Part 3 [Book Edition]

16.9K 1.6K 24
                                    

Unicode

Jeon ထိုနေ့ကတွေ့ခဲ့သောမျက်ဝန်းပြာပိုင်ရှင်ကိုအမျိုးမျိုးပုံဖော်ကြည့်သည်။ သို့သော်စိတ်တိုင်းမကျ။ သူပုံဖော်တာထပ် ပြည့်စုံနေမယ့်သူမျိုး။

"ကျစ် !!! ငါမင်းမျက်နှာကိုဘယ်လိုလုပ်ရင် တွေ့ခွင့်ရနိုင်မလဲ Victory"

ထိုနေ့ည ပါတီကပြန်လာကတည်းကသူစိတ်အလိုမကျမှုများစုပုံနေတာ။ ခါးသိမ်သိမ်ကိုပွေ့ဖက်ကာ ထွက်သွားတဲ့သူကိုလည်း သူမကျေနပ်နေပြန်ဘူး။

"မင်းဘေးကလူနဲ့ကရောဘယ်လိုပက်သတ်မှုလဲ Victory"

"ဟာကွာ"

ဝုန်း.....ခွမ်း!!!

စားပွဲပေါ်ရှိပစ္စည်းများကိုအကုန်တွန်းချလိုက်မိသည်။ မျက်နှာပုံတစ်ပုံတစ်လေများရှိမလားသူရှာကြည့်သည်။ သို့သော်တစ်ပုံမျှတောင်မတွေ့။ တအားလျှို့ဝှက်လွန်းနေတာမဟုတ်ဘူးလား။

"Victory မင်းက drug တစ်ခုလိုပဲ...နေမြင့်လေအရူးရင့်လေ ဖြစ်အောင်မင်းလုပ်နိုင်တယ်.."

တစ်ခုခုလိုချင်လာပြီဆိုလျှင်မရမချင်း စိတ္တဇဆန်တတ်သည့်သူ့အကျင့်က သေလောက်အောင်နှိပ်စက်နေသည်။
စိတ်ကိုအတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်ထားပါသော်လည်း မတညိငြိမ်နိုင်။ ခါးကိုပွေ့ဖက်ကာထွက်သွားတဲ့ပုံရိပ်ကြောင့် ထိုလူသားကိုမည်ကဲ့သို့ သူ့အပိုင်အဖြစ်သိမ်းပိုက်ရမည်ကိုသာတွေးတောနေမိတော့သည်။
.
TaeHyung မှာ လက်ခံထားသည့်အလုပ်များကိုအပြီးသတ်ပြီးနောက် ကော်ဖီပူပူလေးသောက်ရင်း အနားယူချင်တာမလို့ အပြင်သို့တစ်ယောက်တည်းထွက်လာခဲ့မိလိုက်သည်။

သူထိုင်နေကျကော်ဖီဆိုင်လေးထဲသို့ရောက်လာပြွး သောက်နေကျ Americanoလေးကိုမှာသည်။ ထောင့်ကျသောနေရာလေးကတော့ သူ့အပိုင်နေရာလေးလိုတောင်ဖြစ်နေတော့သည်။

သူဒီဆိုင်လေးကိုအလွန်ပဲသဘောကျသည်။ အလုပ်များလုပ်လို့စိတ်ဖိစီးလာတိုင်းဒီဆိုင်လေးကိုအမြဲလာဖြစ်သည်။ စိတ်အပမ်းဖြေနိုင်တဲ့လှိုင်းလေးတစ်ခုက ဒီဆိုင်လေးမှာရှိနေသလိုမျိုး။ မီးရောင်ပျပျလေးထွန်းထားပြီး သံစဉ်ငြိမ့်ငြိမ့်လေးတွေဖွင့်တတ်တဲ့ဒီဆိုင်လေးမှာသူသဘောအကျဆုံးသောဆိုင်လေးပင်။

Taeholic 🅙🅔🅞🅝 [Completed]Where stories live. Discover now