Part 1 [Book Edition]

24.8K 1.9K 171
                                    

Unicode

"သတ်လိုက်တော့သူ့ကို"

အလင်းအသင့်အတင့်သာရှိသော အေးစက်စက်မြေအောက်ခန်းတစ်ခုမှ တုန်လှုပ်မှုအနည်းငယ်တောင်မပါဝင်တဲ့ အမိန့်ပေးသံတစ်ခုက ရက်စက်စွာထွက်ပေါ်လာသည်။

ထိုအမိန့်ပေးသံကို နာခံခြင်းရဲ့အဆုံးမှာ ထိုအမိန့်ပေးသူရဲ့မျက်စိရှေ့မှာပင်ရိုက်နက်ဆုံးမထားသောကြောင့် သွေးအလိမ်းလိမ်းနဲ့လဲကျနေသောသူမှ အသက်ချမ်းသာပေးရန်လက်ကျန်ခွန်အားနဲ့တောင်းဆိုနေသည်။

ရက်စက်ခြင်းကိုသရဖူဆောင်းသူဟာ သနားညှာတာမှုကိုထည့်သွင်းမစဉ်းစား။ ပြတ်သားခြင်းပါထပ်မံပြီးပါဝင်သေးတဲ့အခါ ထိုသနားစရာလူမှာ သေခြင်းတရားအပြင် တခြားသောရွေးချယ်စရာမရှိခဲ့ပါ။

သွေးအေးနဲ့ပဲအမိန့်ပေးသတ်ခိုင်းသူက အဘယ်သူဖြစ်နိုင်ပါသလဲ။ သစ္စာဖောက်တစ်ယောက်ကို ရှင်းလင်းပစ်ဖို့လည်း လက်တွန့်မနေ။ အခွင့်အရေးတွေပေးထားရက်သားနဲ့ ထိုအခွင့်အရေးတွေကနေသွေဖယ် တခြားတစ်ခုကိုမက်မောသူဟာ မိုက်ရူးရဲဆန်လွန်းတာထပ်ပိုတယ်လို့ပြောနိုင်တယ်။ Jeon ပေးတဲ့အခွင့်အရေးမျိုးတွေကို အဘယ်မှာများမြင်နိုင်မှာမလို့လဲလေ။

Jeon  လက်ထဲမှာတော့သစ္စာဖောက်တို့ရဲ့လားရာဟာ  သေလမ်းအပြင်‌ မရှိ။ အခွင့်အရေးအပြည့်ကိုပေးထားခဲ့ပြီးပြီမလို့ သစ္စွာရှိမလား ဒါမှမဟုတ်အသေခံမလား။ မင်းစိတ်နဲ့မင်းခန္ဓာမလို့ မင်းကြိုက်တဲ့လမ်းရွေးလို့ရတယ်ကိုယ့်လူ။

"ကုမ္မဏီကိုသွားမယ်"

"ဟုတ်ကဲ့ Boss ကားအဆင်သင့်ပါပဲ"

Jeon စံအိမ်ကြီးရဲ့မည်သူမှမသိသောမြေအောက်တစ်နေရာမှာလက်နက်အစုံရှိသည်။ ဆေးဝါးအစုံရှိသည်။Jeon ရဲ့သစ္စာတော်ခံလူများရှိသည်။ တစ်ဖန်ထိုနေရာသည်လည်း သစ္စာဖောက်များအားရှင်းပစ်သောနေရာဖြစ်ပြန်သည်။

မနှစ်မြို့ဖွယ်ကောင်းတဲ့ထိုအခန်းကြီးရဲ့အရှင်သခင်ဟာ အလင်းဆောင်တဲ့အခြမ်းမှာလည်း အရှင်သခင်တစ်ပါးဖြစ်နေပြန်ပါရော။

Taeholic 🅙🅔🅞🅝 [Completed]Où les histoires vivent. Découvrez maintenant