Part 5 [Book Edition]

17.2K 1.6K 113
                                    

Unicode

မီးရောင်ပျပျသာဖွင့်ထားသောအခန်းထဲတွင်ထိုင်ကာ နံရံတွင်ချိတ်ဆွဲထားသောပုံများကိုထိုင်ကြည့်နေမိသည်။ ပိုစ့်မျိုးစုံပေးထားတဲ့ ပုံလေးတွေမှာ ရယ်၍တစ်မျိုး၊ တည်၍ တစ်ဖုံနဲ့ အလွန်ကိုချစ်စရာကောင်းနေတာ။

"မင်းမကြာခင်ကိုယ့်နားရောက်လာတော့မှာ Babe ရဲ့"

ခပ်ဖွဖွရေရွတ်ရင်း ဘေးတွင်ချထားသောပြာခွက်ထဲသို့ဆေးလိပ်ကိုထိုးထည့်လိုက်သည်။ Contact တစ်ခုသို့ဆက်သွယ်တော့ တစ်ဖက်ကနှစ်လိုဖွယ်ကောင်းတဲ့အသံကထွက်ပေါ်လာသည်။

"Hello Joon...."

"Wow,  Jeon ဖုန်းတွေဘာတွေဆက်လို့ပါလား"

"ငါမင်းကိုအလုပ်ပေးစရာရှိလို့"

"For what"

"........မိဘမဲ့ဂေဟာကို ငါကိုယ်တိုင်သွားလှုမယ်...မင်းအဆင်သင့်လုပ်ထားပေး..."

"Ok, Jeon"

Joon ဆိုသည်ကသူရဲ့ ဖော်ရှိုးလုပ်ငန်းများကိုသူမရှိသည့်အချိန်တွင်လုပ်ကိုင်ပေးသောသူပင်။ အခုလည်းသူကုမ္မဏီကိုမသွားဖြစ်သည့်တစ်လျှောက်လုံး Joon ပဲလုပ်ကိုင်ပေးနေခဲ့တာ။ အလွန်ထက်မြက်လှသည့်လူစားပဲမို့ အကုန်လွှဲအပ်လို့ရသည်။ သူ့ကုမ္မဏီကိုအကူလုပ်ကိုင်ပေးနေလို့တော့အထင်တော့မသေးလိုက်လေနဲ့။ သူ့လိုပင်လူမသိသူမသိလှုပ်ရှားနေသောအရာများ Joon နောက်ကွယ်တွင် များစွာရှိလေသည်။

3J...Jeon, J,  Joon နာမည်ကြားကြသည်နှင့်ဝေးဝေးကရှောင်ကြတာများသည်။ ရက်စက်ပုံချင်း တစ်ယောက်တစ်မျိုးစီ ပိုင်ဆိုင်ထားကြတဲ့ သူတို့က နတ်ဆိုးတွေလို့တောင် တင်စားခံထားရတဲ့အထိ။

ညှိမိသွားရင် ဒီနတ်ဆိုးတွေအတွက် ယစ်ပူဇော်ခံရတဲ့သူဟာ ကိုယ်ကိုယ်တိုင်ဖြစ်သွားမှာမလို့ပင်။

🍷🍷🍷

ဒီနေ့သူကုမ္ပဏီသို့ပြန်သွားရမှာဖြစ်လို့ ခဲနက်ရောင် suit ကိုသေချာစွာဝတ်လိုက်ပြီး Rolex နာရီကိုသေချာပတ်ကာ ထွက်လာခဲ့လိုက်သည်။ သပ်ရပ်စွာဘေးသို့ခွဲထားသောဆံသားနက်နက်တို့နဲ့သူ့ပုံစံဟာ လူတွေသတ်မှတ်ထားတဲ့ လူကြီးလူကောင်းပုံစံမျိုး။

Taeholic 🅙🅔🅞🅝 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ