တဖြည်းဖြည်း အရောင်ပြောင်းလာတဲ့ ကောင်းကင်ကြီးရဲ့ အောက်မှာ ကျနော် တစ်ယောက်ထဲအထီးကျန်ဆဲ …
တစ်ကိုယ်ကောင်းဆန်စွာပဲ ကျနော် တွေးရတော့မလား,,
နယူးဆိုတဲ့ကောင်လေးကို အစထဲက မသိခဲ့ရင်
ကောင်းသားဆိုတဲ့အတွေး …ကျနော့်နှလုံးသားကို သူ့ကို
မပေးခဲ့ရင်ကောင်းသား …ကျနော့်နှလူံးသားတစ်ခုလုံးကို အပိုင်သိမ်းထားနိုင်လောက်တဲ့အထိ သူက ဆွဲဆောင်
နိုင်လွန်းခဲ့တာလား …ဒါမှမဟုတ် ကျနော်ကပဲချစ်တတ်
လွန်းတာလား,,,ရုတ်တရက် မြည်လာတဲ့ဖုန်းကြောင့်
"Hello Pa ပြော "
"Tay ဘန်ကောက် ကုမဏီ ရုံးချုပ်မှာပြဿနာတွေ
ဖြစ်နေတယ် မင်း မနက်ဖြန် ဘန်ကောက်သွားပြီး အဲ့ကိစ္စသွားရှင်းလိုက်""ဟုတ်ကဲ့ Pa"
တစ်ဖက်က ဖုန်းချသွားတဲ့နဲ့ သက်ပြင်းရှည်ကြီးချမိတယ် …
(မင်းအငွေ့အသက်တွေနဲ့ပြည့်နေတဲ့ မြေကို ကိုယ်
ခြေချရတော့မယ် ကိုယ်မလွမ်းချင်တော့ဘူးကွာ )🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️🖋️
ကျနော် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့လာတဲ့ တစ်ပတ်
အတွင်း ဟိုတယ်မှာပဲ တည်းဖြစ်တယ် အခု ကျနော်
အမေရိကားကို ပြန်တော့မယ် ကျနော်တို့အိမ်ဘက်ကို
ခြေဦးတောင်မလှည့်ဖြစ်ဘူး …မီးပွိုင့်နီနေတုန်း ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်မိတော့
ကျနော်တို့အိမ်နဲ့သိပ်မဝေးတဲ့ လမ်းမပေါ် ကျနော်
ဘာလုပ်သင့်လဲ ကျနော် ခနလောက်ဖြစ်ဖြစ် အိမ်ကို
သွားလည်သင့်လား ဘယ်သူမှ မရှိတဲ့အိမ်ကိုသွားလည်
မယ်လို့တွေးမိတဲ့ ကျနော့်အတွေးက နည်းနည်း
ရူးကြောင်ကြောင် နိုင်နေမလား …"ကားကို ပြန်လှည့်ပါလား ကျနော့်အိမ်ကိုခနလောက်
ဝင်ချင်လို့""လေယာဉ်ချိန်က သိပ်မလိုတော့ဘူးခင်ဗျ အကိုလေး
အိမ်ဝင်ရင် လမ်းမှာကားပိတ်တာနဲ့ထပ်ကြုံရင် လေယာဉ်
မမှီပဲနေလိမ့်မယ်""အဲ့တာငါ့ကိစ္စ မင်းက ငါပြောတဲ့လုပ်ရမှာလေ ပြန်လှည့်လိုက် ငါ့အိမ်ကိုမောင်းလိုက်"
YOU ARE READING
Misfortune
Short StoryTay ရဲ့အပြုံးတွေကိုအသက်ဝင်လာအောင် New ဆိုတဲ့ကောင် လေးကို ဖန်တီးပေးခဲ့တယ် အဲ့ဒီအပြုးံတွေကိုအသက်မဲ့သွားစေ ခဲ့တာကလေ New ပဲဖြစ်နေခဲ့တယ် ...မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက ကောင်လေးနှစ်ယောက်ကိုဝေးကွာစေခဲ့ပြီးပြီ ဒါဆိုနောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းစေခဲ့တာက ကံတရာ...