Part 6 [Book Edition]

15.7K 1.5K 66
                                    

Unicode

ဂေဟာတွင်တွေ့ခဲ့သော CEO Jeon အကြောင်းကို Tae Hyung ပြန်ပြီးစဉ်းစားနေမိသည်။ မနေ့ကအနီးကပ်ကြည့်မိတော့ ထိုမျက်ဝန်းများကအတော်ပင်တူနေပြန် သည်။ စကားပြောတာရည်ရည်မွန်မွန်ပါပဲ။ သူ့လိုလူတစ်ယောက်က အဲ့ဒါမျိုးတွေကိုလုပ်မှာတဲ့လား။

ပြီးတော့ သူက သူ့ကို Victory မှန်းသိမှာတဲ့လား။ Kim Tae Hyung ရေရူးနေပြီပဲ။ သူကဘယ်လိုလူမလို့လဲ။စဉ်းစားရင်းစဉ်းစားရင်းအတွေးများကသေချာဝေခွဲမရတော့။ ခင်ဗျားက စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

🍷🍷🍷

Jeon အခုလည်းထိုလူသားလေးနောက်လိုက်ရန်စောင့်နေမိခြင်းပင်။ ကုမ္ပဏီကိစ္စများကိုတော့ Joon ကိုပြန်လွှဲခဲ့လိုက်သည်။

ထိုလူသားလေးမှာကိုယ်ရံတော်တစ်ယောက်နှင့်နေရာစုံသို့သွားမြဲသွားဆဲ။ အခုလည်းထိုကိုယ်ရံတော်နှင့်ဘယ်သွားဦးမည်မသိ။

"ကျစ် ရှုပ်လိုက်တာ..."

Jeon စိတ်အလိုမကျမှုပေါင်းများစွာနှင့်စုတ်တစ်ချက်သက်မိသည်။

"မင်းကိုလည်းရှင်းပစ်ရမယ်......"

ဘယ်သူ့ဘယ်သူ့ကိုမှ သူ့ Babe အနားမမြင်ချင်တော့။ အခုကိစ္စကိုလည်း Joon ကိုပဲ ရှင်းခိုင်းရဦးမည်။

"Hello Joon...အခု Victory ကိုစောင့်ရှောက်နေတဲ့သူကိုရှင်းပစ်လိုက်"

"Oh...ဘာလို့လဲ Jeon"

ဖုန်းကိုင်ကိုင်ချင်း လူတစ်ယောက်ကိုရှင်းခိုင်းလာသည်မလို့ အနည်းငယ်တော့ အံ့ဩသွားမိတာတော့အမှန်။

"ရှုပ်တယ်....ငါမမြင်ချင်ဘူး....နောက်ထပ်ဘယ်သူမှမငှါးနိုင်အောင်လည်တစ်ခါတည်းလုပ်လိုက်"

"Ok Jeon..."

အချစ်ဆိပ်တက်နေတဲ့ သူ့ကောင်ကြီးကိုကြည့်ရင်း Joon ပြုံးနေမိတော့သည်။ မပိုင်ဆိုင်သေးခင်ကတည်းက ဒီလိုတွေလုပ်နေတာကိုသိရင် စိတ်တွေကျဉ်းကြပ်ကုန်ပါဦးမယ် Jeon ရေလို့ပြောပြချင်မိတာ။ ပြောလည်းမရမှန်းသိတာမလို့ ပြောတော့မပြောဖြစ်ခဲ့ဘူး။ JeonJungKook ဆိုတာ အာဏာဆန်တဲ့လူမျိုးလေ။

Taeholic 🅙🅔🅞🅝 [Completed]Où les histoires vivent. Découvrez maintenant