယ်ကွာ
ငါတို့က ချစ်လို့လက်ထပ်ထားတာမှမဟုတ်တာ ဟန်ဆောင်ထားတာ ဟ
Gun...မင်းတကယ်ပြောနေတာလားplan
Plan...အွန်း အဲဒါကြောင့်ပေါက်ရတွေလည်းမပြောနဲ့တွေးလည်းမတွေးနဲ့အချိန်တန်သူနဲ့ငါကကွာရှင်းကြရမှာဘဲ
Pond....လက်တွေ့ချိန်နီးပြီလာလာနောက်မှဆက်ပြောကြမယ်
At cooking room....
Plan...ညကဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံးကိုက်ခဲနေတာပဲလူကအားမရှိသလိုလည်းခံစားနေရတယ်လက်တွေ့ချက်ရမှာမို့ပျက်လို့ကမဖြစ်တာနဲ့လာလိုက်တာ အားတင်းရင်းချက်ပြုတ်နေရင်းခေါင်းတွေမူးလာပြီး မိုက်ခနဲဖစ်ပြီးလှဲကျသွားတော့တယ်

Pond...plan...
Gun....plan.....plan....

🍎🍎🍎နောက်တစ်ပိုင်းထပ်upရမလားမိုးတော့ချုပ်မယ် မစောင့်နိုင်လဲမနက်မှဖတ်နော်

မတည့်အတူနေ2wish 💙💚Donde viven las historias. Descúbrelo ahora