Misfortune 💔
ခွမ်း ~~~
"ငါဒါမျိုးမစားဘူးလို့ မင်းကိုဘယ်နှစ်ကြိမ်ပြောရမလဲ လူလိုနားမလည်ဘူးလား…အာ!!ငါမေ့သွားတယ် မင်းလိုအောက်တန်းစား ဥာဏ်မရှိတဲ့ကောင်က ငါပြောတာမမှတ်မိတာမဆန်းပါဘူး .ငါ့ရှေ့က ထွက်သွားနောက်သုံးရက်အတွင်း ငါ့မျက်စိရှေ့ပေါ်မလာနဲ့ ပေါ်လာတာနဲ့ မင်းဘဝဆုံးပြီသာမှတ်လိုက် "
New မငိုမိအောင်ကြိုးစားထိန်းထားရင်း Tawan ရှေ့ကနေလှည့် ထွက်ဖို့ကြိုးစားမိတယ်
"နေဦးလေ ဒီဖန်ကွဲစတွေ ဒီပေပွနေတဲ့မုန့်တွေကို မရှင်းပဲထွက်သွားမလို့လား…"
New ဒူးထောက်ပြီး ဖန်ကွဲစတွေလိုက်ကောက်နေတုန်း
"တစ်စမကျန်ကောက်နော် အာ!!!လက်နဲ့ပဲကောက်နော်
မုန့်တွေကိုလဲတစ်ခုမကျန်လိုက်ကောက် ငါညစ်ပတ်တာ
မကြိုက်ဘူးဆိုတာ မင်းသိတယ်မလား"နောက်ကျောကနေပြီးတော့ နား အနားလာကပ်ပြောတဲ့အသံ ကြောင့် ဒဏ်ရာတွေနဲ့နှလူံးသားတစ်စုံက အလိုက်မသိ ဝုန်းဒိုင်းကြဲသွားသေးတယ်
ဝေးသွားတဲ့ခြေသံကိုနားထောင်ရင်း New အသံတိတ်မျက်ရည် ကျမိတယ် …
(ငါဘာတွေများမှားခဲ့မိလို့လဲ Tayရယ် ဒါမဲ့ဒီလိုလုပ်မှမင်းစိတ်ချမ်းသာမှာဆို မင်းအတွက်ငါပေးဆပ်ဖို့အသင့်ပါ)
"အာ့!!!!"
လက်ကိုဖန်ကွဲစရှသွားတာကြောင့် ထွက်လာတဲ့သွေးတွေကိုကြည့်ရင်းမျက်ရည်တွေကြားကNewပြုံးမိသေးတယ်
(ဒါတောင်မနာတော့ပါလား~~)@@@@@@@@@@@@@@@@@@@
"မင်းရဲ့ကောင်လေးဘယ်ရောက်သွားလဲ?"သူငယ်ချင်း Nine ရဲ့အမေးက Tayသိပ်တော့သဘောမကျမိ
"ဘယ်ကောင်လေးလဲ"
"ဖြူဖြူလေးလေ "
"အင်း!မနေ့ကအချိုးမပြေတာလုပ်လို့ ဂိုထောင်ထဲမှာနေခိုင်းထားပြီး သုံးရက်ငါ့မျက်စိအောက်ကိုမလာဖို့ပြောထားတယ်နေစမ်းပါဦး!!မင်းကဘာလို့အဲ့ကောင်ကိုအထူးတလည်မေးနေတာလဲ "
"မင်း မလိုချင်ငါ့ပေးလေ "
Tay နှုတ်ခမ်းကွေးရုံမျှပြုံးပြပြီး
YOU ARE READING
Misfortune
Short StoryTay ရဲ့အပြုံးတွေကိုအသက်ဝင်လာအောင် New ဆိုတဲ့ကောင် လေးကို ဖန်တီးပေးခဲ့တယ် အဲ့ဒီအပြုးံတွေကိုအသက်မဲ့သွားစေ ခဲ့တာကလေ New ပဲဖြစ်နေခဲ့တယ် ...မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက ကောင်လေးနှစ်ယောက်ကိုဝေးကွာစေခဲ့ပြီးပြီ ဒါဆိုနောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းစေခဲ့တာက ကံတရာ...