Part 13 [Book Edition]

16.9K 1.4K 80
                                    

Unicode

Jeon ယနေ့ J နှင့် Joon တို့နှင့်ချိန်းထားသည့်နေရာသို့သွားရန်ပြင်ဆင်နေတုန်း အခန်းထဲဝင်လာသော ကလေးငယ်သူ့ကိုမြင်တော့ ဘယ်ကိုသွားဖို့လဲမေးလာသည်။

"Jeon ဘယ်သွားမလို့လဲ"

"ကိုယ် သွားစရာလေးတစ်ခုရှိလို့ Bae"

"ဪ အင်းပါ"

"ကိုယ်ဘာဝယ်လာခဲ့ပေးရမလဲ...Bae စားချင်တာမှာ လိုက်လေ"

"တော်ပါပြီ...ရေခဲသေတ္တာထဲမှာလည်းအများကြီးရှိသေးတယ်"

"ဟုတ်ပါပြီ Baeရယ်...အဲ့တာဆိုကိုယ်သွားလိုက်ဦးမယ်"

TaeHyung ကိုနှုတ်ဆက်ပြီးထွက်သွားသော Jeon မှာ
အခန်းပြင်ရောက်သွားပြီးမှပြန်ဝင်လာပြီး ပါးလေးကိုနမ်းပြီးမှပြန်ထွက်သွားလေသည်။

ထိုအပြုအမူလေးကို Tae ကျေကျေနပ်နပ်လေးတော့ပြုံးမိသည်။ ဒါပေမယ့် ခင်ဗျားရယ်...ဘယ်သွားမလဲတောင်မပြောတာတော့ သိပ်လျှို့ဝှက်မနေလွန်းဘူးလား။

🍷🍷🍷

ချိန်းထားသည့်နေရာသို့ရောက်သွားချိန်မှာ ရောက်နှင့်နေကြပြီဖြစ်သော J တို့နှစ်ယောက်က အဆင်သင့်ပဲ။

"J ငါပြောထားတဲ့ကိစ္စ ဘယ်ချိန်ပြီးမလဲ"

"အားခြင်းဆောက်နေတယ် Jeon...ရှေ့လဝက်လောက်ဆိုပြီးမယ်"

"ok ကောင်းတယ် J"

"ဒါနဲ့ ဘာအတွက်ဆောက်ခိုင်းတာလဲ Jeon"

Joon ရဲ့အမေးကို သူချက်ချင်းအဖြေမပေးမိပါ။

"ငါ့မှာအစီစဉ်ရှိတယ် Joon...နောက်သိလာလိမ့်မယ်"

"ok လေ...မင်းကအစီစဉ်မရှိပဲဘာမှမလုပ်တာငါသိပါတယ်"

"ဒါနဲ့ Joon....JEON Company ကနေသတင်းတစ်ခုထုတ်လိုက်"

"ဘာသတင်းလဲ Jeon...ငါတော့အလုပ်များဦးမယ်ထင်တယ် Haha"

Joon ကတော့ သူပြောတာနဲ့ အလုပ်တွေများတတ်မှန်းသိနေပြီမလို့ ခပ်ဟဟရယ်ရင်းပြောလာသည်။

"လက်ထပ်ပွဲသတင်းကိုကြေငြာလိုက် Joon...ငါနဲ့ Bae ရဲ့လက်ထပ်ပွဲ"

"ဝိုး...ကိုယ့်လူ မြန်လှချည်လား ဂယက်အရမ်းထမှာ"

Taeholic 🅙🅔🅞🅝 [Completed]Opowieści tętniące życiem. Odkryj je teraz