Part_4
ကျနော့်စိတ်ထဲရှိတဲ့အတိုင်း ကျနော်လုပ်နေခဲ့တာ မှားလား မှန်လား မဝေခွဲတတ်တော့ဘူး …အခုဆို ကျနော် သူ နဲ့
လက်ထပ်လိုက်တယ် လက်ထပ်တယ်ဆိုထက် စာချုပ်
တစ်ခုပေါ်မှာ နှစ်ယောက် လက်မှတ်ထိုးတာ အပြင်
မပိုခဲ့ဘူး …Mae တစ်ယောက်ထဲသာ သူ့ကို ကူညီဖော်
ရအောင် ဒီအိမ်မှာ နေခိုင်းခဲ့တယ် …တခြားလူတွေ
အကုန် အလုပ်ထုတ်လိုက်တယ် …နှစ်ယောက်ထဲ
နေချင်လို့လား ကျနော် မပြောတတ်ဘူး …
မဟုတ်လောက်ပါဘူး တခြားသူတွေရဲ့ တီးတိုးစကားတွေနားမထောင်ချင်လို့ ဖြစ်မှာပါ …ကျနော့်ကိုယ် ကျနော် အကြိမ်ကြိမ်ပြန်မေးနေမိတယ်
ပျော်ရဲ့လားဆိုတဲ့ မေးခွန်းကို …ကျနော် ရည်ရွယ်ထားတဲ့လူနဲ့ပဲ ကျနော် လက်ထပ်ခဲ့တယ် ဒါမဲ့ ဘာတွေမှား
ယွင်းနေခဲ့တာလဲ …
စာသားတစ်ခုထဲကိုဆိုညည်းနေပေမဲ့ သံစဉ်တွေက
လွဲမှားနေခဲ့ပြီ …လက်ထဲကမြည်လာတဲ့ဖုန်းကြောင့် ဘေးနားက
ကောင်မလေး တစ်ယောက် လက်ထဲကို ထည့်ပေး
လိုက်တယ်"အဆင်ပြေသလို ကြည့်ပြောလိုက် ! သဘောပေါက်
တယ်မလား ငါ ဆိုလိုတာကို "ဒီလိုမိန်းကလေးမျိုးတွေက ဒီအထှာနပ်ပြီးသားပါ …ကျနော် ခပ်မဲ့မဲ့ပြုံးလိုက်ပေမဲ့…ရင်ပတ်တစ်ခုလူံး
ကိုပြည့်ကြပ်နေခဲ့တယ် …ကျနော်အဲ့ကောင်မလေး
အသံကို နားစွင့် နေလိုက်တယ်"P'Tay လား…"
"P'tay က တို့နဲ့ဒီနေ့ အလုပ်ရှုပ်မယ် ထင်တယ်
အချစ်ကိစ္စနဲ့လေ…"ဟိုဘက်က ဖုန်းချသွားတယ် ထင်တယ် …
"Tay!!!ဖုန်းချသွားပြီ တို့တောင် ဘာမှသေချာမပြော
ရသေးဘူး… ဘယ်သူလဲ""မင်းနဲ့မဆိုင်ဘူး"
ဆိုးဆေးကူထားတဲ့ရဲနေတဲ့ နှုတ်ခမ်းတစ်စုံ,,,ရစ်မူးစေမယ့်
ရေမွှေးအနံ့ …ဆေးရောင်စုံခြယ်ထားတဲ့ သူမ မျက်နှာ …ချောပါတယ် မိန်းကလေးတစ်ယောက် အနေနဲ့ဆို
သူမ လှပါတယ် …ဘာလို့မှန်းမသိ ကျနော် စိတ်အိုက်
တယ် …တစ်ပြိုင်ထဲမှာပဲ ဘာမှမပြင်ဆင်တတ်တဲ့ နယူးရဲ့မျက်နှာလေးကို ပြန်မြင်လာတယ် …ဆိုးဆေး
မကူတာတောင် ရဲနေတဲ့နှုတ်ခမ်းဖူးလေးကို ပြန်မြင်
မိတော့ သူ့ ဆီအပြေးသွားချင်မိတယ် …
သူ့မျက်နှာလေး မြင်ချင်မိတယ် …ပြီးတော့
ကျနော် သူ့ စိတ်ကိုသိချင်တယ် သူ ရောဘယ်လို
ခံစားရလဲ သူ နဲ့လက်ထပ်ထားတဲ့ ကျနော်က အခုKTV မှာကောင်မလေးတွေ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတာ
သူ သိတော့ သူ ဘယ်လိုခံစားရမလဲ သိချင်တယ် …သူနာကျင်နေလား …???
YOU ARE READING
Misfortune
Short StoryTay ရဲ့အပြုံးတွေကိုအသက်ဝင်လာအောင် New ဆိုတဲ့ကောင် လေးကို ဖန်တီးပေးခဲ့တယ် အဲ့ဒီအပြုးံတွေကိုအသက်မဲ့သွားစေ ခဲ့တာကလေ New ပဲဖြစ်နေခဲ့တယ် ...မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက ကောင်လေးနှစ်ယောက်ကိုဝေးကွာစေခဲ့ပြီးပြီ ဒါဆိုနောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းစေခဲ့တာက ကံတရာ...