Final Part_1

885 67 5
                                    

Misfortune …(Final )

1 နှစ်ကြာသော် ~~~

ကျနော့် ခြေထောက်နားကို  လိမ့်လာတဲ့ ပင်းပေါင်
ဘောလုံးသေးသေးလေးကြောင့် ကျနော်သောက်လက်စ
ကော်ဖီခွက်ကို လက်ကချရင်း ဘောလူံးလေးကို
ကောက်ကိုင်လိုက်မိတယ် …

"Give me please"

မပီကလာ ပီကလာအသံလေးနဲ့လာပြောတဲ့ ကလေးမ
လေး …မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ဒီကလေးမ
လေးရဲ့ ချစ်စရာကောင်းမှု့က ပိုပေါ်နေတာဖြစ်မယ်
…တော်ရုံကလေးမချစ်တတ်တဲ့
ကျနော်တောင် ဒီကလေးမလေးကို ချစ်စရာကောင်း
တယ်လို့ မြင်မိတယ်လေ …

ကျနော် ဘောလူံးလေးကို ကလေးလက်ထဲထည့်ပေး
မလို့လုပ်ပြီးမှ လက်ကို ရုတ်ပြီး ပြန်သိမ်းထားလိုက်တာ
ကြောင့် ကလေးမလေး မျက်နှာလေးက ဆူပုတ်ပုတ်လေးဖြစ်သွားတယ် …လက်သေးသေးလေးတွေနဲ့
သူ့ဘောလုံးလေးကိုလိုက်လုနေရှာတာ …

"Where is your mom?"

ကျနော် မေးတာကို အာရုံမစိုက်ပဲ ကျနော့်လက်ထဲက
ဘောလုံးလေးကို လိုက်လုနေတုန်း …

"Moon !!Moon !!!မင်းကိုမေမေပြောထားတယ်
လေ ငြိမ်ငြိမ်နေပါလို့ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ "

ကလေးအမေထင်ပါရဲ့!ကျနော့်ကို ကျောပေးပြီး သူ့သမီးကို အရင်ဆူနေတာ … အနားမှာ ဆူညံနေတဲ့သူတို့
သားအမိကြောင့် စိတ်အနှောက်အယှက်ဖြစ်လာတာနဲ့ ကလေးမလေးကို ဘောလူံးလေးပြန်ပေးပြီး ဆိုင်ထဲက
ထွက်မယ်အလုပ် …

"ဒီမှာ မင်းဟာ!! "

သူတို့လဲ ထိုင်းလူမျိုးတွေပဲထင်ပါရဲ့ !!ကျနော် ထိုင်း
လိုပြောလိုက်တော့ ကလေးမလေးအမေက လှည့်ကြည့်လာပြီး…

"တေး !!!နင်က တေး မဟုတ်လား ငါ ငါ Pan လေ
နင်ငါ့ကို မှတ်မိတယ် မဟုတ်လား "

"အင်း!"

"ငါတို့မတွေ့တာတော်တော်ကြာပြီနော် 7နှစ်လောက်များရှိမလား"

"ငါပြန်တောာ့မယ်"

သူမရဲ့ အပိုစကားတွေကိုနားထောင်ဖို့ကျနော့်မှာ အချိန်
မရှိဘူး ပြီးတော့ သူ့ကိုမုန်းနေတာမျိုးမဟုတ်တော့ပေမဲ့!လိုလိုလားလားတော့ မရှိသေး စကားလက်ခံပြီးပြော
ရလောက်အောင်တော့ ကျနော်စိတ်ရှည်ဘူး …နယူး
အက်စီးဒန့်ဖြစ်တဲ့နေ့ကလဲ သူ့ဆီကတစ်ဆင့် ကျနော်သိရတာ အမှန်ဆို ကျနော့်ဖုန်းကိုပဲခေါ်သင့်တာမဟုတ်ဘူးလား ဘာလို့ သူမဖုန်းကိုဆက်ခဲ့လဲ ထားပါ ဒါတွေ နပ်စ်မတွေက ဘယ်သိပါ့မလဲ …နယူးရဲ့ ဖုန်းထဲမှာ သူမကို
မမှတ်ထားသင့်ဘူး ကျနော် မကြိုက်မှန်းသိရဲ့နဲ့
ဟောကြည့်!!ကျနော်က လောကကြီးမှာ မရှိတော့တဲ့ လူကို သဝန်တွေတိုနေပြန်ပြီ,,,,

Misfortune Where stories live. Discover now