Part_Five

1K 65 11
                                    

💞မေ့ပစ်ဖို့ ကြိုးစားတိုင်း
ပိုပြီး သတိရလာမိတယ်

မုန်းဖို့ကြိုးစားတိုင်း
  ပိုချစ်လာမိတယ်

ငါဆိုတဲ့လူသားကလေ
  မင်းဆီမှာ ကျရှုံးဖို့ဖြစ်လာတာ 💞

Part5

" တဝမ် !!!!"

ချွဲပြစ်နေတာပဲ ကျနော့် နားတောင် အရည်ပျော်ကျတော့
မယ်ထင်တယ် နယူးနဲ့ နှစ်ယောက်ထဲ မုန့်ထွက်စား
ပါတယ်ဆိုနေမှ ဘယ်လိုလုပ်
သူနဲ့လာတွေ့နေလဲမသိဘူး…နယူး မျက်နှာအကဲခတ်
ကြည့်တော့လဲ မုန့်ပဲငုံ့စားနေတာ ခေါင်းတောင်
မဖော်တော့ဘူး …ကျနော့် အတွက် အခွင့်အရေးပဲလေ
နယူးရဲ့စိတ်ကို စမ်းသပ်ပြီး မဟုတ်သေးဘူး
နယူးကို နာကျင်အောင်လုပ်ဖို့ အခွင့်အရေးပဲလေ …
ရှင်းရှင်းလေးပဲ အဲ့ကောင်မလေးနဲ့ ကျုပြလိုက်ရုံပဲ …

"မင်း မပြန်သေးဘူးလား Star!"

(သေစမ်း တေး!!မင်းပြောတော့ ကျူမယ်ဆို ထွက်လာတဲ့စကားက ပြန်ခိုင်းတာတဲ့လား)

ကျနော် အဲ့လိုပြောတော့မှ နယူးခေါင်းလေး မော့ပြီး
ကြည့်လာတယ် သူ့မျက်ဝန်းက ဝမ်းနည်းနေသလိုလို …ကျနော် အဓိပ္ပါယ်ဖတ်တတ်ချင်တယ် နယူးရဲ့မျက်ဝန်းကတိတ်တဆိတ် ပြောနေမယ့်စကားတွေကို …ပြီးတော့ ကျနော်ကြောက်တယ် နယူး ကျနော့်အပေါ်
ခံစားချက်ရှိနေမှာကို …ဘာလို့လဲ ကျနော်
မပြောတတ်ဘူး သူ့ အပေါ်တစ်ဖက်အနိုင်ယူမိနေမှာ
ကို မလိုလားလို့လား ကျနော် အမှားတွေလုပ်မိနေမှာ
ဆိုးလို့လား…မသိတော့ဘူး ကျနော့် စိတ်ကိုလဲ
ကျနော် မသိတော့ဘူး…

"ဒါနဲ့ တဝမ်!!မိတ်ဆက်ပေးဦးလေ ဘယ်သူလေးလဲ"

"မင်း သိဖို့မလိုပါဘူး "

"မမ က တဝမ်ရဲ့ရည်းစားပါ !!အော် ရည်းစားဟောင်းလို့
ပြောရင်ပိုမှန်မယ် ထင်တယ် !!ဒါမဲ့တို့ကတော့
တဝမ်ကို ချစ်နေသေးတယ်နော်"

  ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ကြည့်ပြီးပြောလာတဲ့
သူမကြောင့် နဂိုကမှ ညစ်နေတဲ့စိတ်က အခုပိုတောင်
ဆိုးလာသေး …

"ဒါနဲ့ မင်းနာမည်က ???"

"နယူးပါ"

"ချစ်စရာလေးပဲ !!တဝမ်နဲ့ပတ်သက်မှု့က"

Misfortune Where stories live. Discover now