Bad luck is coming to 💔
ကျနော် ဝန်ခံပါတယ် …ကျနော် ခနတာယစ်မူးသွားတယ်
ကောင်လေးတစ်ယောက်ကိုချစ်နေပြီး ကောင်လေး
တစ်ယောက်နဲ့ လက်ထပ်ထားတယ်ဆိုပေမဲ့ ကျနော်လဲ
ယောကျာ်းလေးတစ်ယောက်ပဲလေ …မိန်းမလှလေး
တစ်ယောက်ရဲ့ဆွဲဆောင်မှု့အောက်မှာ ခနတာ ပျော်ဝင်
မိသွားပါတယ် …တကယ်ဆို မဖြစ်သင့်ဘူး
တစ်ခါတစ်လေ ကျနော်လဲ ကျနော့်ကိုယ် ကျနော်တောင်
မသိဘူး …ကျနော် သတိဝင်လာတာနဲ့ သူမကို
တွန်းဖယ်လိုက်တယ်… သူမက သူမရဲ့ ညှို့မျက်ဝန်းတွေသုံးပြီး ကျနော့်ကို တစ်ဖန်ပြန်ပြီးဖက်တွယ်လာတယ်…"တော်တော့!!မင်းသွားသင့်ပြီ"
"နှုတ်ဆက်အနမ်းက လူကိုမသေစေပါဘူး တဝမ်ရဲ့ !!
တဝမ်လဲ Babe ကိုချစ်နေသေးတယ်မလား""မင်း သွားတော့ !!"
"ကောင်လေးတစ်ယောက်က တဝမ်ကို ဘယ်လိုများစိတ်
ကျေနပ်မှု့ပေးနိုင်မှာလဲ !!bae ဆီပြန်လာခဲ့လေ ""ထွက်သွားတော့လို့ ငါပြောနေတယ်လေ"
ကျနော် အော်လိုက်တော့ သူမလန့်သွားတယ်ထင်တယ်
"သွားဆို သွားပါ့မယ် ပျော်ရွှင်ပါစေနော်"
သူမရဲ့ အောင်နိုင်သူလို အပြုံးတစ်ခုက ကျနော့်ကိုလှော်ရီ
နေသလို…တိတ်ဆိတ်နေတဲ့အခန်းထဲမှာ စီးချက်
မှန်မှန်ထွက်ပေါ် နေတဲ့နာရီလက်တံရဲ့ ပြေးနေသံက
ဘာလို့မှန်းမသိ ကျနော့်စိတ်ကို ခြောက်ခြားစေတယ် !
ရင်ဘတ်တစ်ခုလုံးလေးလံနေသလို ခံစားရလို့
အခန်းအပြင်ထွက်လိုက်တော့ လှေကားထိပ်မှာ
ပြုတ်ကျနေတဲ့မုန့်ထုတ်တွေကြောင့် ကျနော့်ကိုယ်ထဲ
က သွေးတွေနောက်ပြန်စီးသွားသလိုပဲ …
ကျနော်အိမ်အောက်ထပ်ကိုအမြန်ပြေးဆင်းပြီး"Mae နယူး သူ သူ အိမ်ပြန်လာသေးလားဟင်"
Mae မျက်နှာမကောင်း !ကျနော့်ရင်ဘတ်တစ်ခုလုံး
ပူလောင်လာတယ် Mae ရဲ့အဖြေမကြားရခင် ကျနော်
ရဲ့အာခေါင်တွေခြောက်ကပ်လာပြီး ကျနော့် ရင်ဘတ်
တစ်ခုလုံး ပူနေခဲ့တယ်…မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့လို့
စိတ်ထဲက အကြိမ်ကြိမ်အော်ဟစ်နေပေမဲ့…
YOU ARE READING
Misfortune
Short StoryTay ရဲ့အပြုံးတွေကိုအသက်ဝင်လာအောင် New ဆိုတဲ့ကောင် လေးကို ဖန်တီးပေးခဲ့တယ် အဲ့ဒီအပြုးံတွေကိုအသက်မဲ့သွားစေ ခဲ့တာကလေ New ပဲဖြစ်နေခဲ့တယ် ...မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက ကောင်လေးနှစ်ယောက်ကိုဝေးကွာစေခဲ့ပြီးပြီ ဒါဆိုနောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းစေခဲ့တာက ကံတရာ...