E X T R A

24.7K 1.5K 118
                                    

Unicode

ကိစ္စတော်တော်များများဟာဖြစ်ပျက်သွားပြီးတဲ့နောက်မှာတော့ အရာရာဟာသူ့ဟာလေးနဲ့သူ အဆင်ပြေပြေရှိလာသည်။ Jeon ကတော့အမြဲတမ်း အလုပ်တွေများလျက်နဲ့ပဲပေါ့။

"Jeon...ဒီနေ့ကဘာနေ့လဲ"

"Amm...ဒီနေ့က April 5 ရက်နေ့လေ Bae"

"အဲ့တာတော့ Jeon ပြောမှလား"

နှုတ်ခမ်းလေးစူကာမျက်နှာလေးညှိုးကျသွားသောကလေးငယ်ကိုစချင်စိတ်နှင့် တမင်မသိချင်ယောင်ဆောင်ကာငြိမ်နေလိုက်မိသည်။ သူမသိပဲနေမလား ဒီနေ့က သူတို့ anniversary date လေ။

"Tae...ကိုယ်အပြင်သွားစရာရှိလို့...တစ်ယောက်တည်းဖြစ်တယ်မလား...မိုးတော့ချုပ်မယ်"

"Imm သွားလေ Jeon...ရပါတယ်"

ဝေ့တက်လာသောမျက်ရည်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ အဆင်ပြေကြောင်းပြောနေသောကလေးငယ်မှာ
သေချာပါသည်....စိတ်မကောင်းဖြစ်သွားပြီဆိုတာ။

သူ့ရဲ့ကလေးငယ်ကအမြဲအဲ့လိုပင်။ဘယ်လောက်ဝမ်း နည်းနည်းထုတ်မပြောပဲကြိတ်ခံစားတတ်တဲ့သူမျိုး။

"အဲ့တာဆို ကိုယ်သွားဦးမယ်နော်"

Jeon ကလေးငယ်၏ပါးပြင်လေးကိုမွှေးကြူကာ ထွက်လာခဲ့လိုက်သည်။

ထွက်သွားပြီဖြစ်သော Jeon ရဲ့ကျောပြင်အားငေးကြည့်နေမိကာ မျက်ရည်များကစီးကျလာသည်။ ဒီနေ့က Tae တို့မင်္ဂလာနှစ်ပတ်လည်နေ့လေ Jeon ရယ်။

"မေ့ပစ်ရက်တယ်နော်"

🍷🍷🍷

ဒီနေ့ကသူနှင့် Bae ၏မင်္ဂလာနှစ်ပတ်လည်နေ့မှန်း သူသိပါသည်။ သို့သော်လည်း ကလေးငယ်ကို surprise လုပ်ချင်သောကြောင့်မသိချင်ယောင်ဆောင်ကာနေမိတာ။

"ညမှ သေချာပြန်ချော့ရမယ်"

Jeon ပိုင်သော Hotel ၏ private room တွင် Jeon ကိုယ်တိုင်အလှဆင်နေရင်း မနက်ကစူပုတ်ပုတ်ဖြစ်သွားတဲ့မျက်နှာလေးကိုပြန်မြင်ယောင်ကာ အသည်းတယားယားကိုပြုံးမိတာ။ စိတ်မကောင်းဖြစ်သွားတာမြင်တော့လည်း သူပါစိတ်မကောင်းပြန်ဘူး။

အလုပ်ကိုလည်းအမုန်လုပ်နေရတာလို့ အသည်းပုံပူပေါင်းလေးများကိုလေထိုးလိုက် အခန်းတွင်းချိတ်ဆွဲလိုက်နှင့်တစ်ယောက်တည်းအလုပ်ရှုပ်နေရသည်။

Taeholic 🅙🅔🅞🅝 [Completed]Où les histoires vivent. Découvrez maintenant