Part-Three

1.2K 69 2
                                    

Part-3

ဂျူလိုင်မိုးက အညိုးကြီးစွာ ရွာသွန်းနေခဲ့တဲ့
လွန်ခဲ့သော 5နှစ်ခန့်က…

ကျနော့်မျက်စိရှေ့ကိုရောက်လာတာ လူကောင်လေးလား
ကြွက်စုတ်လေးလားတောင် မသဲကွဲ တစ်ကိုယ်လုံး စိုရွဲနေတာပဲ …

"နယူးရာ ဖျားတော့မှာပဲ "

"မဖျားပါဘူး ငါကကျောက်တုံးလို မာပြီးသား
ဒေါင်ဒေါင်မြည်ပဲ  ဟတ်ချိုး ဟတ်ချိုး "

ပြောတော့ဒေါင်ဒေါင်မြည်တဲ့ အခုတော့ ချေနေလိုက်တာ
နှုတ်ခမ်းတွေလဲပြာလို့ …

"ရေအရင်သွားချိုးလိုက် မိုးရေတွေနဲ့ဆို တစ်ကိုယ်လုံး
ကိုက်ခဲနေမယ် ပြီးရင်လုံလုံခြုံခြုံလေးဝတ်ထားလိုက် …စာရှင်းခိုင်းဖို့  အိမ်ခေါ်မိပါတယ် မင်းကိုပြန်ပြုစုနေရမယ် "

"မင်းကလဲကွာ မိုးကရွာလာတာကို
သူကျ ကားနဲ့လာမခေါ်ပဲနဲ့"

ဒင်းလေးကနှုတ်ခမ်းထော်ပြီး ပြန်ရန်တောင်တွေ့
လိုက်သေးတယ်…
ဟုတ်ပါတယ် သွားမပင့်လာမိတဲ့ ဒီလူကအမှားပါ …

"တေး !!!ငါဗိုက်ဆာနေတယ် "

ရေချိုးခန်းထဲကလှမ်းအော်နေသော နယူးအသံကြောင့် ကျနော်ပြုံးမိသေးတယ် …
ကျနော့်အိမ်လာပြီး ဗိုလ်ကျနေတာ …
ထားပါတော့လေ ကိုယ်ကခေါ်ထားတာဆိုတော့လဲ …

"ငါ ဒီနေ့ စာရဦးမှာပါနော် "

  သီချင်းတညည်းညည်းနဲ့သူကြားမကြားတော့မသိဘူး
သူ စားဖို့စီစဉ်ပေးရဦးမယ် …

"Mae !!တစ်ခုခုစားဖို့စီစဉ်ပေးပါလား "

"ထမင်းစားမလား Mae ထမင်းဝိုင်းပြင်ပေးမယ်လေ "

ကျနော်နာရီလှမ်းကြည့်လိုက်တော့ 6ခွဲသွားပြီဆိုတော့

"ထမင်းမပြင်ပေးနဲ့တော့ နယူးကဝိတ်ချနေတာတဲ့ 6နာရီ
ကျော်ရင်ထမင်းလုံးဝမစားဘူးတဲ့
ခေါက်ဆွဲလေးပဲပြုတ်ပေးပါ
ကျနော်စားသလို အစပ်တွေထပ်မထည့်နဲ့နော်
နယူးက အစပ်မစားဘူး…ပြီးရင်ကော်ဖီလေးပ
ါဖျော်ပေးပါ နည်းနည်းအချို ပိုထည့်ပေးနော်
နယူးကအချိုကြိုက်တယ် "

Misfortune Where stories live. Discover now